Blackpink မှ Lisa ရဲ့ ဈေးအကြီးဆုံး လက်ဝတ်ရတနာ (၈) မျိုး

Blackpink မှ Lisa ရဲ့ ဈေးအကြီးဆုံး လက်ဝတ်ရတနာ (၈) မျိုး

K-pop idol တစ်ဦးဖြစ်တဲ့ Blackpink မှ Lisa က ကမ္ဘာသိ fashion icon လည်း ဖြစ်ပါတယ်။

ဈေးအရမ်းကြီးတာတွေကို ဖက်ရှင်အဖြစ် ဝတ်စားဆင်ယင်လေ့ ရှိတယ်။ wow လို့ပါးစပ်ဟောင်းလောင်းပွင့်အောင် အံ့အားသင့်ရစေတယ်။ ဒေါ်လာ တစ်သန်းတန်တဲ့ လက်ဝတ်လက်စား ဆင်မြန်းတာ သူ့အဖို့ မဆန်းလှဘူး။

သူမမှာ ပင်ကို အရည်အသွေးတွေ လျှံထွက်နေပြီး ပရိသတ်အပေါ် သြဇာတိက္ကမနှင့်ပြည့်စုံတယ်။ ဖက်ရှင်လောကထဲမှာ အထက်တန်းစား ဖက်ရှင်ထည်တွေ ဝတ်ဆင်ပြတဲ့အပြင် လက်ဝတ်ရတနာလောကမှာလည်း Lisa က အသက်ရှူရပ်သွားပြီး ပင့်သက်ချရတဲ့ ဈေးမျိုး ပေးရတာတွေကို ဝတ်စားဆင်ယင်တယ်။

 

Lisa_braceletBVLGARI_B.jpg

 

Lisa ဆင်မြန်းထားတဲ့ BVLGARI B.ZERO1 Bracelet လက်ကောက် က Vogue Hong Kong အတွက် ဓာတ်ပုံ အရိုက်ခံတုန်းက ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ခုနစ်ထောင်နီးပါး ဖြစ်ပါတယ်။ သူဝတ်ဆင်လေ့ ရှိတဲ့ လက်စွပ်တွေကလည်း အဲဒီဈေနှုန်းတစ်ဝိုက်မှာ ရှိပါတယ်။

Serpenti_Tubogas.jpg


အခုပုံမှာတော့ သူမက အမေရိကန်ဒေါ်လာ ၁၄,၅၀၀ တန် BVLGARI Serpenti Tubogas လက်ပတ်နာရီကို ဝတ်ဆင်ထားတယ်။ Blackpink ရဲ့ Ice Cream ဗီဒီယို ရိုက်ကူးစဉ်က ဖြစ်ပါတယ်။

 

BZERO1_gold_bracelet.jpg

 

အခုပုံမှ ရွှေလက်ကောက်က Youth with you season 3 မှာ ဆင်မြန်းခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သောင်းခွဲဝန်းကျင် ရှိပါတယ်။

 

BVLGARI_Serpenti_necklac.jpg


Ice Cream ဖန်တီးစဉ်မှာ ဝတ်ထားတဲ့ ဆွဲကြိုးက ဒေါ်လာ ၃၇၀၀၀ ဝန်းကျင် ဈေးရှိပါတယ်။

 

Serpenti.jpeg

 

အဲဒီဗီဒီယိုမှာ ဝတ်ဆင်ထားတဲ့ လက်စွပ်က ဒေါ်လာ ၄၇၀၀၀ ကနေ ၅၁၀၀၀ အထိ ဈေးရှိပါတယ်။

 

BVLGARI_BZERO1_Necklace_th.jpg

 

လည်တိုင်ပေါ်မှာ ယဉ်ယဉ်လေး လှနေတဲ့ ရိုးရိုးစင်းစင်း လည်ဆွဲကလေးက ဒေါ်လာ ငါးသောင်းခွဲသာသာ ဈေးရှိပါတယ်။

 

BVLGARI_Ruby_and_Diamond_n.jpg

 

အခုပုံမှာ ပတ္တမြားနဲ့ စိန်တွေ စီထားတဲ့လည်ဆွဲကို Lisa ဆင်မြန်းထားတယ်။ ဒေါ်လာ ၉၆၀,၀၀၀ ဈေး အနည်းဆုံး အနေဖြင့် ရှိပါတယ်။

 

Magnifica.jpg


အခုဆွဲကြိုးကတော့ ဒေါ်လာ တစ်သန်းအထက်မှာ ရှိပါတယ်။ Lisa ဝတ်ဆင်ပြီး ပွဲထွက်လာတဲ့ လက်ဝတ်ရတနာတွေထဲမှာ ဈေးအများဆုံး ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက မှတ်ချက်ချကြပါတယ်။

Read times Last modified on Sunday, 15 August 2021 13:50
Rate this item
(1 Vote)