ကုန်ကျစရိတ်နည်းနည်းနဲ့ မင်္ဂလာဆောင်မယ်

ကုန်ကျစရိတ်နည်းနည်းနဲ့ မင်္ဂလာဆောင်မယ် google.com

ယနေ့ခေတ်မှာက မင်္ဂလာပွဲ တစ်ပွဲအတွက်ဆိုရင်  ငွေကုန်ကြေးကျ တော်တော်များပါတယ်။

 

ချဲ့ရင် ချဲ့သလောက်ကို ကုန်ကျမှာဖြစ်ပါတယ်။ စုံတွဲတွေအနေနဲ့ကလည်း ဒါကတစ်သက်မှာတစ်ခါဆိုတဲ့ စိတ်နဲ့ အကောင်းဆုံးနဲ့ အလှအပဆုံးဖြစ်ချင်မှာ အမှန်ပါပဲဖြစ်ပါတယ်။

 

ယခုတော့ မင်္ဂလာဆောင်တစ်ခုကို စရိတ်စက အနည်းဆုံးနဲ့ ဘယ်လို ကျင်းပမလဲဆိုတာ အကြံပြုပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်ဖိတ်ချင်တဲ့ သူတွေလည်း အကုန်ဖိတ်၊ ပျော်ရွှင်မှုလည်း မပျက်စီး၊ အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကို လမ်းညွှန်ပေးထားခြင်းဖြစ်ပါတယ်။

 

မင်္ဂလာဆောင်နေရာ


မင်္ဂလာဆောင်ဖို့ စပြီး စဉ်းစားပြီဆိုရင် နေရာကို အဓိက စဉ်းစားကြရမှာဖြစ်ပါတယ်။

 

အဓိက ကတော့ ဟိုတယ်တွေပဲဖြစ်ပါတယ်။ ဟိုတယ်တွေဆိုတာကလည်း များသောအားဖြင့် ဈေးကြီးကြပါတယ်။

 

နာမည်ကြီး ဟိုတယ်တွေထက်စာရင် မင်္ဂလာခန်းမလိုနေရာ၊ ရိုးရိုးမြေနေရာလွတ် တစ်ခုမှာ သေချာခင်းကျင်း ပြင်ဆင်ပြီး မင်္ဂလာဆောင်ခြင်း၊ ဘွတ်ခ်ကင်ကြပ်တတ်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးရှောင်မယ်ဆိုရင်တော့ အကုန်အကျစရိတ် သက်သာမှာဖြစ်ပါတယ်။

 

အစားအသောက်


ကျွေးမွေးရမယ့် အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ချွေတာနိုင်ပါတယ်။

 

အစားအသောက်ကို လေးလေးပင်ပင်တွေ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး စားသောက်လို့ ရတာတွေပဲ ကျွေးမွေးခြင်း၊ ပြီးနောက် အပြင်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် အကုန်အကျ သက်သက်သာသာနဲ့ သယ်လာခွင့်ပြုတဲ့ နေရာမျိုးရွေးမယ်ဆိုရင် ကုန်ကျစရိတ် သက်သာစေနိုင်ပါတယ်။

 

ဓါတ်ပုံသမား၊ ကင်မရာသမား


မင်္ဂလာဆောင် မှတ်တမ်းအတွက် ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်တာကလည်း ဈေးကြီးတဲ့အထဲ ပါဝင်ပါတယ်။

 

ထို့ကြောင့် ဓါတ်ပုံသမား၊ ဗီဒီယိုသမားခေါ်မယ်ဆိုရင် ကိုယ့်အသိထဲက (သို့) သူငယ်ချင်းကဖြစ်စေ၊ အခုမှ စလုပ်တဲ့သူတွေကိုဖြစ်စေ ခေါ်တာက ကုန်ကျစရိတ်ကို သက်သာစေနိုင်ပါတယ်။

 

တီးဝိုင်း၊ သီချင်း


မင်္ဂလာပွဲမှာ အဆိုတော်တွေခေါ်ပြီး သီချင်းဆိုခိုင်းတာက ကြီးကျယ်ခမ်းနားတယ်ဆိုပေမယ့် စရိတ်စက အတော်ကြီးပါတယ်။

 

ထို့ကြောင့် ကိုယ့်မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတွေကိုဖြစ်စေ တီးပေးဖို့၊ ဆိုပေးဖို့ အကူအညီတောင်းခြင်း က ပိုမကောင်းဘူးလား။ ပို၍ ပျော်စရာလည်း ဖြစ်စေပြီး ကုန်ကျစရိတ်သက်သာစေပါတယ်။

 

ပန်းစည်း


မင်္ဂလာပန်းစည်းဆိုတာကလည်း ချဲ့ရင်ချဲ့သလောက် စရိတ် ကုန်ကျနိုင်ပါတယ်။

 

ထို့ကြောင့် အလှဆုံးနဲ့ စရိတ်အနည်းဆုံးဖြစ်ဖို့  အသေးစိတ် ရွေးချယ်တာ အကောင်းဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာစေနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:52
Rate this item
(1 Vote)