မင်္ဂလာပွဲသတင်းကို သတင်းစာနှင့် ဂျာနယ်များတွင် ကြော်ငြာဖို့အချက်များ

မင်္ဂလာပွဲသတင်းကို သတင်းစာနှင့် ဂျာနယ်များတွင် ကြော်ငြာဖို့အချက်များ

စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်းကြေညာခြင်း၊ မင်္ဂလာဧည့်ခံပွဲပြုလုပ်ပြီးစီးကြောင်းကြေညာ ခြင်း၊

စုလျားရစ်ပတ် မင်္ဂလာပွဲအခမ်းအနားကျင်းပပြီးစီးကြောင်း ကြေညာခြင်းအတွက် ပြည်တွင်းသတင်းစာများဖြစ်တဲ့ ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ မြ၀တီသတင်းစာနှင့် ဂျာနယ်များတွင် မင်္ဂလာပွဲ ကြော်ငြာများကို မည်သည့် ဆိုက်ဖြင့် ထည့်ချင်သည်ကို အရင်ဆုံးထည့် သွင်းစဉ်းစားသင့်ပါသည်။

 

ယင်းအပြင် ပြည်တွင်း သတင်းစာများ၏ ဈေးနှုန်းနှင့် ရနိုင်မည့်ရက်တို့ အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

 

ကြော်ငြာထည့်ရာတွင် လိုအပ်သော လိပ်စာ၊ ဖုန်းနံပါတ်၊ ဆက်သွယ်ရမည့်သူ၊ နောက်ဆုံးပေးပို့ရမည့်ရက်၊ ဈေးနှုန်း၊ ဖော်ပြမည့်ဓာတ်ပုံ၊ ရေးသားဖော်ပြချင်သည့် စာသားများကို ထည့်သွင်းသင့်ပါတယ်။

 

ကြော်ငြာထည့်ရာတွင်လည်း မင်္ဂလာဆောင်ဖိတ်စာပါ အပါယူသွားရပါသည်။ သို့မဟုတ်ပါက သတင်းစာတိုက်မှ လက်ခံမည်မဟုတ်ပါ။

         

         

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(1 Vote)