ရင်းနှီးမြှုပ်နှံရန်အတွက် ရွှေဝယ်နည်း

ရင်းနှီးမြှုပ်နှံရန်အတွက် ရွှေဝယ်နည်း

အဘယ့်ကြောင့်ရွှေကို ရင်းနှီးမြှုပ်နှံရန်ဝယ်ယူကြသနည်း။

ရွှေကို တာရှည်လုံလုံခြုံခြုံသိမ်းထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းရရှိနိုင်သည်။ ရွှေသည် အစဉ်အမြဲ ၀ယ်လိုအားမြင့်နေသော ပစ္စည်းတစ်ခုဖြစ်သည်။ ရွှေသည် ငွေကြေးဖောင်းပွခြင်း၊ ငွေကြေးလျော့နည်းခြင်း၊ စတော့ ဈေးကွက်အားနည်းခြင်း သို့မဟုတ် ငွေကြေးပြဿနာများကို ကာကွယ်နိုင်စွမ်းရှိသည်။

ရွှေသည် အခြားသော ရင်းနှီး မြှုပ်နှံမှုများနှင့် နှိုင်းစာလျှင် ငွေပေါ်လွယ်မှု အမြင့်ဆုံး ပစ္စည်းတစ်ခုဖြစ်သည်။ အချိန်မရွေး ငွေကြေးအဖြစ် ပြန်လည် ပြောင်းလဲနိုင်သည်။ ခြွင်းချက်အနေဖြင့်မူ ရွှေရင်းနှီးမြှုပ်နှံမှုသည် အခြားသော တန်ဖိုးမြင့်မားသည့် ပစ္စည်းရင်းနှီးမြှုပ်နှံမှု များကဲ့သို့ မဟုတ်ပေ။

ရွှေရင်းနှီးမြှုပ်နှံမှုသည် ကုမ္ပဏီအတွင်းရှိ အခြားသော ရင်းနှီးမြှုပ်နှံမှုများနှင့်မတူဘဲ ၀င်ငွေရရှိမှု မရှိနိုင်ပါ။ ပုံမှန်ရရှိနေသော အစုအပေါ်အမြတ်အစွန်းရသကဲ့သို့ ရွှေက မရနိုင်ပေ။

စွန့်စားမှု

ရင်းနှီးမြှုပ်နှံရန် ငွေကြေးမရှိသောအခါတွင်သာလျှင် ရွှေသည် အဓိကကျသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ ရွှေရင်းနှီးမြှုပ်နှံမှု၏ နောက်ထပ် အပြစ်တစ်ခုမှာ ရွှေကို လုံခြုံစွာ မထားရှိလျှင် အခိုးခံရနိုင်ဖွယ်ရှိသော ပစ္စည်းတစ်ခု လည်းဖြစ်သည်။

ရွှေဈေးနှုန်းသည် အချိန်တိုအတွင်း အတက်အကျ အပြောင်းအလဲမြန်သည်။ အမြဲတမ်းရွှေဈေးတက်နေ သည်။ အကယ်၍ နားမလည်ဘဲ ရွှေရင်းနှီးမြှုပ်နှံမှုလုပ်ရန် ရွှေဝယ်သည့်အခါ အတုနှင့် မိသွားလျှင် သင့်ပိုက်ဆံအားလုံး ဆုံးရှုံးရဖွယ်ရှိသည်။

ရွှေရင်းနှီးမြှုပ်နှံမှုသည် ကောင်းသော ရင်းနှီးမြှုပ်နှံမှုဖြစ်သလော

ကမ္ဘာနှင့်အ၀ှမ်း ရွှေဈေးသည် တိုးတက်မြင့်မားလျှက်ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ကြောက်ရွံ့ဖွယ်ကောင်းသော အခြေခံအကြောင်းအရင်းနှင့် ချစ်ခင်ဖွယ်ကောင်းသော အခြေခံအကြောင်းအရင်းတို့ကြောင့်ဖြစ်သည်။

ကြောက်ရွံ့ဖွယ်ကောင်းသော အခြေခံအကြောင်းအရင်းဆိုသည်မှာ မကြာသေးခင်က ကမ္ဘာနှင့်အ၀ှမ်း စီးပွားရေးကပ် ဆိုက်ရောက်လာသောကြောင့် ရင်းနှီးမြှုပ်နှံမှုများ ကောင်းစွာအသက်မ၀င်တော့ဘဲ စီးပွားရေး လည်း ကမောက်ကမ ဖြစ်ရခြင်းဖြစ်သည်။ ချစ်ခင်ဖွယ်ကောင်းသော အခြေခံအကြောင်းအရင်း ဆိုသည်မှာ တရုတ်၊ အိန္ဒိယနှင့် အခြားသော ပူးပေါင်းဈေးကွက် များတွင် ရွှေနှင့်ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများ ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

ရွှေဈေးသည် ရောင်းလိုအားရွှေပေါ်တွင်လည်း မှီခိုနေသည်။ ရွှေထုတ်ကုန်ပစ္စည်းများတွင် လွန်ခဲ့သော နှစ်အနည်းငယ်မှစ၍ တည်ငြိမ်လာခဲ့ကြသည်။ သို့သော် ကမ္ဘာမြေကြီးမှ ရွှေများများထုတ်ယူလေ ရွှေဈေး ထိခိုက်လေဖြစ်သည်။

ဘယ်သောအခါ ရွှေဝယ်သင့်သလဲ

ရှေးဆိုရိုးစကားတစ်ခုရှိသည်။ ရွှေဝယ်ရန်အကောင်းဆုံးအချိန်မှာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသော အချိန်ဖြစ်သည်။ ဆိုလိုသည်မှာ စီးပွားရေး အခြေခိုင်နေပြီး ရွှေဈေးများလည်း မူယာမာယာများစွာ မတက်နေသော အချိန်ကို ဆိုလိုသည်။

မြန်မာနိုင်ငံတွင် ရွှေဈေးသည် တစ်ခါတစ်ရံ မုတ်သုံမိုးကြောင့် ရွှေသတ္တုမိုင်းများတွင် ရွှေထုတ်လုပ်မှု ရပ်ဆိုင်းနေရသော ကာလဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွှေကို ရင်းနှီးမြှုပ်နှံမှုအတွက် မည်သို့ စီမံဆောင်ရွက်မည်နည်း

မြန်မာနိုင်ငံတွင် သဘာဝရွှေ၊ များသောအားဖြင့် ရွှေတုံး၊ ရွှေခဲ၊ ရွှေချောင်းများ သို့မဟုတ် ရွှေလက်ဝတ်ရတနာများ စသည်တို့ကို ရင်းနှီးမြှုပ်နှံမှုအတွက် ၀ယ်လေ့ရှိကြသည်။ ရွှေတုံး၊ ရွှေခဲများကို ပုံသွင်း၍ သို့မဟုတ် သန့်စင်၍ အကြွေစေ့ များ၊ ရွှေချောင်းများနှင့် လက်ဝတ်ရတနာများ ပြုလုပ်ကြသည်။ အခြားနိုင်ငံများတွင် ရွှေကို နည်းမျိုးစုံဖြင့် ၀ယ်နိုင်သည်။

ဥပမာ ရွှေသတ္တုတွင်းများတွင် ဝေစုခွဲ၍၀ယ်ခြင်း၊ ရွှေများကိုသာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအနေဖြင့် စုဆောင်းထား သော   “ရွှေလဲလှယ်ရေးကုန်သွယ်မှုရန်ပုံငွေ” Gold Exchange Trade Funds တွင် ၀ယ်ယူခြင်းဖြင့်လည်း ကောင်း ရရှိနိုင်သည်။

         

ရွှေလက်ဝတ်ရတနာများနှင့် ရွှေတုံးများကို ၀ယ်ယူသင့်ပါသလား။

ရွှေကို ရင်းနှီးမြှုပ်နှံမှုအတွက် ၀ယ်ယူသောအခါ အောက်ပါကိစ္စများတွင် ဆုံးဖြတ်ရန်လိုအပ်သည်။ ဥပမာ ရွှေကိုအသုံးပြုလိုလျှင် (ရွှေလက်ဝတ်ရတနာ ၀ယ်လိုလျှင်) သို့မဟုတ် ရွှေသီးသန့် ရင်းနှီးမြှုပ်နှံလိုလျှင် (ရွှေချောင်းများဝယ်ခြင်း သို့မဟုတ် အကြွေစေ့များဝယ်ခြင်း)။

ရွှေချောင်းများနှင့် ရွှေအကြွေစေ့များ

ရွှေအကြွေစေ့များသည် များသောအားဖြင့် ရွှေချောင်းများထက် ဈေးပိုကြီးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပို၍ အသုံးတည့်သောကြောင့်ဖြစ်သည်။

ရွှေလက်ဝတ်ရတနာများအတွက် လိုအပ်သည်မှာ ၁၄ ကာရက်အထက်ဖြစ်သည်။ ယင်းမှာ ရင်းနှီးမြှုပ်နှံမှု အတွက် ထားသော ရွှေပေါ်တွင် ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားပြန်ရောင်းသော ရွှေအတွက်မှာမူ နောက်ထပ် ရွှေသန့်စင်စရိတ် လိုအပ်သည်။

ပြဿနာများထဲမှ တစ်ခုမှာ လက်ဝတ်ရတနာများကို ရင်းနှီးမြှုပ်နှံမှုအတွက် ၀ယ်ယူလိုပါက သင်ဈေးကြီး ပေးဝယ်ထားသော ရွှေချောင်းများနှင့် ရွှေအပိုင်းအစများ (များသောအားဖြင့် ကုန်ကျ စရိတ်အားလုံး၏ ၁၀% မှ ၂၀ % အတွင်း) နှိုင်းယှဉ်၍ စဉ်းစားရမည်ဖြစ်သည်။

သင်ကျောက်မျက်လက်ဝတ်ရတနာများ ရောင်းချရန်လိုသောအခါ ပေါက်ဈေးထက် လျော့၍ ၀ယ်ရလိမ့်မည် ဖြစ်သည်။ ကျောက်မျက်လက်ဝတ်ရတနာများ၏ စုစုပေါင်းတန်ဖိုးမှ ကျောက်မျက်အစိတ်အပိုင်း ကလေးများ၏ တန်ဖိုးကို နှုတ်မည်ဖြစ်သည်။

ရွှေအပိုင်းအစများဝယ်ယူခြင်း

ရွှေအပိုင်းအစများ ၀ယ်ယူစုဆောင်းခြင်း (ရွှေဟောင်းများ လက်ဝတ်ရတနာအပျက်များမှရွှေများ) သည်လည်း ထင်ရှားလာသော ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတစ်ခုဖြစ်သည်။ အရည်သန့်စင်သော ရွှေဖြစ်ရန်နှင့် ရွှေပြားမဖြစ်ရန် ဂရုစိုက်ပါ။ ၀ယ်သူများသည် ရွှေအပိုင်းအစများကို နေ့စဉ် ၁၀% မှ ၂၀% အောက် ပတ်ဝန်းကျင် ၀ယ်လေ့ရှိသည်။ ထိုရွှေများမှ အမြတ်ရရန် ပြန်လည်လုပ်ဆောင်ကြသည်။

ရွှေဝယ်နည်းလမ်းညွှန်ချက်

- ၀ယ်ယူမှုအားလုံးအတွက် ငွေချေဖြတ်ပိုင်းများရယူပါ။

- သင်၏ရွှေများကို ဘဏ်များတွင် သိမ်းဆည်းမထားပါက ခိုင်ခံ့သော မီးခံသေတ္တာတစ်လုံးတွင် သိမ်းဆည်း ထားပါ။

- မီးခံသေတ္တာ၏ လျှို့ဝှက်နံပါတ်အား လူတစ်ကာမြင်သောနေရာတွင် မထားပါနှင့်။

- သင် ရွှေ ရင်းနှီးမြှုပ်နှံထားသည်ကို မည်သူမျှ မပြောပြပါနှင့်။

Read times Last modified on Tuesday, 18 September 2018 11:18
Rate this item
(1 Vote)