အိပ်ယာအခန်းအနား အပြင်အဆင်တွင် King Size နဲ့ Queen Size ကွဲပြားပုံ

အိပ်ယာအခန်းအနား အပြင်အဆင်တွင် King Size နဲ့ Queen Size ကွဲပြားပုံ

Queen Size နဲ့ King Size ကိုပြောရမည် ဆိုရင် ၂ ယောက်အိပ်နှင့် ၂ ယောက်ခွဲအိပ်လို့ပြောလို့ရပါတယ်။Queen ှSize က နှစ်ယောက်အိပ်ဖြစ်ပြီး King Size ထက်အနည်းငယ်သေးတာကြောင့် ကြင်စဦး ဇနီးမောင်နှံ ဘဝ တွင် တော့ နှစ်ယောက်တည်း ဆိုရင် အဆင်ပြေနိုင်ပါတယ် အကယ်၍ ကလေး ရလာပါက အဆင်မပြေနိုင်ပါဘူး အတော်လေး ကျဉ်းနေတယ်ခံစားရပါလိမ့်မယ်။

 

Queen Size နှင့် King Size အတိုင်းအတာ နှိုင်းယှဉ်ချက်

--------------------------------------------------------------------------

 

Queen Size နဲ့ King Size က ဒေါင်လိုက်အားဖြင့် ၈၀ လက်မ ရှိပါတယ်။
Queen Size က အလျားလိုက်အားဖြင့် ၆၀ လက်မ ( ၅ ပေ ) ရှိပြီး
King Size ကတော့ အလျားလိုက်အားဖြင့် ၈၀ လက်မ ( ၆ ပေ ၆ လက်မ နီးနီး ) ခန့်ရှိပါတယ်။

ဈေးနှုန်းအားဖြင့်တော့ Queen Size ထက် King Size က ပိုများပါတယ်။

 

အခန်းက ကျယ်တယ် ဆိုရင်တော့ King Size တွေက ကိစ္စ မရှိပါဘူး အခန်းကျဉ်းတဲ့ အခါမှာ အတော်လေး နေရာ ပစ္စည်း အထားအသို အခက်အခဲ နှင့် ကြုံနိုင်ပါတယ်။Queen Size က တော့ ပရိဘောဂ မှန်တင်ခုံ ၊ ဗီရို သင့်တင့် လျောက်ပတ်စွာထားတဲ့ အခန်းကျဉ်းမျိုးဆိုပိုသင့်တော်ပါတယ်။

 

တကယ်တန်းမှာ သက်တောင့်သက်သာ ရှိစေချင်ရင်တော့ အိမ်ထောင်သက် နည်းနည်း ကြာရင်လဲ အဆင်ပြေအောင် King Size ကိုဝယ်သင့်ပါတယ်။လင်မယားဆိုတာ မျိုးက ကြာလာရင်ပြောမရ ပါဘူး ချစ်လို့ ယူထားပေမယ့်လည်း ရန်ဖြစ်တဲ့ ညတွေရှိတယ် ၊ မျက်နှာကို မမြင်ချင်လောက်အောင်ကြည့်မရတဲ့ ည မျိုးတွေဆို King Size က အသင့်တော်ဆုံးပါပဲ။

 

အိပ်ယာနဲ့ ကုတင်နှစ်ခုစလုံးမှာ King Size ၊ Queen Size ခွဲသလို အိပ်ယာခင်း ၊ ခြုံစောင်စတာ တွေမှာလဲ King Size ၊ Queen Size လာတတ်ပါတယ်။မှားဝယ်မိတာ မျိုးတွေ သတိထားသင့်တဲ့ အရာတွေပါ။အကယ်၍လှလှ ပပ ထားမယ်ဆို ၁၀ ပေ ၁၂ လောက် Queen Size က နေရာ ယူပြီး ၊ King Size က ၁၀ ပေ ၁၄ လောက်နေရာ ယူပါတယ်။

 

တကယ်တန်းမှာ မင်္ဂလာ ခန်းဝင် ပစ္စည်းဝယ်တာ က သတိုးသား ၊ သတိုးသမီးလောင်းရဲ့ စိတ်ကြိုက်ရွေးချယ်မှု့ ပေါ်မှာ မှုတည်ပါတယ်။မိမိစိတ်ကျေနပ်ရာ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ကြပါစေ။

 

Queen vs. King size bed comparison

 

<<< Zawgyi >>>

 


---------------------------------------------------------------------------------------------

 


 


----------------------------------------------------------------------

 



 


 


 


 


 

Ref ; Wedding Tips

Read times
Rate this item
(0 votes)