နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ရဲ့  အချက်များ - ၂

နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ရဲ့  အချက်များ - ၂

လူအများကို ဆွဲဆောင်နိုင်တဲ့ နှစ်လိုဖွယ်ကောင်း သူတစ်ယောက်မှာတွေ့ရတဲ့ အရည်အချင်းတွေကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

body touch လုပ်တာ

 


တစ်ယောက်နဲ့တစ်ယောက် body touch လုပ်တာမျိုးဟာ communication တစ်ခုမှာ အ သုံးဝင်တဲ့ လက်နက်တစ်ခုပါ။

 


ဥပမာ-အစည်းအဝေးပွဲတစ်ခုမှာ၊ ပွဲလမ်းသဘင်တွေမှာဆိုရင် လက်ဆွဲ နှုတ်ဆက်တာမျိုးပါ။ ဒါကြောင့် လူတစ်ယောက်ကို သူ့ရဲ့ အောင်မြင်မှု အတွက် ဂုဏ်ပြုပေးချင်ရင် လက်ဆွဲနှုတ်ဆက်လိုက်တာမျိုး၊ ပခုံးပုတ်ပြီး အားပေး ဂုဏ်ပြုလိုက်တာမျိုး လုပ်တာဟာ ဒီအတိုင်း ဂုဏ်ယူပါတယ်ဆိုတဲ့ စကားထက် ပိုနွေးထွေး ထိရောက်ပါတယ်။

 


ပခုံးပုတ် အားပေးတာမျိုးကတော့ ကိုယ့်ထက်ရာထူးကြီး၊ အသက်ကြီးတဲ့ သူမျိုးကိုဆိုရင် ရှောင်သင့်ပါတယ်။ တစ်ခါတစ်လေမှာ body touch လုပ်ပြီးအားပေးဂုဏ်ပြုတာမျိုးက ပိုထိရောက်စေပါတယ်။

 

 

မျက်နှာ expressions ထည့်ခြင်း၊ လက်ဟန်ခြေဟန်ပြောခြင်း

 


စကားပြောတဲ့ အခါမျိုး၊ တစ်ယောက်ယောက်နဲ့ ဆက်သွယ်ပြောဆိုတဲ့ အခါမျိုးမှာ မျက်နှာ အမူအယာ နဲ့ လက်ဟန်ခြေဟန်ထည့်ပြီး စကားပြောတာမျိုးပါ။

 


ဒီအတိုင်း မျက်နှာသေ၊အမူအယာသေကြီးနဲ့ ပြော ဆိုနေတာထက် အမူအယာဟန်ပန်ထည့်ပြီး စကားပြောတာမျိုးက ပိုထိရောက်စေ ပါတယ်။

 


ဒါပေမယ့် ထည့်တာ အရမ်းများသွားရင်လည်း Over အမူအယာတွေ ဖြစ်သွားတဲ့ အတွက် အရမ်းကြီး မလိုအပ်ပဲ ထည့်သုံးတာမျိုး မလုပ်သင့်ပါဘူး။

 


မေးခွန်းအမေးကောင်းသူ၊ အပြောထက် နားထောင်တာများသူ

 


စကားဝိုင်းတစ်ခုကို ရောက်ပြီ၊ လူတစ်ယောက်ယောက်နဲ့ တွေ့ပြီဆိုရင် မေးခွန်းကောင်းကောင်း မေးတတ်သူတစ်ယောက် ဖြစ်ဖို့လည်း လိုပါတယ်။

 


နှစ်လိုဖွယ်ကောင်းသူတွေဟာ မေးခွန်းတွေ မေး ဖို့ကိုလည်း ၀န်မလေးတတ်သူပါ။

 


မေးခွန်းတွေ မေးပြီး တစ်ဖက်သူကို သူဟာ ယုံကြည်စရာ ကောင်းသူ တစ်ယောက်ဆိုတာကို တစ်ဖက်လှည့်နည်းနဲ့ ဖော်ပြတာပါ။

 


စိတ်ဝင်စားစရာကောင်းတဲ့ စကား ၀ိုင်းတစ်ခုဖြစ်လာဖို့ မေးခွန်းကောင်းကောင်းတွေနဲ့ မေးပြီး အစပျိုးတတ်သူပါ။

 


၎င်းအပြင် စကားဝိုင်း တစ်ခုမှာ သူတို့ဟာ ပြောတာထက် သူများပြောတာ၊ သူများပြောချင်တာကို နားထောင် ပေးတတ်ကြတဲ့ နားထောင်ကောင်းသူတွေပါ။

Read times
Rate this item
(1 Vote)
Tagged under