ရွဲ (Opal) သို့မဟုတ် အောက်တိုဘာလ မွေးနေ့ရှင်တို့ရဲ့ မွေးနေ့ကျောက်

ရွဲ (Opal) သို့မဟုတ် အောက်တိုဘာလ မွေးနေ့ရှင်တို့ရဲ့ မွေးနေ့ကျောက် Google

ဒီတစ်ခါမျှဝေပေးချင်တာလေးကတော့ အောက်တိုဘာလမွေးနေ့ရှင်တို့အတွက် Birthstone ဖြစ်တဲ့ ရွဲ (Opal)  အကြောင်းပဲဖြစ်ပါတယ်။

 

ရွဲ လို့ခေါ်တဲ့ Opal ဟာဆိုရင် လက်တင်ဘာသာစကား " Opalus "   ဆိုတဲ့ " အဖိုးတန်ရတနာ " လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးဖြစ်ပြီး ဂရိဘာသာစကားအနေနဲ့ဆိုရင် " Opallios " လို့ခေါ်ပြီး " အရောင်ပြောင်းလဲမှုကို ကြည့်ရန် " ဆိုတဲ့ အနက် အဓိပ္ပာယ်တို့ကနေ

ဆင်းသက်လာတာဖြစ်ပါတယ်။

Holographic opal stone necklace (gold) · P i x x i e p i e c e s · Online  Store Powered by Storenvy

 

Opals ‌ကျောက်လေးတွေဟာဆိုရင် သေးငယ်တဲ့ ရောင်စဉ်များ ဖြာထွက်နိုင်တဲ့ ထူးခြားသည့် ကျောက်အမျိုးအစားဖြစ်ပါတယ်။ အရောင်အားဖြင့်လဲ အရောင်အသွေးစုံလင်လှပြီး အရောင်စုံ အရိပ်သဖွယ် တွေ့ရတတ်ပါတယ်။ အဖြူရောင်၊ အဝါရောင်၊

လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင်၊ ခရမ်းရောင်နှင့် အနက်ရောင် စတဲ့ အရောင်များရဲ့ အရိပ်သဖွယ် လှပနေတဲ့ အရောင်အဆင်းရှိပါတယ်။ Opal ကျောက်မှာ အမျိုးကွဲပေါင်း များစွာရှိသော်လည်း Fire Opal နှင့်

Boulder Opal တို့ကို တစ်ကမ္ဘာလုံးအတိုင်းအတာ အနေဖြင့် အသိအမှတ်ပြုထားသဖြင့် ပိုထင်ရှားပါတယ်။

 

 

Biggest opal in the world..south Australia.. | Opal, Stones and crystals,  Minerals and gemstones

 

ကမ္ဘာ့အကြီးဆုံး Opal ကျောက်မျက်ဟာဆိုရင် အရှည် ၁၁လက်မရှိပြီး အလေးချိန် ၁၇၀၀၀ ကာရက် (၇.၆ ပေါင်)  ဒေါ်လာ ၂.၅ သန်းတန်ဖိုး ရှိပြီး ၂၀၁၅ခုနှစ်က သြစတြေးလျနိုင်ငံမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျောက်မျက်ရတနာဝတ်ဆင်ခြင်းနှင့် ကံကောင်းခြင်း၊ ပျော်ရွင်ခြင်း၊ ကျန်းမာခြင်း စသည်တို့ကို ကိုယ်စားပြုသည်ဟု ယုံကြည်ခဲ့ကြသလို Opal ကျောက်ဟာဆိုရင်လဲ သစ္စာရှိမှုနှင့် ယုံကြည်မှုကို ကိုယ်စားပြုသည့်

ကျောက်မျက်ရတနာတစ်ခု အဖြစ်သတ်မှတ်ခဲ့ကြသည်။ ဒါ့အပြင် ကျန်းမာရေးအနေဖြင့် စိတ်နှင့် အာရုံကြောများကို ထိန်းချုပ်ရန်၊ မကောင်းမှုကိုတွန်းလှန်ရန်နှင့် မကောင်းသောအမြင်အာရုံများကိုကာကွယ်ပေးတဲ့ ကျောက်မျက်တစ်ခု အဖြစ်လဲ ယုံကြည်ကြ

သည်။

 

Read times Last modified on Monday, 12 October 2020 15:21
Rate this item
(1 Vote)