လက်မလွှတ်နိုင်တဲ့ မိန်းကလေး - ၂

လက်မလွှတ်နိုင်တဲ့ မိန်းကလေး - ၂

အထက်တန်းကျကျ အလှဖန်တီးခြင်း


ပွဲလမ်းသွားစရာရှိနေချိန်မှာ ဘာမှကို ပြောစရာမလို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်ရှင်းသပ်ရပ်သော အလှတရားကို ချက်ချင်းဆိုသလို ဖန်တီး ဝတ်စားတတ်သူပါ။

 

 

ပြန်ရဖို့ကို မတွေးတောခြင်း

 

လူများက ကိုယ့်ဘက်ကို ကြည့်ပြီး အကူအညီပေးတတ်သူကများပါတယ်။ သူကတော့ ကူညီချင်လို့ကိုသာ ကူညီနေသူဖြစ်ပြီး ဘာမှပြန်မရလဲ ပြဿနာမရှိသူပါ။ စိတ်ရင်းနဲ့ ကူညီနေသူတစ်ယောက်ပါ။

 


ပတ်ဝန်းကျင်ကို ပျော်ရွှင်တိုးတက်စေရန် စွမ်းဆောင်နိုင်ခြင်း

 

ဘာတွေပဲဖြစ်ဖြစ် အကောင်းဘက်ကတွေးပြီး အားလုံးကိုလည်း အကောင်းဘက်ကမြင်တတ်အောင် ပြသနိုင်သူပါ။

 


ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်း

 

ဘယ်သူ့ကိုမဆို တည့်အောင် ပေါင်းသင်းဆက်ဆံတတ်သူပါ။ လူတန်းစားမခွဲ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်သူပါ။

 


အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ခြင်း

 

အလုပ်အတွက် အချိန်၊ မိသားစုအတွက် အချိန်ကို ကောင်းကောင်းဇယားချပြီး အသုံးချတတ်သူပါ။

 


မမောက်မာပဲ တည်ငြိမ်ခြင်း

 

ကိုယ့်ရဲ့အကြောင်းကို ကိုယ်အသိဆုံးဖြစ်ပြီး ဘယ်လိုပေါင်းသင်းဆက်ဆံနေထိုင်သင့်တယ်ဆိုတာကို နားလည်နေသူပါ။

Read times Last modified on Friday, 23 November 2018 13:15
Rate this item
(1 Vote)
Tagged under