နှစ်(၆,၀၀၀)ကျော်ကြာမှ တစ်ခါကြွေတဲ့ ကြယ်အောက်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

နှစ်(၆,၀၀၀)ကျော်ကြာမှ တစ်ခါကြွေတဲ့ ကြယ်အောက်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ကြယ်တွေကြွေတဲ့အချိန်မှာ အဲဒီလိုကြယ်ကြွေတဲ့ မြင်ကွင်းကို ကိုယ့်ချစ်သူနဲ့ အတူတူထိုင်ပြီး ကြည့်ရတဲ့ ခံစားချက်ဟာ ဘာခံစားချက်နဲ့မှ လဲလို့ မရနိုင်ပါဘူး။ အဲဒီလိုထိုင်ကြည့်တာ အားမရလို့ လက်ထပ်ခွင့် တောင်းခဲ့တဲ့အခိုက်အတန့်ကတော့ နှစ်ယောက်လုံးရဲ့ဘဝမှာ မမေ့နိုင်တဲ့ ညတစ်ည ဖြစ်မှာ အကျိန်းအသေပါပဲ။

 

         

        အမေရိကန်နိုင်ငံ၊ Oregon ပြည်နယ်ရှိ John Nicotera လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ချစ်သူ Erica ကို နှစ်ပေါင်း (၆၀၀၀) ကျော်မှ တစ်ခါကြွေတဲ့ NEOWISE ကြယ်အောက်မှာ ကြယ်ကြွေချိန် လက်ထပ်ခွင့် တောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် John ဟာ သူ့ရဲ့အခင်ဆုံးသူငယ်ချင်း Tim Leach ကို အကူအညီ တောင်းပြီး အဲဒီအချိန်ကို အမိအရ

ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းခဲ့သလို Tim ကလည်း John ရဲ့ အကူအညီတောင်းမှုကို ပျော်ပျော်ကြီး လက်ခံခဲ့ပါတယ်။

 

Image

 

        John ဟာ NEOWISE ကြယ်ကြွေတာကိုကြည့်ဖို့ သူ့ချစ်သူ Erica ရယ်၊ John ရဲ့ မိသားစုရယ်နဲ့ သူငယ်ချင်းဓာတ်ပုံဆရာဖြစ်သူ Tim တို့ကိုခေါ်ပြီး New York ကို ထွက်လာခဲ့ပါတယ်။ NEOWISE ကြယ်ကြွေတဲ့အချိန်မှာ John ဟာ Erica အရှေ့ကိုရုတ်တရက် ဒူးထောက်ထိုင်ချလိုက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Ericaဟာ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့သလို Johnရဲ့ လက်ထပ်ခွင့်တောင်းတာကိုလည်း ခေါင်းငြိမ့်ခဲ့ပါတယ်။ အဲဒီလိုအချိန်တွေကိုလည်းတောက်လျှောက် Tim ကတော့ လှလှပပ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

      “အရမ်းပျော်တာပေါ့ဗျာ။ နှစ်ပေါင်း (၆,၀၀၀)ကျော်မှ တစ်ခါရှိတဲ့ကြယ်ကြွေညမှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းရတဲ့ ခံစားချက်က ဘာနဲ့မှကို မလဲနိုင်တာပါ။ ကျွန်တော်ပျော်သလို Erica လဲ အရမ်းပျော်နေမှာ အမှန်ပါပဲ။ ကျွန်တော့်တို့နှစ်ယောက်အတွက်တော့ အဲဒီညလေးဟာ တစ်သက်လုံးအမှတ်တရဖြစ်နေမှာတော့ ကျိန်းသေပါတယ်” လို့ John က ပြောကြားခဲ့ပါတယ်။

 

 

Source: Storypick သတင်းဌာန

Read times Last modified on Monday, 27 July 2020 17:53
Rate this item
(1 Vote)