စေ့စပ်ကြောင်းလမ်း တောင်းရမ်းဖို့ ပြင်ထားရမယ့်အရာတွေ

စေ့စပ်ကြောင်းလမ်း တောင်းရမ်းဖို့ ပြင်ထားရမယ့်အရာတွေ google

စေ့စပ်ကြောင်းလမ်း တောင်းရမ်းတယ်ဆိုတာ မင်္ဂလာမောင်နှံအပြင် နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေအတွက်ပါ အရေးကြီးပါတယ်။

 

 

ဒီတော့ နှစ်ဦးနှစ်ဖက်စလုံး သေချာလေး ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ စေ့စပ်ကြောင်းလမ်း တောင်းရမ်းတဲ့ ပုံစံတွေက ဒေသပေါ် မူတည်ပြီး ကွဲနိုင်ပေမယ့် ဒေသ တော်တော်များများမှာ တောင်းရမ်းတဲ့အခါ ယူသွားလေ့ ရှိကြတဲ့ အရာလေးတွေ ပြောပြပေးလိုက်ပါတယ်။

 

 

သတို့သားလောင်းဘက်က ပြင်ဆင်ထားရမယ့် အရာတွေ

 

သတို့သားလောင်းက ပြင်ဆင်လာရမယ့် အရာတွေကတော့ ရွှေငှက်ပျောသီး() ဖီးလောက်၊ ဒါမှမဟုတ် ရခိုင်ငှက်ပျောသီး () ဖီးလောက် လိုပါတယ်။ ပြီးတော့ အောင်သပြေပန်းတွေကို ငှက်ပျောပွဲမှာ အလှဆင်ပြီး သယ်လာရမှာပါ။ လက်ဖက်အုပ် သယ်လာတာမျိုးဆိုလည်း ရပါတယ်။ တချို့ ဒေသတွေမှာတော့ တောင်းရမ်းငွေသား ထည့်ပါတယ်။ ဒါမှမဟုတ် ပစ္စည်းပေါ့။ ဒီအချက်ကတော့ သတို့သားနဲ့ သတို့သမီး ကြိုတင်ပြီး တိုင်ပင်ထားရမှာပါ။ တစ်ခါတည်းပဲ တင်တောင်းတဲ့ပစ္စည်းတွေ ယူလာမှာလား လက်စွပ်ပဲ အပြန်အလှန်လဲပြီး နောက်မှ မင်္ဂလာစရိတ် သတ်မှတ်ကြမှာလားပေါ့။ ဒီမျိုးလေး နှစ်ဦးသားတိုင်ပင်ထားပါ။ သတို့သမီးလောင်းလေးရဲ့ အိမ်ကို ဝင်တဲ့အခါ သတို့သားလောင်းဘက်က ဆွေမျိုးအကြီးအကဲ ဒါမှမဟုတ် အမေက အုန်းပွဲငှက်ပျောပွဲ ရွက်လာပေးရမှာပါ။ ဒါမှ အုန်းပွဲ ငှက်ပျောပွဲနဲ့ တင်တောင်းတာ ဖြစ်မှာပါ။

 

 

သတို့သမီးလောင်းလေးဘက်က ပြင်ဆင်ထားရမှာတွေ

 

သတို့သမီးလောင်းလေးတွေဘက်က အိမ်မှာ ပန်းလေးတွေ အလှဆင်ထားတာမျိုး ဦးစားပေးပြီး စီစဉ်ထားပါ။ မင်္ဂလာအိမ်ပေါ့။ ရပ်မိရပ်ဖနဲ့ ရှေ့အိမ်နောက်အိမ်က လူကြီးတွေကို တက်ရောက်ပေးဖို့ ဖိတ်ထားပေးပါ။ ပြီးတော့ ဧည့်သည်တွေကို ဧည့်ခံမယ့် စားစရာတွေလည်း ပြင်ဆင်ထားပေးပါ။ သတို့သားဘက်က တောင်းရမ်းတာကို လက်ခံမယ့် လူကြီးလည်း ကြိုတင်စီစဉ်ထားပြီး တောင်းရမ်းပွဲလေး အထမြောက်ကြောင်း ပြောပေးမယ့် လူကြီး ရှိဖို့လည်း လိုပါတယ်။

 

စုံတွဲလေးတို့ရေ ပြင်ဆင်ထားရမှာတွေ သိထားပြီးပြီဆိုတော့ နှစ်ဦးနှစ်ဖက်စလုံး ကြိုတင်ပြင်ဆင်ထားနော်။

 

 

Credit;Marry

Read times Last modified on Saturday, 12 January 2019 14:21
Rate this item
(1 Vote)