မင်္ဂလာမဆောင်မီ ကြိုတင်ပြုလုပ်သင့်သည့်အချက်များ

မင်္ဂလာမဆောင်မီ ကြိုတင်ပြုလုပ်သင့်သည့်အချက်များ

မင်္ဂလာမဆောင်မီအချိန်တွင် သတို့သားနှင့် သတို့သမီးတို့ စိတ်သောကမရောက်ရလေအောင်

အောက်တွင် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာမဆောင်မီ ၁၂ လ အလိုတွင်

- နှစ်ဖက်မိဘများ တွေ့ဆုံစေ့စပ်ကြောင်းလမ်းခြင်း
- လက်ထပ်မည့်နေရာရွေးချယ်ထားခြင်း
- မင်္ဂလာပွဲပုံစံသတ်မှတ်ခြင်း

မင်္ဂလာမဆောင်မီ ၉ လ အလိုတွင်
- ဗေဒင်မေးပြီး မင်္ဂလာရက်သတ်မှတ်ခြင်း
- တက်ရောက်မည့်နှစ်ဖက်မိဘဆွေမျိုးများစာရင်းပြုစုခြင်း
- ခန်းမငှားရမ်းကုန်ကျစရိတ်တွက်ချက်ခြင်း
- သတို့သား၊ သတို့သမီး၊ အရံ လျာထားခြင်း
- ဓာတ်ပုံနှင့် ဗွီဒီယိုဆရာငှားရမ်းခြင်း
- ဘိသိတ်ဆရာငှားရမ်းခြင်း
- အလှဖန်တီးရှင်ငှားရမ်းခြင်း
- နေရာထိုင်ခင်းရှာထားခြင်း

မင်္ဂလာမဆောင်မီ ၆ လ အလိုတွင်
- တီးဝိုင်းနှင့်အဆိုတော်များရွေးချယ်ငှားရမ်းခြင်း
- ခန်းမငှားရမ်းခြင်း
- သတို့သား၊ သတို့သမီး၊ အရံများအတွက် ၀တ်စုံရွေးချယ်ခြင်း
- လက်ထပ်လက်စွပ်ဝယ်ယူခြင်း
- ပျားရည်ဆမ်းခရီးအတွက်ပြင်ဆင်ခြင်း

မင်္ဂလာမဆောင်မီ ၃ လ အလိုတွင်
- ဖိတ်စာနှင့် ပြန်အမ်းလက်ဆောင်ပြုလုပ်ခြင်း
- မင်္ဂလာအကြို ဓာတ်ပုံရိုက်ကူးခြင်း
- လက်ဝတ်ရတနာငှားရမ်းခြင်း
- ပျားရည်ဆမ်းခရီးအတွက် ဘိုကင်လုပ်ခြင်း

မင်္ဂလာမဆောင်မီ ၁ လအလိုတွင်
- ရပ်ဝေးမှ မိတ်ဆွေများအား မင်္ဂလာဆောင်ဖိတ်စာပို့ခြင်း
- သတို့သားနှင့် သတို့သမီးဆံပင်အလှပြုပြင်ခြင်း
- မင်္ဂလာကားစီစဉ်ခြင်း
- မင်္ဂလာပန်းကုံး၊ လက်ထပ်လက်စွပ်ဆင်မြန်းမည့်သူအားရွေးချယ်ခြင်း
- လက်ဖွဲ့ငွေနှင့် လက်ဖွဲ့ပစ္စည်းများ လက်ခံရန် သင့်တော်သူအား ရွေးချယ်ခြင်း

မင်္ဂလာမဆောင်မီ တစ်ပတ်အလိုတွင်
- မိတ်ဆွေများအား ဖိတ်စာပို့ခြင်း
- မင်္ဂလာပွဲတွင် ကူညီမည့်သူစာရင်းပြုစုခြင်း
- မင်္ဂလာဝတ်စုံကို ကြိုတင်မှာယူခြင်း
- ပျားရည်ဆမ်းခရီးအတွက် အထုပ်အပိုးများထည့်ထားခြင်း
- မင်္ဂလာပွဲတွင်ဝတ်ဆင်မည့် ဒေါက်မြင့်ဖိနပ်အား အစမ်းစီးခြင်း
- အသားအရေစို၍ လှပစေရန် ရေများများသောက်ထားခြင်း

အစရှိသည့် အချက်များသည် မင်္ဂလာမဆောင်မီ ကြိုတင်ပြင်ဆင်ရန်အတွက် သိရှိထားသင့်သည့် အချက်အလက်များဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:46
Rate this item
(1 Vote)