ဗဟိုဘဏ်များ၏ ရွှေအရောင်းအဝယ်များ များပြား

ဗဟိုဘဏ်များ၏ ရွှေအရောင်းအဝယ်များ များပြား

 ဗဟိုဘဏ်များ၏ ရွှေအရောင်းအဝယ်များ များပြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 ဗဟိုဘဏ်များသည်  အသားတင်ဝယ်ယူမှုဖြင့် ရွှေကို ၁၁ လဆက်တိုက် ဆက်လက်ဝယ်ယူနေပါသည်။

ဗဟိုဘဏ်က ရွှေဝယ်ယူမှု လျော့ကျသွားမည့်  လက္ခဏာ မရှိပါ။

*

တူရကီသည် ငွေကြေးဖောင်းပွမှုကို တွန်းလှန်နေပြီး ၎င်း၏ဗဟိုဘဏ်သည် ၁၅ လတာ ဆက်တိုက် ရွှေအများဆုံးဝယ်ယူသူ ဖြစ်ခဲ့ပါသည်။

*

ဖေဖော်ဝါရီလတွင် ကမ္ဘာ့ရွှေကောင်စီ၏ နောက်ဆုံးအချက်အလက်များအရ ဗဟိုဘဏ်များ၏ အရန်ရွှေ ပမာဏ နောက်ထပ် ၅၂ တန် မြင့်တက်လာခဲ့သည်။

*

ဗဟိုဘဏ်များ၏ အသားတင်ရွှေဝယ်ယူမှု ၁၁ လ  ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း ဗဟိုဘဏ်များ၏ အသားတင်ရွှေဝယ်ယူမှု သည် ၁၂၅ တန်ရှိခဲ့သည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အများဆုံး စံချိန်ဖြစ်သည်။

*

ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး ဝယ်ယူသူ ဖြစ်သည်။ တရုတ်နိုင်ငံ ဗဟိုဘဏ် Peoples Bank of China PBOC က ရွှေ ၂၄.၉ တန် ဝယ်ယူခဲ့သည်။ PBOC ရွှေဝယ်သည်မှာ ၄ လ ဆက်တိုက် ရှိပြီ ဖြစ်ပြီး စုစုပေါင်း ၁၀၂ တန် ဝယ်ယူခဲ့သည်။

တရုတ်ဗဟိုဘဏ်သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရွှေ ၁၄၄၈ တန် စုဆောင်းခဲ့သည်။

ထို့နောက် ရွှေဝယ်ယူကြောင်း သတင်းထုတ်ပြန်ခြင်း မပြုဘဲ အသံတိတ်နေခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အစီရင်ခံမှု ပြန်လည်စတင်သည်။ တရုတ်ဗဟိုဘဏ်သည် အသံတိတ်နေသည့် နှစ်များတွင်လည်း ရွှေကို ဆက်လက်ဝယ်ယူနေသည်ဟု ယူဆကြသည်။

ထို့ပြင် တရားဝင် ထုတ်ပြန်ကြေညာသည့် ပမာဏထက် လက်ထဲရှိနေသည့် ရွှေပမာဏက အများကြီး ပိုများမည်ဟု ယူဆကြသည်။

State Administration for Foreign Exchange (SAFE) အဖွဲ့အစည်းထံတွင် ရွှေများ တန်ချိန် ထောင်ချီပြီး ရှိမည်ဟု တွက်ဆထားကြသည်။

ရွှေဝယ်ယူကြောင်း ပုံမှန် အစီရင်ခံခြင်း မပြုသည့် ဗဟိုဘဏ်များတွင် တရုတ်နှင့် ရုရှား ပါဝင်သည်။ တရုတ်ဗဟိုဘဏ်သည် အရန်ငွေအဖြစ် ကန်ဒေါ်လာအပေါ် တည်မှီခြင်းအစား ‌အရန်ရွှေအပေါ် တည်မီထားသည်။ 

 *

တူရကီဗဟိုဘဏ် Central Bank of Türkiye သည် ဖေဖော်ဝါရီလတွင် ရွှေသိုလှောင်မှုတွင် နောက်ထပ်ရွှေ ၂၂.၅ တန် ထပ်ထည့်ခဲ့သည်။ ၂၀၂၂ တွင် ရွှေအများဆုံး ဝယ်သည့် ဗဟိုဘဏ် ဖြစ်သည်။ လစဉ်လတိုင်း ရွှေဝယ်နေသည်မှာ ၁၅ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

ကုန်ဈေးနှုန်းဖောင်းပွမှုသည် ယမန်နှစ်က ၈၅% အထိ အရှိန်မြှင့်ခဲ့ပြီး ဒီဇင်ဘာလတွင် ၆၄% ရှိခဲ့သည်။တူရကီသုံး‌ေငွ လီရာသည် ယမန်နှစ်က ၃၀% နီးပါးတန်ဖိုးကျဆင်းခဲ့သည်။

ရွှေစျေးသည် လီရာဖြင့် ဝယ်လျှင် တစ်နှစ်တာတွင် ၄၀% မြင့်တက်ခဲ့ကြောင်း Bloomberg က ဆိုသည်။  ငလျက်ဒဏ် အကြီးအကျယ်ခံ ထားရသော်လည်း ဗဟိုဘဏ်သည် ရွှေဝယ်နေဆဲ ဖြစ်သည်။

*

အိန္ဒိယ ဗဟိုဘဏ် Reserve Bank of India  RBI သည် ဖေဖော်ဝါရီလတွင် ရွှေ ၂.၈ တန် ဝယ်ယူဖြည့်တင်းခဲ့သည်။ နိုင်ငံတွင်း ရွှေရှိသည့်ပမာဏ နဝမ အများဆုံးနိုင်ငံ ဖြစ်သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ရွှေဝယ်ယူခြင်း ပြန်လည်စတင်ခဲ့ပြီး အိန္ဒိယဗဟိုဘဏ်သည် ရွှေတန်ချိန် ၂၀၀ ကျော်ကို ၀ယ်ယူခဲ့သည်။

၂၀၂၀ ခုနှစ် ဩဂုတ်လတွင် RBI သည် ၎င်း၏ အရန်ရွှေများကို သိသိသာသာ မြှင့်တင်ရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ RBI တွင် ယခုအခါ ရွှေတန်ချိန် ၇၉၀ ရှိသည်။

*

စင်ကာပူသည် ဇန်နဝါရီလတွင် ရွှေအရန်ပမာဏ ၄၄.၆ တန် တိုးလာပြီးနောက် ဖေဖော်ဝါရီလတွင် နောက်ထပ် ၆.၈ တန် ဆက်လက်ဝယ်ယူခဲ့သည်။

 *

 ဥဇဘက်ကစ္စတန် ဗဟိုဘဏ် Central Bank of Uzbekistan သည် သုံးလဆက်တိုက် ရွှေများ ရောင်းချခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင်  ရွှေ ၈ တန် ဝယ်ထည့်ခဲ့သည်။

 *

ဖေဖော်ဝါရီလတွင် မက္ကဆီကိုက ရွှေ ၀.၃ တန် ဝယ်ယူခဲ့သည်။

*

ကာဇက်စတန် ဗဟိုဘဏ် သည် ဖေဖော်ဝါရီလတွင် ရွှေ ၁၃.၁ တန် ရောင်းချခဲ့သည်။ 

*

ဗဟိုဘဏ်တို့သည် ပြည်တွင်းထွက် ရွှေကိုလည်း ဝယ်ယူကြသည်။ ဥဇဘက်ကစ္စတန်နှင့် ကာဇက်စတန်တို့မှ ဗဟိုဘဏ်များသည် ပြည်တွင်းရွှေ ဝယ်ယူပြီး တစ်ခါတစ်ရံမှာ ကမ္ဘာ့ဈေးကွက်ထဲသို့ ရွှေ ရောင်းသည့်အခါ ရောင်းသည်။ 

 *

ရုရှား ဗဟိုဘဏ် Central Bank of Russia က အရန်ရွှေ ပမာဏကို နှစ်အတန်ကြာ ကာလအတွင်း ပထမဆုံးအကြိမ် ကြေညာသည်။ ၂၀၂၃ ဖေဖော်ဝါရီလကုန်တွင် အရန်ရွှေ ၂,၃၃၀ တန် ရှိသည်။

*

ကမ္ဘာ့ရွှေကောင်စီ World Gold Council WGC က ဗဟိုဘဏ်များသည် ၂၀၂၃ ခုနှစ်တွင် အသားတင်ရွှေဝယ်ယူမှုကို ဆက်လက်လုပ်ဆောင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 *

၂၀၂၂ ခုနှစ်တွင် ဗဟိုဘဏ်များမှ ရွှေဝယ်ယူမှု စုစုပေါင်းမှာ ၁,၁၃၆ တန်ဖြစ်သည်။ ၁၉၅၀ ခုနှစ်နောက်ပိုင်း စံချိန်တင် အသားတင်ဝယ်ယူမှု အမြင့်ဆုံးအဆင့်ဖြစ်သည်။ ဗဟိုဘဏ်များမှ ရွှေများကို အသားတင်ဝယ်ယူမှု ၁၃ နှစ်ဆက်တိုက်ရှိပြီ ဖြစ်သည်။

Source oilprice

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 08 April 2023 14:19
Rate this item
(0 votes)