မင်္ဂလာပွဲ စီစဉ်ခြင်းအချက်များ - ၂

မင်္ဂလာပွဲ စီစဉ်ခြင်းအချက်များ - ၂ google.com

သင့်ရဲ့ပုဂိုလ်ရေးရာ သီးသန့်အကြောင်းအရာ တချို့ကို ဧည့်သည်တွေကို ဝေမျှပါ။

ကိုယ့် မင်္ဂလာဆောင်အတွက် ချစ်စရာအချစ် ဇာတ်လမ်းလေးတစ်ခုကို ဖတ်ရှုရဖို့ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။

 

ကိုယ့်ရဲ့ ဧည့်သည်တွေက မင်္ဂလာဆောင်ဟာ ဘယ်လောက်နှစ်သက်စရာ ကောင်းပြီး အမှတ်ရစရာ ကောင်းသလဲ ဆိုတာကို ပြောလို့ မဆုံးနိုင်အောင်ပါ။

 

နောက်ပြီး ကိုယ့်ရဲ့ Facebook ပေါ်က မင်္ဂလာဓါတ်ပုံအများအပြားကို ဖြန့်ဝေနေကြတဲ့ ဧည့်သည်အတော်များများလည်း ရှိပါသေးတယ်။

 

ရုပ်ရှင်ဗွီဒီယိုရိုက်ကူးသူအနေနဲ့ ရိုက်ကူးချက်အပိုင်းအစတွေကို ချိတ်ဆက်ဖို့ စိတ်ဖိဖိစီးစီးနဲ့လုပ်လိုက်ရပြီးနောက်မှာ ရလာတဲ့ ထူခြားတဲ့မင်္ဂလာဆောင်ရုပ်ရှင်တစ်ခုကိုလည်း နောက်ဆုံးမှာ ကိုယ်တွေ ရလိုက်တယ်။

 

ထို့ကြောင့် သင့်ရဲ့အချစ်ဇာတ်လမ်း အပိုင်းအစလေးတွေကို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်တာက သင့်ရဲ့မင်္ဂလာဆောင် ရုပ်ရှင်တွေကို အချိန်အကြာကြီး ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

 

မဖြစ်နိုင်ဘူး ထင်ရရင်တောင် စိတ်မဖိစီးပါစေနဲ့။

 

ဘာကြောင့် သင်တို့လက်ထပ်ရတယ်ဆိုတာကို မမေ့ပဲ သင်တို့နှစ်ဦးလုံးအတွက် အမှန်တကယ်အမှတ်ရနေမယ့် ပွဲတစ်ပွဲဖြစ်အောင် ကြိုးစားပါ။

 

သင့်ရဲ့ Vendor တွေ၊ ဓါတ်ပိုံက်သူတွေက သူတို့အလုပ်ကို အကောင်းဆုံးလုပ်သွား မယ်ဆိုတာ ယုံထားပါ။ မင်္ဂလာပွဲစတာနဲ့ ပွဲနဲ့လိုက်လျောညီထွေဖြစ်အောင်နေပါ။

 

ကိုယ်သတိတရဖြစ်မိတဲ့ အဖြစ်အပျက်ကတော့ ကိုယ့်ကို သတို့သားဆီ လက်တွဲခေါ်ဆောင်ပေးပြီးနောက်မှာ အဖေ့ရဲ့အိတ်ကပ်ထဲမှာ ကျမ်းသစာကျိန်ဆိုရမယ့် စာရှိနေတဲ့အတွက် အဖေ့ကို ကိုယ်က အော်ခေါ်လိုက်မိတဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။

 

အမျိုးသားနဲ့ နှစ်ယာက်တည်း အချိန်အနည်းငယ် ယူဖို့မမေ့ပါနဲ့။ ကိုယ့်ရဲ့ ဓါတ်ပုံဆရာက ဓါတ်ပုံရိုက်နေချိန်မှာ သူမရဲ့ရှေ့ဖြတ်လျှောက်ဖို့ အကြံပေးခဲ့တာ အတော်ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုရင် လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်တာက  ဆန်းသစ်တဲ့ မင်္ဂလာဓါတ်ပုံတွေ ရရှိစေပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:11
Rate this item
(1 Vote)