မင်္ဂလာမဆောင်ရသေးတဲ့သူများ အတွက် Real Wedding

မင်္ဂလာမဆောင်ရသေးတဲ့သူများ အတွက် Real Wedding

မင်္ဂလာမဆောင်ရသေးတဲ့သူများ တကယ့်မင်္ဂလာပွဲလုပ်ရာတွင် လွယ်ကူစေရန်အတွက်

လမ်းညွှန် ပေးနေတဲ့ Myanmar Wedding Guide တွင် တကယ့်မင်္ဂလာပွဲအကြောင်းအရာနှင့် သက်ဆိုင်တဲ့ စိတ်ကူးနဲ့ မည်သို့မည်ပုံ ပြုလုပ်ရမည့် အကြောင်းအရာများကို ဖော်ပြပေးထားပါတယ်။

 

မင်္ဂလာဆောင်လေးကတော့ SKY Star Hotel တွင် မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်မောင်မင်းခေါင်နှင့် သတို့သမီး မယဉ်မင်းသူ တို့အကြောင်းကို တင်ဆက် ပေးလိုက်ပါတယ်။

 

MMMK and MYMT8

မောင်မောင်မင်းခေါင်နှင့် မယဉ်မင်းသူတို့က ကိုယ့်ဘာသာ နှစ်ဦးသဘောတူကြည်ဖြူစွာ ချစ်ခင်စုံမက်သဖြင့် ချစ်သူသက်တမ်း ၄ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

 

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေး၍ မင်္ဂလာပွဲကျင်းပဖို့အတွက် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် Sky Star Hotel ၌ မင်္ဂလာဧည့်ခံပွဲလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

 MMMK and MYMT9

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများဖိတ်ဖို့အတွက် ဖိတ်စာကို ၂၅၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရှိ ရောင်နီဦး ဖိတ်စာဆိုင်တွင် ဒီဇိုင်းရော ဈေးနှုန်းကိုကြည့်ပြီး အပ်ခဲ့ပါတယ်။

 

မင်္ဂလာပွဲအတွက်ကို Wedding Planner ကို အပ်နှံခဲ့ပါတယ်။ MY Dream Wedding Service မှာ ၀တ်စုံအပ်ခဲ့ပါတယ်။ ၀တ်စုံကို သီးသန့်ချုပ်ပြီး (တော်ဝင်သူမေဦးမောင်) ထံမှ ပြန်ငှားပါတယ်။ ချုပ်ခနှင့် ငှားရမ်းခ ၁၀ သိန်းကျပ် ကုန်ကျခဲ့ပါတယ်။

 MMMK and MYMT7

နှစ်ဖက်မိဘတွေအတွက်ကိုလည်း ရက်ကန်းယက်ပြီး ချုပ်ပေးပါတယ်။ မိဘတွေကိုတော့ ဗိုလ်ချုပ်ဈေးထဲမှ ကိုထိန်လင်း (ပြည်စိုးအောင်) ဆီမှာ အပ်ခဲ့ပါတယ်။

 MMMK and MYMT

သတို့သားအရံနှင့် သတို့သမီးအရံအတွက်ကိုတော့ My Dream Wedding Service မှာ အပိုင်ချုပ်ပေးခဲ့ပါတယ်။ (တော်ဝင်သူမေဦးမောင်)

 MMMK and MYMT1

မိတ်ကပ်ဆရာကတော့ (တော်ဝင်သူမေဦးမောင်) နဲ့ပြင်ပါတယ်။ မိတ်ကပ်ဖိုး ၂ သိန်း ကုန်ကျခဲ့ပါတယ်။

 MMMK and MYMT2

ပန်းကိုတော့ ကိုငြိမ်းချမ်း Floria Shop မှာ ပြုလုပ်ခဲ့ပြီး ပန်းအစစ်တွေကိုသုံးခဲ့ပါတယ်။ ပန်းအတွက် ၅ သိန်း ကုန်ကျခဲ့ပါတယ်။

 MMMK and MYMT3

ခန်းမအပြင်အဆင်ကိုတော့ Hotel မှ တာဝန်ရှိသူများနှင့် Floria Shop (ကိုငြိမ်းချမ်း) တို့ ပူးပေါင်းပြီး ပြင်ဆင်ပေးခဲ့ပါတယ်။

 

My Dream Wedding Services မှ မင်္ဂလာဓာတ်ပုံနှင့် ဗီဒီယို ကို ရိုက်ကူးပေးပြီး မင်္ဂလာသီချင်းကို ယဉ်ကျေးမှုမှ မနှင်းနှင်းထူး (တေးသံရှင်) က သီဆိုပေးပြီး (စောင်းပညာရှင်) မစန်းစန်းကြည်မှ ပွဲချိန် (၂) နာရီ အတွင်း သီဆိုတီးခတ်ပေးခဲ့ပါတယ်။ ဘိသိက်ဆရာကတော့ ဦးသန်းမြတ်စိုးကို ငှားရမ်းခဲ့ပါတယ်။

 MMMK and MYMT4

မင်္ဂလာအခမ်းအနားကို နံနက် (၉း၀၀) မှ (၁၁း၀၀) နာရီအထိဖြစ်ပြီး ပွဲထွက်ချိန်ကတော့ (၉း၄၅) တွင် စခဲ့ပါတယ်။ မင်္ဂလာပွဲတွင် လက်ထပ်လက်စွပ်ရော မင်္ဂလာပန်းကုံးပါ ပြုလုပ်ခဲ့ပါတယ်။

 

အကျွေးအမွေးအတွက်ကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်၊ မုန့် (၃) မျိုးဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ ပြီးနောက် မင်္ဂလာကိတ်ကိုလည်း ဟိုတယ်၏အစီအစဉ်ဖြင့် ခွဲခဲ့ပါတယ်။

 MMMK and MYMT5

မွန်းလွဲ ၁၁း၀၀ နာရီတွင် မင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

 

ညစာစားပွဲအတွက်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည (၈း၀၀ မှ ၁၀း၀၀) နာရီအထိပြုလုပ်ခဲ့ပါတယ်။

 

ဧည့်သည်အယောက် ၅၀ မှ ၆၀ ကြား ဖိတ်ကြားပြီး ဟင်း (၆) မျိုး၊ ဘူဖေး၊ အရက်၊ ၀ိုင်၊ ကောက်တေး၊ အကင်မျိုးစုံဖြင့် ဧည့်ခံခဲ့ပါတယ်။

 

မင်္ဂလာပွဲအပြီးနောက်နေ့တွင် Honeymoon ခရီးကို သွားဖြစ်ခဲ့သေးတယ်။ Phukhet ကမ်းခြေ (ထိုင်းနိုင်ငံ) သို့ အလည်အပတ် (၅) ရက် ခရီးထွက်ခဲ့ပြီး ဟိုတယ်အမည်ကတော့ Secret Cliff Villa ဖြစ်ပါတယ်။

 

မင်္ဂလာဆောင်အပြီးအစီး သိန်း (၁၅၀ မှ ၁၆၀) ကြားရှိပါတယ်။

 

မင်္ဂလာ မဆောင်ရသေးတဲ့ မင်္ဂလာမောင်နှံတို့လည်း ဒီမင်္ဂလာပွဲလေးအကြောင်း ဖတ်ပြီး ကိုယ့်အလှည့်ရောက်ရင် ဘာတွေကြိုတင်ပြင်ရမယ်ဆိုတာ သိပြီးလောက်ပါပြီ။ နောက်လည်း Myanmar Wedding Guide ထဲသို့ လာရောက်ဖတ်ရှုတဲ့ စာဖတ်ပရိသတ်အတွက် ဒီထက်ပိုကောင်းတဲ့ အစီအစဉ်များကို တင်ဆက် ဖော်ပြပေးသွားပါမယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:09
Rate this item
(3 votes)