စေ့စပ်ပွဲမှာ ငွေကြေးသက်သာအောင် ဘယ်လိုလုပ်မလဲ?

စေ့စပ်ပွဲမှာ ငွေကြေးသက်သာအောင် ဘယ်လိုလုပ်မလဲ? google

စေ့စပ်ပွဲကို မလုပ်ဘဲလည်း မနေချင်ဘူး၊ အဲ့ဒိအတွက်လည်း ငွေကုန်ကြေးကျ မများချင်ဘူးဆိုတဲ့ စုံတွဲလေးတွေအတွက်

စေ့စပ်ပွဲကို ငွေကုန်ကြေးကျမများဘဲ ဘယ်လိုပြုလုပ်နိုင်သလဲဆိုတာ အကြံပေးချင်ပါတယ်။

 

 

နေရာ


စေ့စပ်ပွဲကို စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ သပ်သပ်မကျင်းပတော့ဘဲ အိမ်မှာပဲ အကျဉ်းရုံးသဘောမျိုး ကျင်းပမယ်ဆိုရင် နေရာငှားရမ်းခအတွက် ကုန်ကျစရိတ်ကို ချွေတာပြီးသား ဖြစ်သွားပါလိမ့်မယ်။

 

 

ဖိတ်ကြားရေး


ပြင်ပဧည့်သည်တွေကို သပ်သပ်ဖိတ်မနေတော့ဘဲ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ အခင်မင်ဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေလောက်ကိုပဲ ဖိတ်ကြားပါ။

 

 

ဖိတ်စာ


လူအနည်းစုကိုပဲ ဖိတ်မှာဖြစ်တဲ့အပြင် လူရင်းတွေချည်းပဲ ဖြစ်တာကြောင့်လည်း စေ့စပ်ပွဲအတွက် ဖိတ်စာသပ်သပ် လုပ်မနေပါနဲ့တော့။ တစ်ဦးချင်းဆီကို ကိုယ်တိုင်သာ ဖုန်းဆက်ပြီး ဖိတ်ကြားပါနော်။ ဖိတ်စာရိုက်နှိပ်ခအတွက် ငွေပိုမကုန်တော့ဘူးပေါ့။

 

 

အစားအသောက်

 

အစားအသောက်အတွက် စီစဉ်တဲ့နေရာမှာလည်း မလိုအပ်တာတွေအတွက် အကျယ်မချဲ့ပါနဲ့။ အလှအပ အပြင်အဆင်ကိုဦးစားပေးထားတဲ့ အစားအသောက်မျိုးကိုလည်း မရွေးချယ်ပါနဲ့။ သန့်ရှင်းလတ်ဆတ်ပြီး စားကောင်းတာမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။ အချိုပွဲအတွက်ကိုလည်း ပြင်ပက မှာယူတာမျိုးမဟုတ်ဘဲ ရာသီပေါ်သီးနှံတွေ တည်ခင်းမယ်ဆိုရင် အရသာလည်းရှိ ကုန်ကျစရိတ်လည်း ချွေတာပြီးသား ဖြစ်မှာပါ။

 

 

စေ့စပ်ပွဲလေးအတွက် ငွေကုန်ကြေးကျ မများရလေအောင် စီစဉ်ချင်တယ်ဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့အချက်လေးတွေအတိုင်း လုပ်ကြည့်ပါနော်။ အစားအသောက်အတွက် စီစဉ်တဲ့နေရာမှာလည်း မလိုအပ်တာတွေအတွက် အကျယ်မချဲ့ပါနဲ့။ အလှအပ အပြင်အဆင်ကိုဦးစားပေးထားတဲ့ အစားအသောက်မျိုးကိုလည်း မရွေးချယ်ပါနဲ့လို့  ပြောချင်ပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under