ကမ္ဘာ့ရွှေဈေးအတက်အကျ ရွှေကြက်ခြေခတ်ဖြင့် သုံးသပ်ချက်

ကမ္ဘာ့ရွှေဈေးအတက်အကျ ရွှေကြက်ခြေခတ်ဖြင့် သုံးသပ်ချက် Google

ကမ္ဘာရွှေဈေးအတက်အကျဟာ ရွှေကို ရောင်းလိုအား ဝယ်လိုအားတို့ရဲ့ သက်ရောက်မှုများအပြင် ရွှေဈေးကို ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်တာကြောင့် အမေရိကန်ဒေါ်လာ မာတာ အားပျော့တာနဲ့လည်း သက်ဆိုင်ပါတယ်။

 


ပြီးခဲ့တဲ မတ်လ နောက်ပိုင်း ရွှေဈေး အဆိုးရွားဆုံးသီတင်းပတ်ဖြစ်ခဲ့ပြီး ယခင်သောကြာနေ့ထက် ၄.၆ ရာခိုင်နှုန်းကျဆင်းခဲ့တာ ရွှေရောင်းအားကြောင့်သာမက ဒေါ်လာ မာလာတာနဲ့လည်း သက်ဆိုင်တယ်လို့ သုံးသပ်ကြတယ်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကဇူလိုင်လ ၂၃

ရက်မှစ၍ ပထမဆုံးအကြိမ်အဖြစ်ရွှေတံဆိပ်များ၏ဈေးနှုန်းသည်တစ်အောင်စဒေါ်လာ ၁,၉၀၀ အောက်တွင်ကျဆင်းသွားခဲ့တယ်။ အမြင့်ဈေး ဒေါ်လာ ၂,၀၇၅ ကနေ ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားတယ်။

 

ဈေးအငြိမ်ဖမ်းနေတဲ့ ဈေးကွက်သဘာဝအလျောက် ချိန်ညှိနေတဲ့အချိန်ကာလကို ဖြတ်သန်းနေတယ်။ အဲဒါဟာ ပုံမှန်ဖြစ်နေကျ ပုံမှာကြည့်ရင် ရက် ၂၀၀ စာ ပျမ်းမျှလိုင်းနဲ့ ရက် ၅၀ စာကာလတိုလိုင်းတို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြတ်ပြီး ကြက်ခြေခတ် ဖြစ်

နေတာတွေ့ရပြီး အဲဒီ အမှတ်အသားကို golden cross ရွှေကြက်ခြေခတ်လို့ တင်စားပြီး ခေါ်ကြတယ်။ ကာလတို ရက်ပိုင်းအတွင်း ရောင်းအား များလွန်းတာ ဝယ်အားများလွန်းရင် ကာလရှည်ကနေ ဖောက်ပြန်သွားတာလို့ ဆိုတယ်။

 

အခု ၂၀၂၀ မှာတော့ ရွှေကြက်ခြေခတ် မဖြစ်ပေါ်တာကြောင့် အခြေအနေတွေက အလွန်အကျွံ ရောင်းတာ ဝယ်တာ မရှိခဲ့ဘူးလို့ သုံးသပ်နိုင်တယ်။ အဲဒါကြောင့် ရွှေဈေးဟာ အနည်ထိုင်မည့် နေရာကို ရောက်ရှိပြီး မှန်တန်း ဆက်ဖြစ်နေမယ်လို့ ယူဆနိုင်တယ်။ လာ

မယ့် ရက်အနည်းအတွင်းမှာ တက်ရင်လည်း တအိအိ၊ ကျရင်လည်း တအိအိပဲ ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။

 

 

By Sandi

Gold & Jewellery Buying Guide

 

Read times Last modified on Thursday, 01 October 2020 11:00
Rate this item
(0 votes)