မင်္ဂလာပွဲနဲ့ပတ်သက်ပြီးအသေးစိတ်ကအစဘာတွေစီစဉ်ထားရမလဲ

မင်္ဂလာပွဲနဲ့ပတ်သက်ပြီးအသေးစိတ်ကအစဘာတွေစီစဉ်ထားရမလဲ google.com

ကိုယ်တိုင်သတို့သမီးလေး ဖြစ်တော့မယ့်သူလေးတွေအတွက်မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး ဘာတွေကိုမမေ့မလျော့ဘဲ အသေးစိတ်စီစဉ်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။

 

မင်္ဂလာပွဲတစ်ခုရဲ့အဓိကကျဆုံးသူလေးက သတို့သမီးလေးပါ။ သတို့သမီးလေးအတွက် ပြင်ဆင်ရမယ့်ကိစ္စတွေလည်း များပြားလှသလို အရေးပါတဲ့တာဝန်တွေကလည်းများပြားလှပါတယ်။ ကိုယ်တိုင်သတို့သမီးလေး ဖြစ်တော့မယ့် သူလေးတွေအတွက် မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး ဘာတွေကိုမမေ့မလျော့ဘဲ အသေးစိတ်စီစဉ်ထားရမလဲဆိုတာပြောပြပေးမယ်နော်။

 

 

ရှာဖွေပါ

 

ပထမဦးဆုံးက ရှာဖွေစုဆောင်းရမယ့်အလုပ်ပါ။ အင်္ကျီဒီဇိုင်းဆန်းတွေ၊ ဝတ်စုံဆိုင်တွေ၊ ဟိုတယ်တွေ ရဲ့ဝန်ဆောင်မှုတွေ၊ မိတ်ကပ်ပညာရှင်တွေရဲ့အကြောင်းရှာဖွေပါ။ Review တွေဖတ်ပါ။ ဈေးနှုန်းတွေ စုံစမ်းပါ။ လိပ်စာတွေကို မှတ်ထားပါ။ ရှာဖွေတဲ့ အခါမှာ ဖုန်းတွေ၊ I pad တွေ သုံးပြီး အင်တာနက်က ရှာပါ။ လိပ်စာတွေနဲ့ အချက်အလက်တွေကိုတော့ စာအုပ်ထဲမှာ ရေးမှတ်ထားပါနော်။ ဒီတော့မှ ပြန်ရှာဖွေတဲ့အခါ လွယ်ကူမှာပါ။

 

 

မေးမြန်းပါ

 

ကိုယ်ကောင်းတယ်ထင်လို့ ရွေးချယ်ထားတဲ့ ဆိုင်တွေ၊ လူတွေရဲ့ ဝန်ဆောင်မှုအကြောင်းတွေကို အသေးစိတ်တွေသိရအောင်လို့ ဖုန်းဆက်ပြီးမေးမြန်းစံစမ်းပါ။ မရှင်းလင်းတဲ့အချက်တွေကိုသေချာမေးမြန်းပါ။ ကိုယ်လိုချင်တာတွေ ရနိုင်မလားဆိုတာကိုလည်း သေချာအောင်စုံစမ်းကြည့်ပါ။ မင်္ဂလာဆောင်ပြီးသွားတဲ့ သူငယ်ချင်းတွေကိုလည်းဖုန်းဆက်ပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုစပ်စုပါ။

 

 

အသားအရေ ထိန်းသိမ်းပါ

 

သတို့သမီးလောင်းတစ်ယောက်ဖြစ်ပြီဆိုတာနဲ့စတင်လုပ်ဆောင်ရမယ့် ကိစ္စတွေထဲမှာအသားအရေထိန်းသိမ်းရမယ့်ကိစ္စကထိပ်ဆုံးကနေပါနေပါတယ်နော်။ အသားအရေကောင်းမွန်နေမယ်ဆိုရင်ဘယ်လို မိတ်ကပ်ပြင်ဆင်မှုမျိုး၊ ဘယ်လိုအဝတ်အစား ဒီဇိုင်းမျိုး၊ ဘယ်လိုအရောင်မျိုးနဲ့မဆို လိုက်ဖက်တဲ့အတွက် အသားအရေထိန်းသိမ်းမှုတွေကို ဂရုစိုက်ဆောင်ရွက်ပေးသင့်ပါတယ်။

 

 

လိုတာတွေကို စုဆောင်းပါ

 

သတို့သမီးလေးအတွက် လိုအပ်တဲ့ Accessories တွေဖြစ်တဲ့ အတွင်းခံတွေ၊ ဖိနပ်တွေကို သေချာဂရုတစိုက် ရွေးချယ်ပြီးစုဆောင်းထားပါ။ ဒါ့အပြင်မင်္ဂလာပွဲနေ့မှာလိုအပ်လာမယ့်တစ်ကိုယ်ရည်အလှပြင်ပစ္စည်းလေးတွေ ဖြစ်တဲ့ နှုတ်ခမ်းနီ၊ ရေမွှေးစတဲ့ပစ္စည်းလေးတွေကိုလည်း ကြိုတင်စုဆောင်းထားရပါမယ်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:45
Rate this item
(1 Vote)