စိန်အတုအစစ်ကို ကိုယ်တိုင်ဘယ်လို ခွဲခြားမလဲ?

စိန်အတုအစစ်ကို ကိုယ်တိုင်ဘယ်လို ခွဲခြားမလဲ? Google

ဒီတစ်ခါတော့ စိန် အတု အစစ်ကို အကြမ်းအားဖြင့် မိမိ ကိုယ်တိုင် ဒီလို အချက် (၅) ချက်ဖြင့် ခွဲခြားလို့ ရပါတယ်။

 

(၁) စိန်ကို ရေထဲနစ်ပြီးစမ်းသပ်ကြည့်ပါ။ စိန်အစစ်က သိပ်သည်းဆမြင့်သောကြောင့် ရေအောက်ထိ မြုပ်သွားရင် စိန်အစစ်ဖြစ်ပြီး မမြုပ်ပဲ ပေါ်နေတယ်ဆိုရင်တော့ အတုလို့ ယူဆလို့ရပါတယ်။

(၂) စိန်ကို အာငွေ့ရိုက်နည်းဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။ စိန်အစစ်မှာ အပူကို အလျင်အမြန်စုပ်ယူနိုင် သောကြောင့် အာငွေ့မှာ ချက်ချင်း ပျောက်သွားပြီး အနည်းငယ်ကြာမှ ပျောက်သွားရင်တော့ အတုဖြစ်နိုင်ချေများပါတယ်။

(၃) စိန်ကို စက္ကန့် အနည်းငယ် လောက် အပူပေးထားပါ။ ပြီးရင် ရေထည့်ထားတဲ့ ခွက်ထဲသို့ အပူပေးထားတဲ့ စိန်ကို ထည့်လိုက်ပါ။ ကွဲထွက်သွားရင် အတုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့စိန်အစစ်မှာမာဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက် အပူပေးလဲ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

(၄) စာအုပ်ကိုနောက်မှာထားပြီး စိန်ကိုကွယ်ပြီး ဖတ်ကြည့်ပါ။ စိန်အစစ်မှာ အလင်းယိုင်စေတတ်လို့ စာများဖတ်လို့ရမှာမဟုတ်ပဲစာများဖတ်လို့ရနေသေးရင်တော့ အတုလို့ ယူဆလို့ရပါတယ်။

(၅) စာရွက်အဖြူတစ်ရွက်ပေါ်မှာ အမဲရောင်အစက်ချပြီး အဲ့အစက်ပေါ်မှာ စိန်အပြားကိုကပ်ပြီး အချွန်ဘက်ကနေ ကြည့်ကြည့်ပါ။ စိန်အစစ်မှာ အလင်းယိုင်လို့ အစက်ကိုမြင်ရမှာမဟုတ်ပဲ မြင်နေရသေးပါက စိန်အတုလို့ ယူဆနိုင်ပါတယ်။

 

အခုပြောပြထားတဲ့ နည်းလမ်းလေးတွေက အိမ်မှာ အလွယ်တကူ စမ်းသပ်လို့ ရတဲ့ နည်းလမ်းလေးမို့ ကိုယ့်မှာ ရှိတဲ့ လက်စွပ်လေးနဲ့ အခု ပဲ စမ်းသပ်ကြည့်လိုက်နော်။

 


Gold & Jewellery Buying Guide

Read times Last modified on Friday, 11 December 2020 10:28
Rate this item
(0 votes)