၂၀၂၃ ကမ္ဘာ့ရွှေဈေး အလားအလာ

၂၀၂၃ ကမ္ဘာ့ရွှေဈေး အလားအလာ

၂၀၂၃ ကမ္ဘာ့ရွှေဈေး အလားအလာ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

ယခုနှစ်အတွင်း ရွှေဈေး အလားအလာမှာ ခန့်မှန်းရ ခက်နေသည်။ ဗဟိုဘဏ်အများအပြားတို့သည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင် ဝယ်ယူခဲ့ကြပြီး ယခုနှစ်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို တစ်ထစ်ချ မပြောနိုင်ပေ။

 

ရွှေသည် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှု၊ ရေရှည်ရင်းနှီးမြုပ်နှံမှုနှင့် ကမ္ဘာ့စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးတွင် မသေချာမရေရာမှုများအကြား စိတ်ချရသော  ရင်းနှီးမြုပ်နှံမှုဟု ယူဆထားကြသည်။

 

စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး မသေချာမရေရာမှုများအပြင် အမေရိကန် ဒေါ်လာ ဆက်လက်အားနည်းခြင်း၊ စီးပွားရေးကျဆင်းမှုအန္တရာယ်များ ကြီးထွားလာခြင်းစသည့် အချက်များသည် ၂၀၂၃ ခုနှစ်တွင် ရွှေ‌ဈေးကို ခိုင်မာနေစေမည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council မှ ယူဆသည်။

 

goldprice.org မှ ပြုစုထားသော အချက်အလက်များအရ လွန်ခဲ့သည့် ခြောက်လအတွင်း ပေါက်ဈေး ရွှေစျေးနှုန်းများသည် ဇန်နဝါရီလတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၅၀   အထွတ်အထိပ်သို့ အနည်းငယ် မတည်မငြိမ်ဖြင့် ရောက်ရှိခဲ့သည်။  ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၁,၇၀၀ မှ မြင့်တက်သွားခြင်း ဖြစ်သည်။

 ဖေဖော်ဝါရီလ ပထမပတ်တွင် ဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သည်။ ကန်ဒေါ်လာ ၁,၈၂၇ အထိ ကျသည်။ ဒေါ်လာ ၁၀၀ နီးပါး ကျဆင်းခဲ့ခြင်း ဖြစ်သည်။

 

photo_2023-02-24_14-08-35.jpg

 

ရွှေဈေးသည် ကန်ဒေါ်လာ ၁၈၂၀-၁၈၅၀ အတိုင်းအတာအတွင်းမှာ ရှိနေမည်ဟု ခန့်မှန်းသည်။

 

ရွှေဈေးသည် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် အဓိကမူတည်ပြီး ဘဏ်အတိုးနှုန်း၊ ရေနံဈေး၊ အမေရိကန် ဒေါ်လာ၊ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကြောင့်လည်း ဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်သည်။

 

အမေရိကန် ဗဟိုဘဏ် မူဝါဒ အတိုးနှုန်း မြှင့်တင်လျှင် ကန်ဒေါ်လာ မာပြီး ရွှေဈေးအပေါ် သက်ရောက်မှု ဖြစ်ပေါ်သည်။

အမေရိကန် ဗဟိုဘဏ် မူဝါဒ အတိုးနှုန်း လျော့ကျလျှင် ကန်ဒေါ်လာ အားပျော့သည်။ ထိုအခါ ရွှေဈေး မာလာသည်။

ယခုအခါ ကန်ဒေါ်လာ ငွေသား ဝယ်လိုအား လျော့ကျနေသဖြင့် ၂ နှစ်ဆက်တိုက်နီးပါး မာနေခဲ့သော ကန်ဒေါ်လာ အားပျော့နေသည်။

 

ဝယ်လိုအား ဖြစ်ပေါ်စေသည့် ရွှေဝယ်ယူခြင်းတွင် အဓိကကဏ္ဍ ၃ ရပ်ရှိသည်။

  • လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍ

  • ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

  • စက်မှုနှင့်ဆေးဝါး လုပ်ငန်းကဏ္ဍ

တို့ဖြစ်သည်။

 

ပုဂ္ဂလိကကဏ္ဍတွင်သာမက အစိုးရကဏ္ဍမှာလည်း ရွှေများ အလုံးအရင်းဖြင့် ဝယ်ယူကြသည်။ ဗဟိုဘဏ်များသည် အရန်ရွှေ ထားရှိရန် တန်နှင့်ချီ၍ ဝယ်ယူကြသည်။

 

  • ရွှေဈေးကွက်ထဲ ရောင်းလိုအားအတွက် 

  • ရွှေတွင်းများမှ ရရှိသည့် ရွှေများရောင်းချခြင်း၊

  • ဗဟိုဘဏ်မှရောင်းချခြင်း နှင့် 

  • ဈေးကွက်အတွင်း လည်ပတ်နေသောရွှေများ ရောင်းချခြင်းတို့ ရှိနေသည်။

 

ပြီးခဲ့သည့်နှစ်သည် ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကမ္ဘာလုံးတွင် ရွှေဝယ်လိုအားအတွက် အပြင်းထန်ဆုံးနှစ်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက "Gold Outlook in 2023" အစီရင်ခံစာတွင် တင်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ရွှေဝယ်ယူမှု ပိုများခဲ့သည်။ ရွှေဆိုင်ကောင်တာများမှ အရောက်းအဝယ်များမှအပဖြစ်သော ရွှေအရောင်းအဝယ်သည် ၁၈% ပိုများခဲ့ပြီး တန်ချိန် ၄,၇၄၁ ဝယ်ယူခဲ့သည်။ 

အရှေ့တောင်အာရှတွင် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားပြီးလျှင်  တတိယအကြီးဆုံး ရွှေဈေးကွက်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ရွှေ ၃၇.၉ တန် ဝယ်ယူခဲ့သည်။ ၂၀၂၁ ထက် ၃% ပိုများသည်။

 

၂၀၂၂ ခုနှစ်တွင် ဒေသတွင်းနိုင်ငံအများစုသည် ရွှေကို  ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လက်လီ ဝယ်ယူမှုများ ပိုမိုမြင့်မားလာခဲ့သည်။ စင်ကာပူတွင် ၂၀၂၁ ခုနှစ်ထက် ၃၂% ၊ အင်ဒိုနီးရှားတွင် ၂၇% ပိုများခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 ဗီယက်နမ်တွင်  စုစုပေါင်း ရွှေ ၅၉.၁ တန် ဝယ်ယူခဲ့ကြပြီး အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်သည်။ ရွှေချောင်းနှင့် ရွှေဒင်္ဂါး ဝယ်ယူမှု အများဆုံးဖြစ်ပြီး ၄၁ တန် ဝယ်ယူခဲ့ကြသည်။

 ထိုင်းတွင် ရွှေချောင်းနှင့် ရွှေဒင်္ဂါး စုစုပေါင်း  ၂၈.၅ တန် ဝယ်ယူခဲ့ကြသည်။

 

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကျဘက် ရောက်နေသဖြင့် ဒေသတွင်းမှာ တစ်ဦးတစ်ယောက်ချင်း ရွှေနှင့် ရွှေထည် ဝယ်ယူမှု ကျဆင်းမည်ဟု ကမ္ဘာ့ရွှေကောင်စီတွင် (တရုတ်နိုင်ငံမှ အပ) အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်  Andrew Naylor က ပြောကြားသည်။

 

အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းသည် ဒေသတွင်း ရွှေဈေးနှုန်းအပေါ်  တိုက်ရိုက်သက်ရောက်မှု အနည်းငယ်သာ ရှိသည်ဟု ၎င်းက ပြောကြားသည်။

 

ကမ္ဘာ့ရွှေဈေးအပေါ်တွင် အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း သက်ရောက်မှုမှာ ထင်ကြေးပေးကြခြင်းကြောင့် သက်ရောက်မှု သိသာထင်ရှားသည်။ 

 

 ကမ္ဘာ့ရွှေဈေး မြင့်တက်နေခဲ့ရသည်မှာ လွန်ခဲ့သည့် လေးလအတွင်းတွင် Fed သည် အတိုးနှုန်းတက်ခြင်းကို နှေးကွေးစေမည်ဟု စျေးကွက်၏ မျှော်လင့်ချက် ထင်ကြေးကြောင့် ရွှေဈေးတက်ခဲ့သည်။

"ဇန်နဝါရီလမှာ အားလုံးမျှော်လင့်ထားသလိုဖြစ်တဲ့အခါအဲဒီကာလမှာ ရွှေဈေးက အထွတ်အထိပ်အထိ တက်လာတယ်" ဟု Globlex Securities ၏ သုတေသနဒုဥက္ကဋ္ဌ Nuttawut Wongyaowlak က ပြောကြားသည်။

 

 ရွှေစျေးနှုန်းများသည် ယခုလအစောပိုင်းတွင် ကန်ဒေါ်လာ ၁,၉၅၀ ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ကုမ္ပဏီမှ ယူဆထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အထွတ်အထိပ် ရောက်ပြီးလျှင် ပြန်ကျစမြဲ ဖြစ်ရာ goldprice.org ၏ အချက်အလက်များအရ စျေးနှုန်းသ ည်ဆက်လက်ကျဆင်းခဲ့သည်၊ သို့သော်အတော်လေး တည်တည်ငြိမ်ငြိမ်ဖြင့် ကျဆင်းခဲ့သည်။

 

ရုရှား- ယူကရိန်း စစ်ပွဲ ပိုမိုပြင်းထန် လာခဲ့လျှင် ဖြစ်စေ၊ ငွေဖောင်းပွမှုကို တိုက်ခိုက်ရန် ဘဏ်အတိုးနှုန်းကို အမေရိကန်ဗဟိုဘဏ်က မြှင့်တင်လျှင်ဖြစ်စေ၊ ၎င်းအကြောင်းတရား နှစ်ခုပေါင်းဆုံ ဖြစ်ပါလျှင်ဖြစ်စေ "ဒီအချက်တွေကြောင့် ရွှေဈေးက ဒီနှစ်မှာ တစ်အောင်စကို ကန်ဒေါ်လာ ၂၀၀၀ လောက်ထိ တက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

 

ယခုနှစ်တွင် ဗဟိုဘဏ်များ ရွှေဝယ်ယူမှု ပမာဏကို ခန့်မှန်းရာ၌ ဗဟိုဘဏ်များသည် ရွှေ အသားတင် ဝယ်သူများ ဆက်လက်ရှိနေမည်ဖြစ်သော်လည်း ယမန်နှစ်က စံချိန်တင် ရေချိန်နှင့် တူညီမည် မဟုတ်ဟု .Mr Naylor က ဆိုသည်။

 

ယမန်နှစ်က ကမ္ဘာ့ရွှေဝယ်လိုအား မြင့်တက်လာမှုသည် ဗဟိုဘဏ်များမှ ကြီးမားသော ပံ့ပိုးမှုဖြစ်ကြောင်း ကမ္ဘာ့ရွှေကောင်စီမှ အကြီးတန်း စျေးကွက် လေ့လာသူ Louise Street က ပြောကြားသည်။

 

၂၀၂၂ ခုနှစ်တွင် ၅၅ နှစ်တာ ကာလအတွင်း ရွှေ၀ယ်ယူမှု အများဆုံးသို့ ရောက်ရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ရွှေ၀ယ်ယူမှု တန်ချိန် ၄၅၀ မှ ၂၀၂၂ နှစ်တွင် တန်ချိန် ၁,၁၃၆ သို့ ခုန်တက်သွားသည်။

 

ထွန်းသစ်စဈေးကွက်များမှ ဗဟိုဘဏ်များသည် ယမန်နှစ်က အဓိကဝယ်ယူသူများဖြစ်ကြောင်း ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တူရကီဗဟိုဘဏ်သည်  တရားဝင် အရန်ရွှေ ၁၄၈ တန်မှ ၅၄၂ တန်အထိ မြင့်တက်လာကာ စံချိန်တင်အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ပါသည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 24 February 2023 14:12
Rate this item
(1 Vote)