မင်္ဂလာစုံတွဲလေးတို့ ပွဲနေ့ကျမှ မေ့နေတတ်တဲ့ အရာတွေ

မင်္ဂလာစုံတွဲလေးတို့ ပွဲနေ့ကျမှ မေ့နေတတ်တဲ့ အရာတွေ google.com

မင်္ဂလာပွဲ တစ်ပွဲဖြစ်မြောက်အောင်မြင်ဖို့က တကယ့်ကို မလွယ်ကူတဲ့ အရာတစ်ခုပါ။

 

ကိုယ်တိုင်ကိုယ်ကျ ပါဝင်စီစဉ်ရတဲ့ မင်္ဂလာမောင်နှံတွေ အနေနဲ့ လည်း စိတ်ဖိစီး ပင်ပန်းမှုတွေ၊ မေ့လျော့မှုတွေ ရှိကောင်းရှိမှာပါ။ တချို့မေ့လျော့မှုတွေက မင်္ဂလာပွဲအောင်မြင်ပျော်ရွှင်ဖို့အတွက် အရေးသိပ်မပါပေမယ့် တချို့မေ့လျော့မှုတွေက မင်္ဂလာပွဲအတွက် အနှောင့်အယှက်တွေဖြစ်စေလို့ ဘာတွေကိုမမေ့သင့်သလဲဆိုတာကို ပြောပြပေးပါမယ်။

 

 

မင်္ဂလာခန်းမနေရာကို သေချာလမ်းညွှန်ပေးပါ

 

လာမယ့်ဧည့်သည်တွေက ဘယ်လိုလာရမယ်ဆိုတာ သေချာသိဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ လမ်းမသိလို့ GPS ဖွင့်ထားပေမယ့် လမ်းညွှန်ချက်တွေက မှားယွင်းတတ်ပြီး လက်တွေ့အခြေအနေမှာ အဲဒီထက်မြန်တဲ့ လမ်းကြောင်းတွေ ရှိပါတယ်။ မင်္ဂလာခန်းမရဲ့နေရာကို ဘယ်လမ်းကြောင်းတွေကလာရင် အကောင်းဆုံးဖြစ်မလဲဆိုတာ သေချာမေးပြီး ကိုယ်တိုင်လည်း အဲဒီအတိုင်း ကားနဲ့သွားကြည့်ပါ။ ပြီးရင်တော့ နေရာလမ်းညွှန်ကို ကိုယ့်ရဲ့Facebook စာမျက်နှာမှာဖြစ်စေ ဒါမှမဟုတ် မင်္ဂလာဖိတ်စာမှာ ရိုက်နှိပ်လို့ဖြစ်စေ သေသေချာချာ လမ်းညွှန်ပေးပါနော်။

 

 

ကိုယ့်လူတွေကို ကျွေးမွေးဖို့မမေ့ပါနဲ့

 

မင်္ဂလာဆောင်မှာ လာကူညီတဲ့သူတွေ၊ လက်ဖွဲ့ ခုံထိုင်ပေးတဲ့သူတွေ ၊ ဓာတ်ပုံဆရာတွေ၊ တီးဝိုင်းအဖွဲ့ဝင်တွေ စတဲ့ ကိုယ့်မင်္ဂလာဆောင်အတွင်း ကူညီမှုပေးနေကြသူတွေကိုလည်း မမေ့မလျော့ဘဲ ကျွေးမွေးဖို့လိုပါတယ်။ သူတို့က မင်္ဂလာဆောင်ချိန်ကာလအတွင်း နာရီပေါင်းများစွာ အလုပ်တွေအရမ်းလုပ်နေရပေမယ့် တစ်ခါတစ်ရံမှာ အဆာပြေမုန့်လေးတောင် မစားလိုက်ရဘဲ ဆာလောင်နေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ သူတို့အနေနဲ့ ဧည့်သည်တွေလို ဝိုင်းထဲမှာဝင်ပြီး စားသောက်လိုက်ဖို့လည်း အဆင်မပြေတဲ့အတွက် သူတို့အတွက် စားစရာသောက်စရာကို သီးသန့်စီစဉ်ပေးပါ။

 

 

ကိုယ်ပျော်ရွှင်ရဖို့လည်း မမေ့ပါနဲ့

 

ကိုယ့်မင်္ဂလာဆောင်မှာ တစ်ခုပဲ လုပ်ရမယ်ဆိုရင် အဲဒါ ကိုယ်ပျော်ရွှင်ရဖို့ပါပဲ။ သေသေချာချာရပ်၊ အသက်ရှူ၊ ပျော်ပျော်ရွှင်ရွှင်နေပါ။ ဒီအချိန်လေးက ကိုယ်ပျော်ရမယ့်အချိန်ပါ။ ဟန်လုပ်ပြီး ပြုံးနေရတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း အမြဲပြုံးရွှင်ရယ်မောနေဖို့ လိုပါတယ်။ ဒီမင်္ဂလာဆောင်ဖြစ်ဖို့ အချိန်တွေငွေတွေ အများကြီး ပေးခဲ့ရတယ် ဆိုပေမယ့် တကယ်ကျင်းပရတာကတော့ ခဏလေးပါ။ ဒါ့ကြောင့် အဲ့ဒိအချိန်ခဏလေးက ကိုယ့်အတွက်ပျော်ရွှင်တဲ့ အချိန်လေးတွေရှိဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဘက် အသစ်စက်စက်ဖြစ်သွားတဲ့ ချစ်ရသူနဲ့ ဒီလိုနေ့မျိုးမှာ ပျော်ပျော်ရွှင်ရွှင် ရှိနေဖို့လိုတယ်ဆိုတာ မမေ့နဲ့နော်။

 

 

Credit.Marry

Read times Last modified on Wednesday, 17 October 2018 17:31
Rate this item
(1 Vote)