ဈေး ၁၀ ဆ တက်တဲ့ ဂျနီဖာ လိုပက်ရဲ့ ဒေါ်လာ ၁၂ သန်း တန် စေ့စပ်လက်စွပ်

ဈေး ၁၀ ဆ တက်တဲ့ ဂျနီဖာ လိုပက်ရဲ့ ဒေါ်လာ ၁၂ သန်း တန် စေ့စပ်လက်စွပ်

ဂျနီဖာ လိုပက် Jennifer Lopez ဆင်မြန်းခဲ့တဲ့ ပန်းနုစိန် စေ့စပ်လက်စွပ်ကို သရုပ်တောင် Ben Affleck က ပေးခဲ့တာ ဖြစ်ပြီး တန်ဖိုးက ဒေါ်လာ ၁ ဒသမ ၂ သန်း ဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျနီဖာလိုပက်နဲ့ ဘင်အဖလက်တို့ တတွဲတွဲ ဖြစ်ခဲ့ကြရာမှ အကွဲကွဲ ဖြစ်သွားခဲ့ပြီးတဲ့နောက် တစ်ဖန် ပြန်တွဲဖြစ်ကြလို့ သူတို့နှစ်ဦး တတွဲတွဲ သွားသွားလာလာ လုပ်နေကြတာကို သူတို့ရဲ့ ပရိသတ်တွေ တွေ့မြင်ကြရတယ်။ ဒီတစ်ခါ ပြန်တွဲကြတာမှာတော့ လိုပက်က အဖလက်ကို နာရီတစ်လုံး ချစ်သက်လက်ဆောင် ပေးခဲ့ပါတယ်။
အရင်တစ်ချိန်တုန်းက သူတို့ တွဲခဲ့ကြတဲ့ ပုံတွေကို လူမှုမီဒီယာမှာ throwback ပြန်တင်ကြတယ်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်တို့က သူတို့စုံတွဲရဲ့ ပုံတွေကို စေ့စပ်လက်စွပ် ပေးပြီးချိန်မှာ ရိုက်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။
Batman မင်းသား အဖလက်က နိုဝင်ဘာလ ၂၀၀၂ ခုနှစ်မှာ လိုပက်ကို ကမ်းလှမ်းခဲ့ပြီး စေ့စပ်လက်စွပ်တစ်ကွင်း ပေးအပ်ခဲ့တယ်။ အမေရိကန်မှ နာမည်ကြီး လက်ဝတ်ရတနာ ဒီဇိုင်းသမား ဟယ်ရီ ဝင်စတန် Harry Winston ဖြစ်ပြီး ၆.၁ ကာရက်ရှိတဲ့ ပန်းနုစိန်ကို သုံးစွဲထားတဲ့ စေ့စပ်လက်စွပ် ဖြစ်ပါတယ်။ အဖလက်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ ဝယ်ယူခဲ့တဲ့ စေ့စပ်လက်စွပ်ဟာ အခုအခါ တန်ဖိုး ၁၀ ဆ တက်ပြီး အမေရိကန်ဒေါ်လာ ၁၂ သန်း နီးပါး ဈေးပေါက်နေပါတယ်။

အခုလို ဈေး ၁၀ ဆတက်သွားရတဲ့ အဓိက အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း ပန်းနုစိန်တွေ ဈေးတက်လာခဲ့လို့ ဖြစ်ပါတယ်။

အဲဒီစေ့စပ်လက်စွပ်က အခုအထိ လိုပက်ဆီမှာ ရှိနေဆဲလို့ ယူဆရပါတယ်။ သူနဲ့ အဖလက်တို့ ခွာပြဲစဉ်ကာလမှာ စေ့စပ်လက်စွပ် ပြန်ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။ လက်သူကြွယ်မှာ ဆင်မြန်းခြင်း မပြုတော့ပေမဲ့ သိမ်းဆည်းထားတယ်လို့ ယူဆရပါတယ်။ အဖလက်က တော်ရုံတန်ရုံလူ မပေးနိုင်တဲ့ စေ့စပ်လက်စွပ်မျိုး ဖြစ်ချင်တာကြောင့် ဟယ်ရီ ဝင်စတန်ထံမှာ လက်စွပ်လုပ်ပေးဖို့ အပ်နှံပြီး သန်းတန်စေ့စပ်လက်စွပ်ကို ပေးခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ လိုပက်မှာ နောက်ထပ် စေ့စပ်လက်စွပ်တွေ ရှိပါသေးတယ်။ ဟယ်ရီ ဝင်စတန်ရဲ့ လက်ရာ ၈.၅ ကာရက် စိန်ပြာစေ့စပ်လက်စွပ်ကို Marc Anthony နဲ့ ချစ်ကြိုက်ခဲ့စဉ်မှာ ရရှိခဲ့တယ်။ Alex Rodriguez ထံမှ ၁၀ နဲ့ ၁၅ ကာရက်ကြား ရှိလိမ့်မယ်လို့ ခန့်မှန်းရတဲ့ မြလက်စွပ်တစ်ကွင်းကိုလည်း စေ့စပ်လက်စွပ်အဖြစ် ရရှိခဲ့ဖူးပါတယ်။ ပြည့်ပြည့်စုံစုံ ပြောရမယ်ဆိုရင်တော့ လိုပက်မှာ စေ့စပ်လက်စွပ် စုစုပေါင်း ၅ ကွင်း ရှိပါတယ်။ လက်စွပ်တိုင်းဟာ သူမရဲ့ အချစ်ရေး အိမ်ထောင်ရေး သမိုင်းကြောင်းကို ထင်ဟပ်နေတာဖြစ်လို့ သီးခြားတင်ပြမှ ဖြစ်မှာမို့ ချန်လှပ်ခဲ့ပါတယ်။

Read times
Rate this item
(0 votes)