စိတ်ကိုငြိမ်းချမ်းပျော်ရွှင်စေဖို့ ဆောင်ထားသင့်တဲ့ အဆောင်ကျောက်လေးများ

စိတ်ကိုငြိမ်းချမ်းပျော်ရွှင်စေဖို့ ဆောင်ထားသင့်တဲ့ အဆောင်ကျောက်လေးများ

လူတွေမှာ chakra points ဆိုတဲ့နေရာတွေရှိပါတယ်။

 

အကြမ်းဖျဉ်းပြောရရင် စိတ်ဝိဉာဉ်တည်ရှိနေတဲ့ နေရာတွေပေါ့။ အဆောင်ကျောက်ကလေးတွေကို အဲဒီလိုအဓိကနေရာတွေမှာ ဝတ်ဆင်ခြင်းဖြင့် စိတ်ဝိဉာဉ်ကိုပါ ပြောင်းလဲအကျိုးပြုစေတယ်ဆိုတဲ့အယူဟာ ဘယ်နေရာမှာဖြစ်ဖြစ် ယုံကြည်ထားတတ်ကြပါတယ်။

 

ဒါကြောင့် သင့်ရဲ့စိတ်ကို ကြည်ကြည်လင်လင်နဲ့ ငြိမ်းချမ်းပြီး အမြဲတမ်း ပျော်ရွှင်နေစေဖို့အတွက် အဆောင်ကျောက်လေး (၅) ခုကို ဖော်ပြပေးချင်ပါတယ်။ အထူးသဖြင့် သူတို့ကို လက်ကောက်နဲ့ ဆွဲကြိုးအဖြစ် ဝတ်ဆင်ပေးရပါမယ်။

 

Rose Quarts

အခုနောက်ပိုင်း လူတွေအဝတ်များလာတဲ့ ကျောက်လးတွေထဲ rose quarts ကတော့ ထိပ်ဆုံးက ပါဝင်လို့နေပါတယ်။ ဒီပန်းရောင်ကျောက်လေးတွေဟာ ချစ်ခြင်းမေတ္တာတရားကို ကိုယ်စားပြုပါတယ်။ ဒီကနေမှတစ်ဆင့် သင်ဟာ ကိုယ်ကိုယ်ကို ပိုချစ်တတ်လာမယ်၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို သိမြင်လာမယ်၊ နောက် စိတ်ခံစားချက်တွေကို ထိန်းငြှိပေးပြီးတော့ စိတ်ဖိဆီးမှုတွေကို လျော့ကျစေတာကတော့ သူ့ရဲ့ စွမ်းအားတွေပါတဲ့။

 

ခရမ်းစွဲ

ခရမ်းရောင်ကျောက်တွေဟာ အရင်ကတည်းက သင့်ရဲ့ အမှောင်ထုဖုံးလွှမ်းနေတဲ့ စိတ်ခံစားချက်တွေကို ဖယ်ရှားပေးတယ်ဆိုပြီး အယူရှိနေပါတယ်။

 

ဒါကြောင့် စိတ်ပင်ပမ်းနေတဲ့အချိန်၊ စိုးရီမ်စိတ်မြင့်တက်နေတဲ့အချိန်၊ တစ်ခုခုကြောင့် အလွန်တရာ ဝမ်းနည်းနေတဲ့အချိန်မျိုးတွေမှာ ခရမ်းစွဲဟာ သင့်ကို အကောင်းဆုံးကူညီပေးဖို့ရှိနေမှာပါ။ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီး ကောင်းမွန်းစွာအိပ်ပျော်ဖို့လည်း လုပ်ဆောင်ပေးတာကြောင့် တချို့ဆိုရင် ခရမ်းစွဲကျောက်အရိုင်းတုံးကို ခုတင်ဘေးမှာထားအိပ်တာမျိုးတွေတောင် ရှိတတ်ပါတယ်။

 

Tiger Eye

သူကတော့ နာမည်အတိုင်း ကျားတစ်ကောင်လို စိတ်ခွန်အားကို ပေးစွမ်းပြီးတော့ ယုံကြည်မှုကို တိုးစေမှာပါ။ ဒါကြောင့် ဘယ်လိုအရာနဲ့ပဲ ကြုံလာကြုံလာ သင့်ကို တော်ရုံ စိတ်မညစ်စေနိုင်ပါဘူးတဲ့။

 

ကျောက်စိမ်း

ကျောက်စိမ်းရဲ့အယူကတော့ အလုပ်ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေပြီးတော့ စီးပွားရေးနဲ့ပတ်သက်ပြီး စိတ်ဖိဆီးမှုတွေကို ဟန့်တားပေးပါတယ်တဲ့။ ဆုံးဖြတ်ချက်တွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ပြတ်ပြတ်သားသာား မှန်မှန်ကန်ကန် ချမှတ်နိုင်ပြီးတော့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်ဖြစ်စေမယ့် ဓာတ်တွေကိုလည်း ဖယ်ရှားပေးတဲ့အစွမ်းရှိနေပါတယ်။

 

Onyx

အမည်းရောင်ရှိတဲ့ onyx ကျောက်ကတော့ ပတ်ဝန်းကျင်ကလာတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ဒိုင်းသဖွယ်ကာကွယ်ပေးမှာပါ။ သင့်ရဲ့စိတ်ကို အကောင်းမြင်စိတ်တွေနဲ့ လွှမ်းခြုံထားကာ ပြဿနာအခက်အခဲတွေကိုလည်း အမြန်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေစေပါတယ်တဲ့။

 

ဒီအပြင် အခွင့်အရေးတွေကိုလည်း အများကြီးပေါ်လာစေတဲ့ သဘာဝလွန်အစွမ်းလည်းရှိတယ်လို့ အယူအဆရှိနေပါတယ်။

 

Aunty May

Read times
Rate this item
(0 votes)