မင်္ဂလာလက်ကိုင်ပန်း နှင်းဆီအနီရဲ့ အလှတရား

မင်္ဂလာလက်ကိုင်ပန်း နှင်းဆီအနီရဲ့ အလှတရား google

နှင်းဆီနီတွေနဲ့ ပြုလုပ်ထားတဲ့ သတို့သမီးလက်ကိုင်ပန်းစည်းလေးဟာ အဖြူရောင်နောက်ခံ ဒါမှမဟုတ် အလင်းပြန်နိုင်တဲ့မင်္ဂလာဝတ်စုံတွေနဲ့ လိုက်ပါတယ်။

အချစ်ရဲ့ သွင်ပြင်ကို အမွှမ်းတင်ဖော်ပြရာရောက်သလို သတို့သမီးလေးအတွက် သစ္စာရှိကြောင်း ညွှန်းဆိုရာလည်းရောက်ပါတယ်။ လှပပြီးတော့ ကျက်သရေလည်းရှိတယ်လေ။ အားလုံးကို နှင်းဆီပန်းတွေနဲ့ပဲ ဆင်ယင်ကြတဲ့အခါ အနီရောင်နှင်းဆီတွေနဲ့ပဲ လုပ်ထားတဲ့ ရိုးရာလက်ကိုင်ပန်း စည်းလေးကို သတိရမိစေပါတယ်။ မင်္ဂလာပွဲအတွက် ရွေးချယ်စရာ ပန်းတွေ ထောင်နဲ့ချီရှိတဲ့အထဲမှာမှ နှင်းဆီနီဟာ တစ်ရောင်တည်းဆိုသည့်တိုင်အောင် သတို့သမီးပေါင်းများစွာက ရွေးချယ်နေကြဆဲပါပဲ။ နှင်းဆီနီကို လက်ကိုင်ပန်းစည်းလေးအဖြစ် ပြုလုပ်တဲ့အခါ နည်းလမ်းတွေကတော့ မရေမတွက်နိုင်လောက်အောင် အများကြီးရှိပါတယ်။ ဂန္တဝင်လည်းဆန်သလို လန်းဆန်းမှုအသွင်လည်းဖြစ်စေတယ်။ ဘက်စုံသုံးလို့ရပြီး လုံးဝကို ပြိုင်ဘက်ကင်းအလှလည်း ရှိနေပြန်တယ်လေ။ သတို့သမီးဂါဝန်အဖြူရောင်လေးအတွက် အဓိကဆုံချက်ဖြစ်ဖြစ် ဖြည့်စွက်ပေးမယ့်ဖက်ရှင်ဖြစ်ဖြစ်အဆင်ပြေသလို သုံးနိုင်ပါတယ်။ ဟောဒီနှင်းဆီနီလေးတွေက သင့်ရဲ့မင်္ဂလာနေ့ရက်မှာ အချစ်နဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောနှောဖော်ပြပေးသွားကြမှာ ဖြစ်ပါတယ်။

 

 

original

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under