Park Royal Hotel ၏ Your Wedding Your Way Wedding Fair ကို အနုပညာရှင်များစွာဖြင့် ပြုလုပ်ခဲ့

Park Royal Hotel ၏ Your Wedding Your Way Wedding Fair ကို အနုပညာရှင်များစွာဖြင့် ပြုလုပ်ခဲ့

၂၀၁၈ ခုနှစ်အတွက် အစောဆုံးကျင်းပတဲ့ မင်္ဂလာဝတ်စုံပြပွဲတစ်ခုလို့ ဆိုရမယ့်

Park Royal Hotel ၏ Your Wedding Your Way Wedding Fair ကို ဇန်န၀ါရီလ ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

ယင်းပြပွဲတွင် အနုပညာရှင်များစွာက ၂၀၁၈ ခုနှစ်အတွက် ဒီဇိုင်နာများ ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းသစ်များအား ၀တ်ဆင်ပြသခဲ့ခြင်းဖြစ်ကာ ဖျော်ဖြေရေး အစီအစဉ်များစွာကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 wedding1

Your Wedding Your Way Wedding Fair တွင် သရုပ်ဆောင် အကယ်ဒမီ ချစ်စနိုးဦး၊ မော်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်အစရှိတဲ့ အနုပညာရှင်အများအပြားက ပါဝင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ လုပ်ဖြစ်တာကတော့ ၂၀၁၈ အတွင်း မင်္ဂလာပွဲဆင်နွှဲဖို့ စီစဉ်ထားသူတွေအတွက် မင်္ဂလာဝတ်စုံဒီဇိုင်းသစ်များ၊ မင်္ဂလာခန်းမပြင်ဆင်မှုများ၊ လက်ဝတ်ရတနာနဲ့ ပန်းအလှဆင်ယင်မှုများ အစရှိတဲ့ မင်္ဂလာပွဲနှင့် ပတ်သက်တာတွေကို လေ့လာနိုင်စေရန်အတွက် ဖြစ်ပါတယ်။

 

ထို့ကြောင့် အစောဆုံး မင်္ဂလာဝတ်စုံပြပွဲတစ်ခုအနေနဲ့ စီစဉ်ဖြစ်ပြီး ယင်းပွဲတွင် ဒီဇိုင်နာများရဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်းအသစ်တွေပါဝင်ခဲ့သလို မင်္ဂလာအခမ်းအနားတစ်ခုအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်း ပြခန်းများ ထည့်သွင်းပြသထားကြောင်း သိရပါတယ်။

 wedding 2

ပြပွဲကိုလာရောက်ကြည့်ရှုရင်းနှင့် မင်္ဂလာမောင်နှံများ စာရင်းပေးသွင်းသူတွေအတွက်လည်း အထူးဈေးနှုန်းများနဲ့ ပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Your Wedding Your Way Wedding Fair တွင် ၂၀၁၈ ခုနှစ်အတွက် ဒီဇိုင်နာများ ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းများအား မော်ဒယ်လ်များနှင့် သရုပ်ဆောင်များက ၀တ်ဆင်ပြသခဲ့ပြီး အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်သွားကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(1 Vote)