တစ်ဖနီစိန် အကြောင်း သိကောင်းစရာ

တစ်ဖနီစိန် အကြောင်း သိကောင်းစရာ

 

တစ်ဖနီစိန် ( Tiffany Diamond ) သည် ရှားပါးအဝါဖျောဖျောအရောင်နဲ့

စိန်ပင်ဖြစ်သည်။မိန်းမလှများရဲ့ စိတ်ထဲတွင်ထိုအဆိုပါ စိန်ကို လွန်စွာမှ စိတ်ကူးယဉ်ကျတာတွေ့ရတယ်။

တစ်ဖနီ စိန် အကြောင်းကို ပြောရလျှင် ထိုစိတ်သည် ရှာဖွေတွေ့ရှိသမျှထဲတွင် အကြီးမားဆုံး စိန်ပင်ဖြစ်သည်။အဆိုပါ စိန်ကို တောင်အာဖရိကရှိ Kimberley mine ( ကင်ဘာလေ သတ္တုတွင်း ) တွင် ၁၈၇၈ ခုနှစ်က တွေ့ရှိခဲ့တာပါ။

ထိုတစ်ဖနီစိန်မှာ ယေဘုယျ ကာရက် အားဖြင့် ပြောရလျှင် ၂၈၇.၄၂ ကာရက် ရှိပြီး ဂရမ်အားဖြင့် ဆိုလျှင် ၅၇.၄၈၄ ဂရမ် ရှိတယ်လို့သိရပါတယ်။

ထိုစိန်တုံးကြီးမှာ တောက်ပမှု့မရှိ ဗျောင်ချော ကြီး ဖြစ်နေသဖြင့် အလင်းရိုက်ခါ တောက်ပမှုရှိစေရန် ၁၂၂.၅၄ ကာရက် ဂရမ်အားဖြင့်ဆိုသော် ၂၅.၁၀၈ ဂရမ် ဖြစ်အောင် စိန်ကို ဇောက်ဖျက်များဖြင့် လှပစွာ (ဖြတ်တောက်) သွေးထားကာ အရည်အသွေးတင်ထားခဲ့ပါတယ်တဲ့။

အဆိုပါ စိန်ကို သွေးထားသူမှာ အမေရိကန်မှ ကျောက်မျက်ရတနာ ပညာရှင် George Frederick Kunz ( ဂျော့ဖထရစ်ခွမ်း ) မှ သွေးထားတာဖြစ်ပြီး စိန်သွေးနည်းရိုးရာ စနစ်အရ ၈ ချက်ဖြတ် နှင့်သွေးထားတာတွေ့ရပါတယ်။

ရွှေ , စိန် နှင့် လက်ဝတ်ရတနာ သမိုင်းပညာရှင်
Herbert Tillander ( ဟားဘက် တီလင်ဒါ ) က ထိုစိန်၏ ဖြတ်တောက်သွေးထားခြင်းကို " တောက်ပ့ပြောင်မြောက်သော ဖြတ်တောက်ခြင်း " ဆိုကာ ဖော်ညွှန်းထားတာတွေ့ရပါတယ်။

Tiffany Diamond စိန်မျိုးအစစ်ကို အနုပညာသမားတွေထဲက နောက်ဆုံး ဆင်မြန်းခဲ့သူကတော့ Audrey Hepburn ပါ။Audrey ဟာ ၁၉၆၁ မှာ သူမရဲ့ breakfast at tiffany's ဇာတ်ကားမှာဝတ်ဆင်ခဲ့တာပါ။

Lady Gaga ဟာ ပြီးခဲ့တဲ့ နှစ် အော်စကာဆုပေးပွဲမှာ ဝတ်လာတာကတော့ သန်း ၃၀ ကျော်တန်ဖိုးရှိ အဖိုးတန် Tiffany Diamond ဘယက်သူမဝတ်ဆင်လာခဲ့ပါတယ်။

Gaga ကတော့ သူမလည်ဆွဲ ဒီဇိုင်းက How to lose a guy in 10 days ဇာတ်ကားရဲ့ မင်းသမီး Kate Hudson ရဲ့ "isadora" လည်ဆွဲ ပုံစံပါ။

ကဲ ... လက်ဝတ်ရတနာ အဆောင်အယောင်တွေကို ကြိုက်တဲ့ မိန်းမလှလေးများလည်း ယခုဆိုရင် Tiffany Diamond ( တစ်ဖနီစိန် ) ကို စိတ်ကူးယဉ် လို့ရလောက်ရောပေါ့ အားလုံးပဲ ရွှေ၊ငွေ၊လက်ဝတ်ရတနာများ ပေါများကြပါစေ။

#Gold & Jewellery Buying Guide

 













Read times Last modified on Thursday, 09 April 2020 16:58
Rate this item
(0 votes)
Tagged under