ယခုနှစ်တွင် ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်မည်ခန့်မှန်း

ယခုနှစ်တွင် ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်မည်ခန့်မှန်း

ယခုနှစ်တွင် ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်မည်ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အမေရိကန် နှင့် ဥရောပတို့တွင် စီးပွားရေးနှေးကွေးမှု၊ ပြင်းထန်သော ပထဝီနိုင်ငံရေး တင်းမာမှုများ၊ မူဝါဒ အတိုးနှုန်း တိုးမြှင့်ခြင်း နည်းပါးလာမှုတို့ကြောင့် ယခုနှစ်ကုန်တွင် ရွှေစျေးနှုန်းများ မြင့်တက်လာဖွယ်ရှိကြောင်း YLG Bullion & Futures မှ ပြောကြားသည်။

 

ပြီးခဲ့သည့်အပတ်က အမေရိကန်ဗဟိုဘဏ် အဖွဲ့အစည်းဖြစ်သည့် အမေရိကန် ပြည်ထောင်စု အရန်ရန်ပုံငွေ US Federal Reserve - Fed သည် ၎င်း၏မူဝါဒအတိုးနှုန်းကို ၀.၂၅ တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။ ၂၂ နှစ်တာအတွင်း အတိုးနှုန်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ သို့ဖြစ်ရာ ယခုနှစ်တွင် Fed သည် နောက်ထပ် တကြိမ်သာ အတိုးနှုန်း ထပ်မံတိုးမြှင့်မည်၊ တိုးမြှင့်သည့် ပမာဏသည်လည်း နည်းမည်ဟု ခန့်မှန်းထားကြသည်။

 

အမေရိကန် ဗဟိုဘဏ် အဖွဲ့အစည်း၏ အတိုးနှုန်း မြင့်တက်မှု နည်းပါးခြင်းကြောင့် ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်မှု ကင်းမဲ့နေခြင်း၊ အတိုးနှုန်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် များများစားစား ထပ်တိုးမြှင့်ဖွယ် မရှိခြင်း၊ အမေရိကန်ဒေါ်လာ တန်ဖိုးကျနေခြင်း အစရှိသည့် အကြောင်းရင်းခံများသည် ရွှေဈေးတက်အောင် တွန်းတင်ပေးသည်ဟု YLG အမှုဆောင်ချုပ် Tipa Nawawattanasub က ပြောကြားသည်။

“အတိုးနှုန်းတွေ ကျဆင်းလာတဲ့အခါ ရွှေမှာ ရင်းနှီးမြုပ်နှံတာက အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်” ဟု သူမက ပြောကြားသည်။

 

“ယနေ့အခါမှာ ကမ္ဘာ့စီးပွားရေးဟာ မရေရာမှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ အာရှတစ်ခုတည်းသာ အပေါင်းလက္ခဏာဆောင်တဲ့ ကြီးထွားမှု ရှိပါတယ်။ ပထဝီနိုင်ငံရေးကို ကြည့်ရင် တရုတ်- အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၊ ရုရှား ယူကရိန်းစစ်ပွဲတွေ ပိုမိုပြင်းထန်နေတယ်" ဟု Ms Tipa က ပြောကြားသည်။

 

ထို့ကြောင့် ယခုနှစ်ကုန်တွင် ရွှေသည် အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်ဟု ၎င်းက ပြောသည်။

 

 

 photo_2023-08-01_10-29-42.jpg

 

 

အကယ်၍ ရွှေစျေးသည် နှစ်ကုန်တွင် တစ်အောင်စလျှင် $2,079 ကျော်သွားပါက၊ ၎င်းသည် နောက်  တစ်အောင်စလျှင် $2,400 ရေချိန်သို့ ဆက်လက်မြင့်တက်နိုင်ခြေ ရှိပါသည်။ ထို့ကြောင့် YLG သည် ရင်းနှီးမြှုပ်နှံသူများကို တစ်အောင်စလျှင် $1,900 ဈေးရေချိန်တွင် ရှိနေစဉ် ရွှေစုဆောင်းရန် အကြံပေးထားသည်။

 

အတိုးနှုန်း မြင့်မားနေခြင်းသည် ရင်းနှီးမြှုပ်နှံသူများကို အတိုးနှုန်းကောင်းသည့်ဆီမှာ ရင်းနှီးမြှုပ်နှံမှု ပြုကျစေသည်။ ထိုအခါ ရွှေတွင် ရင်းနှီးမြှုပ်နှံမှု လျော့ကျသွားပြီး ရွှေဈေးကို အကျဘက် ရောက်စေသည်။ သို့ဖြစ်ရာ မူဝါဒ အတိုးနှုန်း မြှင့်တင်ထားခြင်း မရှိတော့သည့်အခါ ရွှေဈေးသည် ဈေးအတက်ဘက်သို့ ရောက်သွားစေသည်။ ထိုသို့ ရောက်ရှိနေသည့်ကာလသည် ၃ နှစ် သို့မဟုတ် ၅ နှစ် ကြာမြင့်လေ့ရှိသည်။

 

YLG သည် ရင်းနှီးမြှုပ်နှံသူများသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအစုစု၏ ၅-၁၅% ကို ရွှေတွင် ရင်းနှီးမြှုပ်နှံရန် အကြံပြုထားသည်။

 ရင်းနှီးမြှုပ်နှံသူများသည် ဤအဆင့်ထက် ပိုများသော အတိုင်းအတာအထိ ရွှေတွင် မမြှုပ်နှံသင့်ပါဟု ဆိုသည်။ ထို့ထက် ပိုများနေပါက ရွှေဈေးလှုပ်သည့် သက်ရောက်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုအစုစု မတည်မငြိမ်ဖြစ်နေလိမ့်မည်ဟု ဆိုသည်။

 

ရင်းနှီးမြှုပ်နှံသူများသည် ကြိုပွိုင့်ရောင်းဝယ်သည့် ဈေးကွက်များမှတစ်ဆင့် ရွှေတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း Ms Tipa က ပြောကြားသည်။ ၎င်းဈေးကွက်များသည် ရွှေဈေး မြင့်တက်သည့်အခါ အမြတ်ရယူနိုင်ကြောင်း ၎င်းက ပြောကြားသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 01 August 2023 10:43
Rate this item
(0 votes)