စေ့စပ်ခွင့် တောင်းတော့မယ်ဆိုရင်

စေ့စပ်ခွင့် တောင်းတော့မယ်ဆိုရင် google

ချစ်သူလေးတွေရဲ့ ဆက်ဆံရေးကိုတစ်ဆင့်ချင်းတက်လှမ်းတဲ့နေရာမှာ စေ့စပ်ပွဲလေးဆိုတာကတော့ လှေကားထစ်လေးတစ်ထစ်ပဲဖြစ်ပါတယ်။

ချစ်သူကို စေ့စပ်ခွင့်တောင်းတော့မယ်လို့ တွေးနေပြီလား။ စေ့စပ်ခွင့်တောင်းတော့မယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုဖတ်ပြီး ကိုယ်ချစ်တဲ့ချစ်သူလေးမငြင်းရက်နိုင်တဲ့စေ့စပ်ခွင့်လေးကိုပိုင်ဆိုင်လိုက်ပါနော်။

 

နေရာရွေးပါ

စေ့စပ်ခွင့် တောင်းခံမယ့်နေရာလေးကိုလည်း ကြိုတင်ရွေးချယ်ထားရမှာပါ။ ဒီတိုင်းကြီး စကားပြောနေတုန်း စိတ်ကူးပေါက်လာပြီး " ကိုယ်တို့ စေ့စပ်ကြမလားဟင် " လို့တော့ ကောက်ခါငင်ခါကြီး ပြောလိုက်ရင် အချစ်တွေကို အလေးမထားရာရောက်မှာပဲဖြစ်ပါတယ်။ ချစ်သူလေးကို စေ့စပ်ခွင့်တောင်းတော့မယ်ဆိုရင်တော့ တစ်သက်တာ မှတ်မှတ်ရရ ဖြစ်မယ့်နေရာလေး၊ အမှတ်တရတွေ၊ အမှတ်ရစရာလေးတွေစုနေတဲ့နေရာလေးတွေကို သေချာ ရွေးချယ်ပါနော်။

 

အချိန်ရွေးပါ

စေ့စပ်ခွင့်တောင်းဖို့ကို နေရာတော့ရွေးပြီးပြီ ဆိုရင်အချိန်ရွေးဖို့အလှည့်ပါပဲ။ ချစ်သူလေးကို စကားတီးခေါက်ကြည့်ပြီး သူအဆင်ပြေနိုင်မယ့်အချိန်ကို ရွေးချယ်ပါ။ တကယ်လို့ သူကသူ့ဟာသူတောင် လူမှုရေးကိစ္စတွေ၊ သာရေး၊ နာရေး၊ မိသားစုအရေးတွေနဲ့ ရှုပ်နေတဲ့အချိန်မျိုးတွေမှာ စေ့စပ်ခွင့်ကိုမတောင်းလိုက်မိဖို့ကတော့ အရေးကြီးပါတယ်နော်။ ချစ်သူလေး စိတ်ကြည်ပြီး ပြောလို့အဆင်သင့်ဖြစ်မယ့်အချိန်ကို ရွေးချယ်ပါ။

 

အစီအစဉ်ဆွဲပါ

နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ အစီအစဉ် သေချာဆွဲပါနော်။ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လိုလေး စေ့စပ်ခွင့်တောင်းမလဲဆိုတာ အတွက်အစီအစဉ်ကို သေချာဆွဲပါ။ စေ့စပ်လက်စွပ်လေးကို ဘယ်လိုပေးမလဲ ဆိုတာကိုလည်း မမေ့ပါနဲ့နော်။ ချစ်သူလေး အံ့အားသင့်သွားအောင် လက်စွပ်လေးကို ကိတ်မုန့်လေးထဲထည့်ပေးမလား။ ကော်ဖီခွက်နားလေးပဲ မသိသလိုလေး ထားထားပေးမလား။ ချစ်သူလေး ရှေ့ရောက်ရင် ဘယ်လိုလေး စေ့စပ်ခွင့်တောင်းမလဲ ဆိုတာကို သေချာအစီအစဉ်ဆွဲပါနော်။

 

စေ့စပ်ခွင့်တောင်းတဲ့အချိန် Yes ဆိုတဲ့အဖြေရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 25 February 2019 10:52
Rate this item
(0 votes)
Tagged under