၁၁+၁ လပေးစနစ်ဖြင့် ရွှေထည်များ ရောင်းချ

၁၁+၁ လပေးစနစ်ဖြင့် ရွှေထည်များ ရောင်းချ

ရွှေဈေး မြင့်မားနေတဲ့အတွက် လက်ဝတ်ရတနာ ရွှေထည်ကို တစ်လုံးတစ်ခဲတည်း ပေးချေပြီး

ဝယ်ယူဖို့ဆိုတာ အခက်အခဲ တစ်ခု ဖြစ်နေစေတယ်။ ဒီတော့ ရွှေဝယ်ချင်တဲ့သူတွေ အဆင်ပြေစေဖို့ ရွှေထည်တွေကို အရစ်ကျစနစ်ဖြင့် ပေးချေတဲ့စနစ်ကို ရွှေဆိုင်တွေစတင်သုံးစွဲလာကြတာကို အိန္ဒိယရွှေဈေးကွက်မှာ တွေ့မြင်ကြရတယ်။ 

လစဉ် ပုံသေသတ်မှတ်ထားတဲ့ ပမာဏအတိုင်း ပေးချေသွားပြီး တစ်နှစ်ပြည့်တဲ့အခါ အကြွေးကျေသွားမယ့် အရစ်ကျ အစီအစဉ် ဖြစ်ပြီး ၁၁+၁ လပေးစနစ် လို့ ခေါ်ကြတယ်။ 

 

အိန္ဒိယအမျိုးသမီးများ ရွှေကိုချစ်ကြတာ သာပါတယ်။ လက်ခ၊ အလျော့တွက်၊ အမြတ် စတာတွေကြောင့် ကုန်ကျစရိတ်များလွန်းခြင်းနှင့် အပိုကုန်ကျမှုများကြောင့် ရွှေထည်လက်ဝတ်ရတနာပုံစံကို ရင်းနှီးမြှုပ်နှံမှုအဖြစ်မယူမှတ်သင့်ကြောင်း ကျွမ်းကျင်သူများကရှင်းပြသော်လည်း အိန္ဒိယအမျိုးသမီးများသည်ရွှေကို လက်ဝတ်ရတနာအဖြစ် ဂုဏ်ယူစွာ ဝတ်ဆင်လိုကြတယ်။ ကူးစက်ရောဂါကြောင့် မကြာသေးမီလများအတွင်းက အခေါက်ရွှေကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူကြတာတွေ များလို့ ရွှေဈေးတက်တာမို့ ရွှေ လက်ဝတ်ရတနာတွေလည်း ဈေးမြင့်ကုန်တယ်။ 

အိန္ဒိယရွှေဈေးမှာ သတ္တုအဝါရောင်သည် ပြီးခဲ့သည့်လက စံချိန်အမြင့်ဆုံးရူပီ ၅၆,၂၀၀ အထိ တက်သွားခဲ့တယ်။ ဈေးနှုန်းမြင့်မားခြင်းကြောင့် ရွှေထည် တစ်ခါဝယ်လိုက်ရင် ပိုက်ဆံအိတ်ထဲ တက်တက်ပြောင်သွားနိုင်တယ်။ ဒီတော့ ရွှေထည်လက်ဝတ်ရတနာ ဝယ်ချင်တဲ့သူတွေကို လပေးစနစ်တဲ့ ရောင်းချတဲ့ အစီအစဉ်တွေကို ရွှေဆိုင်တွေက ကမ်းလှမ်းကြတာ ဖြစ်ပါတယ်။ ၁၂ လ ပြည့်ရင် ပေးစရာအကုန် ပေးပြီးသားဖြစ်မယ်။

 

စဝယ်တဲ့ လမှ စလို့ လစဉ်မှန်မှန် ပေးသွားလိုက်တာ ၁၁ လ ပြည့်တဲ့အခါ ရွှေဆိုင်က ဆုကြေးအဖြစ် ပေးစရာကျန်တဲ့ တစ်လစာကို လျော်ပေးလိုက်တယ်။ ဒီတော့ ၁၁ လ မှန်မှန်ပေးရင် ကြွေးဆပ်တဲ့တာဝန် ကျေပွန်တာအတွက် ၁ လစာ ဆုကြေးရတဲ့အစီအစဉ်ဖြစ်လို့ ၁၁+၁ လပေးစနစ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

 

Tanishq Golden Harvest ရွှေထည်လုပ်ငန်းရဲ့ အရစ်ကျလပေးစနစ်ကို နမူနာအဖြစ် ဖော်ပြပေးလိုပါတယ်။

ရွှေထည်ဝယ်ယူသူတွေအတွက် လစဉ်အရစ်ကျပေးချေဖို့ အစီအစဉ်တွေ ထားရှိပေးတာမှာ အနည်းဆုံး တစ်လ ရူပီ ၂၀၀၀ မှ စပါတယ်။ ရွှေဆိုင်မှာ ငွေသားဖြင့် လစဉ်လာပေးသွင်းလို့ ရတဲ့အပြင် အွန်လိုင်းဝက်ဘ်ဆိုင်မှတစ်ဆင့်  ပေးသွင်းလို့လည်း ရပါတယ်။ ကိုဗစ်ကာလဖြစ်လို့ အပြင်ထွက် အသွားအလာ မလုပ်လိုသူတွေအဖို့ အဆင်ပြေစေပါတယ်။ Tanishq Golden Harvest ရွှေလုပ်ငန်းရဲ့ မိုဘိုင်းအက်ပ်ကနေလည်း ငွေပေးသွင်းလို့ ရပါတယ်။  သုံးလေးလ မှန်မှန် ပေးချေပြီးချိန်မှာ ကျန်တဲ့ငွေကို တစ်လုံးတစ်ခဲတည်း တစ်ကြိမ်တည်းဖြင့် အပြတ်ပေးချေမယ်ဆိုရင် လျှော့ဈေး ခံစားခွင့် ပေးထားပါတယ်။

 

အခုလို ရွှေထည်လက်ဝတ်ရတနာတွေကို လပေးဖြင့် ရောင်းချတာဟာ ကိုဗစ်ကာလမှာ ပေါ်ပေါက်လာတဲ့ အပြောင်းအရွေ့တစ်ခု ဖြစ်ပြီး နောက်နောင်လည်း ရေရှည် တည်တံ့သွားလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

 

Sandy

Source: mint

Read times
Rate this item
(0 votes)