Lee Min-jung နှင့် Lee Byun Hun တို့ကို ကြည့်ပြီး အိမ်ထောင်ပြုချင်စိတ် ပေါက်တယ်လို့ Lee Sang Yeob ဖွင့်ဟဝန်ခံ

Lee Min-jung နှင့် Lee Byun Hun တို့ကို ကြည့်ပြီး အိမ်ထောင်ပြုချင်စိတ် ပေါက်တယ်လို့ Lee Sang Yeob ဖွင့်ဟဝန်ခံ

ရုပ်ရှင်သရုပ်ဆောင် Lee Sang Yeob က မင်းသမီး Lee Min-jung နဲ့ မင်းသား Lee Byun Hun တို့စုံတွဲကို ကြည့်ပြီး အားကျမိတာကြောင့် သူလည်း လက်ထပ်ထိမ်းမြားလိုကြောင်း စက်တင်ဘာ ၁၄ ရက်နေ့တွင် စာနယ်ဇင်းများနှင့်တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခဲ့တာမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။


အင်တာဗျူးမှာ သူက 'Once Again' မှာ Lee Min-jung က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားလို့ အတူတကွ သရုပ်ဆောင်ဖြစ်ကြကြောင်း ပြောပြပါတယ်။
Lee Sang Yeob က
“ Lee Min-jung ကို အရင်ကတည်းက ကျွန်တော်သိပြီးသားပါ။ ဒါကြောင့် သူမနဲ့အတူ အလုပ်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ သူ့ခင်ပွန်း Lee Byung Hun ကလည်း ကျွန်တော်တို့ရဲ့ဒရာမာကို စောင့်ကြည့်နေပြီး သူကအကြံဉာဏ်ကောင်းတွေ အများကြီးပေးခဲ့တယ်” လို့ ပြောပါတယ်။

 

201471106_1280.jpg

 

မင်းသမီးက Lee Min-jung သည်မိသားစုကို ဦး စားပေးသူဖြစ်ကြောင်းလည်း သူက ပြောပြတယ်။
သူမရဲ့ သားကို ရိုက်ထားတဲ့ ဗီဒီယိုများကို အမြဲကြည့်နေပြီး သားရဲ့ ဓာတ်ပုံများကိုလည်း ရိုက်ကွင်းမှာ အချိန်ရတိုင်း ဖုန်းမှာ ဖွင့်ကြည့်လေ့ရှိတယ်လို့ Lee Min-jung က ပြောပြတယ်။
သူက ဆက်ပြီးပြောပြတာမှာ “ ငါတို့အနားယူချိန်မှာ သူကို ကြည့်လိုက်ရင် ဖုန်းစခရင်ကို ကြည့်ရင်း ပြုံးနေတာကို တွေ့ရတယ်။ Lee Byun Hun က သားရဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ပြီး ပို့ပေးလိုက်တာကို ကြည့်ရင်း ပြုံးပျော်နေတာ "

 

Lee-Sang-Yeob-1.jpg

 

သူက Lee Lee Min-jung ကို ကြည့်ပြီး မကြာမီ လက်ထပ်လိုက်ဖို့ ဆန္ဒဖြစ်မိတယ်လို့ ပြောပါတယ်။

Lee Min-jung နှင့် Lee Byun Hun တို့က ၂၁၀၃ ခုနှစ် ဩဂုတ်လမှ လက်ထပ်ခဲ့ကြတာဆိုတော့ အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်ပါပြီ။ သားလေးကို ၂၀၁၅ ခုနှစ် မတ်လမှာ မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် ၅ နှစ်သား ရှိပါပြီ။ ရုပ်ရှင်လောကသားတွေအကြား အားကျစရာ ချမ်းမြေ့တဲ့ မိသားစုဘဝတစ်ခုကို ရရှိနေကြပါတယ်။

 

201471104_1280_ggg.jpg

 

Source: news.sbs.co.kr

Read times Last modified on Friday, 18 September 2020 11:33
Rate this item
(1 Vote)