လက်ထပ်ခွင့်တောင်းခံရတဲ့ အကြိမ်အရေအတွက်ကို ထုတ်ဖော်ပြောပြခဲ့တဲ့ Hwasa

လက်ထပ်ခွင့်တောင်းခံရတဲ့ အကြိမ်အရေအတွက်ကို ထုတ်ဖော်ပြောပြခဲ့တဲ့ Hwasa

MAMAMOO အဖွဲ့ဝင် Hwasa ဟာ သူ့ရဲ့ပရိသတ်တွေကို အတော်ကိုဂရုစိုက်ပြီးချစ်ခင်တဲ့ Idol တစ်ဦးဖြစ်ပါတယ်။ သူ့ပရိသတ်တွေအတွက်ဆိုရင် ကြမ်းပြင်ပေါ်မှာတောင် ဒူးထောက်ပြီးအမှတ်တရလက်မှတ်ထိုးပေးခဲ့တဲ့ Idol တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း ပရိသတ်တွေကအချစ်ပိုခဲ့ပြီး မကြာခဏဆိုသလို Fan Sign ပွဲတွေမှာ လက်ထပ်ခွင့်တောင်းခဲ့ကြပါတယ်။

 

သူ့ရဲ့နောက်ဆုံးပြုလုပ်ခဲ့တဲ့ Online Fansingn ပွဲမှာလည်း အရင်ကလိုပဲလက်ထပ်ခွင့်တောင်းခံခဲ့ရကြောင်း Hwasa က ထုတ်ဖော်ပြောပြလာခဲ့ပါသေးတယ်။ Hwasa ကတော့ သူလက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့အကြိမ်ရေဟာ အတော်ကိုများပြားနေခဲ့ပြီဖြစ်ကြောင်း ယခုလိုပြောကြားခဲ့ပါတယ်။

 

“ကျွန်မဆီကို လက်ထပ်ခွင့်တောင်းခံလာတဲ့အရေအတွက်ဟာ 10 Million လောက်ရှိခဲ့ပါပြီ။ ဒါကြောင့် ကျွန်မဟာ အခုဆိုရင် မင်္ဂလာပွဲ ၁၀ သန်းလောက်လုပ်ဖို့ရှိပါတယ်။ ယခုလို ကျွန်မအပေါ်ကိုအလေးအနက်ထားပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်”

 

Hwasa ဟာ July 26 ရက်နေ့က ကျင်းပခဲ့တဲ့ SBS’s ‘Inkigayo’ Music Show မှာ ‘Maria’ နဲ့အတူ ပထမဦးဆုံး Music Show Win ထားခဲ့ပါတယ်။

 


Source: koreaboo

Read times
Rate this item
(0 votes)