သောက်တတ်တဲ့ သတို့သားလောင်းတွေ မင်္ဂလာပွဲနေ့မှာ စမတ်ကျနေအောင်

သောက်တတ်တဲ့ သတို့သားလောင်းတွေ မင်္ဂလာပွဲနေ့မှာ စမတ်ကျနေအောင် google

သောက်တာများတဲ့ယောက်င်္ကျားလေးတွေအနေနဲ့ မျက်နှာအသားအရေမှာ ချွေးပေါက်တွေကျယ်လာပြီး မျက်နှာမှာအဆီပြန်တာနဲ့ မျက်နှာနီအမ်းအမ်းကြီးတွေ ဖြစ်လာတတ်ပါတယ်။
သောက်တတ်တဲ့ သတို့သားလောင်းတွေမင်္ဂလာပွဲနေ့မှာ စမတ်ကျအောင် ဘယ်လိုပြင်ဆင်မလဲ ?


ဒီနေ့ခေတ်မှာ မသောက်တတ်တဲ့ ယောက်ျားလေးဆိုတာ တော်တော်ရှားသွားပြီလို့တောင်ပြောလို့ရပါတယ်။


ကိုယ်တိုင်က နှစ်နှစ်ခြိုက်ခြိုက် ကြိုက်လွန်းလို့ သောက်တာမဟုတ်ရင်တောင် လူမှုရေးအရ၊ အလုပ်သဘောအရ မလွှဲမရှောင်သာဘဲ သောက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ဘာပဲဖြစ်ဖြစ် သောက်တာ များသွားရင်တော့ Alcohol ရဲ့ ဆိုးကျိုးတွေကို ခံစားရမှာ အမှန်ပါပဲ။


သတို့သားလောင်းလေးတွေကလည်း သောက်တတ်တယ်၊နောက်ပြီး Alcohol ရဲ့ ရိုက်ခတ် သက်ရောက်မှုတွေ ကလည်း မျက်နှာပေါ်မှာ ပေါ်လွင်နေတယ် ဆိုရင် မင်္ဂလာပွဲနေ့မှာ စမတ်ကျတဲ့ သတို့သားလေး ဖြစ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သတို့သားလောင်းတွေ ဘယ်လောက်ပဲ သောက်ထား သောက်ထား စမတ်ကျတဲ့ သတို့သားတွေ ဖြစ်စေဖို့ အရက်သောက်ခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာရပ်တွေကို ဘယ်လို ကာကွယ်တားဆီးရမလဲ ဆိုတာ ပြောပြချင်ပါတယ်။


သောက်တာ များလာရင်တော့ Alcohol ရဲ့ ဆိုးကျိုးတွေက မျက်နှာပေါ်မှာ ပေါ်လာတော့တာပါပဲ။


သောက်တာများတဲ့ ယောက်ျားလေးတွေ အနေနဲ့ဆိုရင်


မျက်နှာအသားအရေမှာ ချွေးပေါက်တွေ ကျယ်လာပြီး အဆီပြန်ပြန်နဲ့ နီနီ အမ်းအမ်းကြီးတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် နှာခေါင်းနေရာကတော့ အဆိုးဆုံးပါ။ ဘာ့ကြောင့် အဲ့လို ဖြစ်ရတာလဲဆိုတော့ အရက်ကြောင့် သွေးတိုးပြီး မျက်နှာအရေပြား အောက်မှာ ရှိတဲ့ ပါးလွှာလွန်းတဲ့ ဆံခြည်မျှင်သွေးကြောလေးတွေ ပေါက်ပြဲ ကုန်တာကြောင့် ဖြစ်ပါတယ်။


သတို့သားတို့အနေနဲ့ အရက်သောက်ခြင်းကြောင့်


မျက်နှာ နီမြန်းထူအမ်းတာကို ကာကွယ်နိုင်ဖို့ အတွက် မျက်နှာ အရေပြား အောက်က ဆံခြည်မျှင် သွေးကြောတွေ အလွယ်တကူ မပေါက်ပြဲဘဲ ခိုင်ခံ့အားကောင်းအောင် ပြုပြင်ယူရမှာ ဖြစ်ပါတယ်။ အဲ့လို ခိုင်ခံ့ဖို့ အတွက်ကလည်း Bioflavonoids ဓာတ်တွေ ခန္ဓာကိုယ်ထဲ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

 

အဲ့ဒိ Bioflavonoids တွေကတော့ Berries အုပ်စုဝင်တွေ ဖြစ်တဲ့ စတော်ဘယ်ရီသီး၊ Blue Berries သီး၊ Black Berries သီးနဲ့ Raspberries တို့မှာ ပါဝင်နေတာကြောင့်မို့ သတို့သားလောင်းများက များများစားပေးသင့်ပါတယ်။


တခြား ဘယ်ရီတွေက မြန်မာနိုင်ငံမှာ များများ စားစား မရနိုင်ပေမယ့် စတော်ဘယ်ရီကိုတော့ အလွယ်တကူ များများစားစား ဝယ်ယူစားသောက်နိုင်တာကြောင့် အဆင်ပြေပါတယ်။ နောက်ထပ် စားပေးသင့်တာကတော့ ဗီတာမင်စီ အုပ်စုဝင်တွေ ဖြစ်တဲ့ လိမ္မော်သီး၊ ရှောက်သီး၊ သံပရာသီး၊ သံပယိုသီးတို့ ဖြစ်ပါတယ်။ အဲ့ဒါတွေ အကုန်လုံးက အလွယ်တကူ ပေါပေါများများ ရနိုင်တာမို့ များများစားပေးခြင်းဖြင့် စမတ်ကျပြီး ခန့်ညားတဲ့ သတို့သားများ ဖြစ်နိုင်ပါပြီ။

 

source : Marry 

Read times Last modified on Monday, 04 February 2019 16:56
Rate this item
(1 Vote)