ကျောက်မျက်အရည်အသွေးဘယ်လိုစစ်မလဲ

ကျောက်မျက်အရည်အသွေးဘယ်လိုစစ်မလဲ Google

ကျောက်မျက်တစ်ခုအရည်အသွေးကို အရောင်၊ ကျောက်သွေးပုံ၊ အလေးချိန်နှင့် စင်ကြယ်မှုတို့အပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ပါတယ်။

ကျောက်မျက်တွေ စစ်ဖို့ အောက်ဖေါ်ပြပါ အချက်တွေ အသုံးပြုရပါမယ်။ တချို့အချက်တွေဟာ ပကတိ မျက်စိနဲ့သာ စစ်ဆေးရမှာဖြစ်ပြီး တစ်ချို့ကတော့ ကိရိယာတန်ဆာပလာ အကူအညီ လိုအပ်ပါမယ်။

 


လိုအပ်သော ကိရိယာ တန်ဆာပလာများ

 

ဇာဂနာ အမျိုးမျိုး၊ ၁၀ ဆချဲ့ ကျောက်ကြည့် အကြီးချဲ့မှန်ဘီလူး၊ အလင်းရောင်၊ ဘယ်ခါမဆို၊ ဖြစ်နိုင်ရင်တော့ မျက်စိ ဗလာနဲ့သာ ကြည့်ရှုစစ်ဆေးနိုင်ဖို့က အခြေခံ လိုအပ်ချက်ဖြစ်ပြီး၊ တစ်ချို့သော စစ်ဆေးမှုများမှာတော့ ၁၀ ဆချဲ့ သုံးခုတွဲ ကျောက်ကြည့် အကြီးချဲ့ မှန်ဘီလူး လိုအပ်ပါမယ်။ အလင်းရောင်ကလည်း နေ့အလင်းရောင်နဲ့ ညီမျှတဲ့ အလင်းရောင်မျိုးဖြစ်ရပါမယ်။ ချဲ့အားကောင်းတဲ့ မှန်ဘီလူးတွေ၊ အနုကြည့်မှန်ဘီလူး(မိုက်ခရိုစကုပ်)တွေ ဒီအခြေအနေမျိုးမှာ မလိုအပ်သေးပါဘူး။ ကြည်ရှုစစ်ဆေးမယ့် ကျောက်မျက် ကို မျက်စိအောက်ခြေမှာ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင် အဝတ်စသန့်သန့်ပေါ်မှာ တင်ထားပါ။ အပေါ်ဘက်နဲ့ ဘေးဘက်တွေကို ထင်ထင်ရှားရှား မြင်နိုင်စေမယ့် နေ့အလင်းရောင် ဒါမှမဟုတ် မီးချောင်းအလင်းရောင် ထွန်းထားပါ။

 

 

ကျောက်အရည် ( ကျောက်အရောင်)

 

ကျောက်အရည်ဆိုတာ ကျောက်မျက် ရဲ့ ယေဘုယျ ခြုံ မြင်ရတဲ့ အရောင်အသွေးကို ဆိုလိုတာပါ။ ကျောက်မျက်ရဲ့ သတ်သတ်မှတ်မှတ် ရှိထားသော အရောင်အသွေး ရှိ မရှိ စစ်ဆေးရမည်။ အပြာလား စိမ်းပြာလား၊ ဒါမှမဟုတ် အနီလား ခရမ်းနီလား။ ပုံတွင် အစိမ်းရောင်ကျောက်သုံးမျိုးကို ကျောက်အရည် (ကျောက်အရောင်) အမျိုးမျိုးပေါ် မူတည်၍ ဖော်ပြထားပါတယ်။ အလယ်မှ ကျောက်အဝိုင်းသည် အစိမ်းရောင်တောက်တောက်ဖြစ်ပြီး ဘယ်ဘက်မှ ကျောက်သည် သုံးမြှောင့်ချွန်းပုံ သွေးထားပြီး အဝါရောင်ပိုမိုသမ်းနေတဲ့ အစိမ်းရောင်ကျောက်ဖြစ်ပြီး ညာဘက်မှ ဘဲဥပုံကျောက်သည် ပြာလဲ့လဲ့ရောင်သန်း နေသော ကျောက်ဖြစ်သည်။

 

 

Gold & Jewellery Buying Guide

Read times
Rate this item
(0 votes)