မင်္ဂလာပွဲစီစဉ်ခြင်း အချက်များ

မင်္ဂလာပွဲစီစဉ်ခြင်း အချက်များ google.com

တကယ်အရေးကြီးတာကိုမမေ့ပါနဲ့

သတို့သားနဲ့ သတို့သမီးတွေကို အကောင်းဆုံးကျွန်တော်အကြံဥာဏ်ပေးချင်တာကတော့ ဒီပွဲကလူနှစ်ဦးပေါင်းစည်းကြတဲ့ အခမ်းအနားတစ်ခုဖြစ်တယ်ဆိုတာဘယ်တော့မှ မမေ့ဖို့ပါပဲ။

 

သင့်ရဲ့မေတ္တာကိုပေါ်လွင်ပါစေ (အခြားသူများကိုလည်း သင့်ရဲ့ ပျော်ရွှင်မှုကို မျှဝေခံစားမှုပေးပါ)

 

တစ်နေ့ကုန်သွားရင် အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကျွန်မတို့ လင်နဲ့ မယားဖြစ်မှာမို့ ဒီလိုအခမ်းအနားက ကျွန်မတို့အတွက် မယုံနိုင်စရာကောင်းအောင် ထူးခြားမယ်ဆိုတာသိလို့ ကျွန်မလက်ထပ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

 

ကျွန်မတို့အကြံပေးချင်တာက လက်ထပ်ပွဲဆိုတာ ပြီးပြည့်စုံနေဖို့မလိုဘူး။ သင်တို့မျှဝေကြတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာဆိုမှုတွေပဲ အရေးကြီးပြီးအခြားအရာတွေက အရံသက်သက်တစ်ခုသာဖြစ်တယ်ဆိုတာကိုနားလည်နိုင်ဖို့ပါ။

 

နောက်ပြီး ဒီပွဲကသင်တို့အတွက်ချည်းပဲ မဟုတ်ပါဘူး။ ဒါကသင်တို့ရဲ့လက်ထပ်၊ ဂုဏ်ပြုပွဲ အခမ်းအနားဆိုပေမယ့် သင့်ဘဝချစ်ခင်သူတွေနဲ့ သင့်ကိုပံ့ပိုးပေးခဲ့သူတွေကို ကျေးဇူးတင်စကားပြောနိုင်မယ့် အခွင့်အလမ်းလည်းဖြစ်ပါတယ်။ သင့်ရဲ့ ချစ်ခြင်းမေတ္တာကို ဖြန့်ဝေပေးလိုက်ဖို့ဖြစ်ပြီး ပျော်စရာတွေ ဖန်တီးနိုင်ပါတယ်။

 

လုပ်စရာတွေကိုတစ်ခုချင်းစီလုပ်သွားပါ

 

လက်ထပ်အခမ်းအနားပြင်ဆင်ရာမှာ အချိန်ပြည့်အကူအညီပေးမယ့် Wedding Coordinator တစ်ဦးမရှိဘဲ မင်္ဂလာပွဲကို စီစဉ်ရာမှာ အလွယ်တကူ ဗျာများသွားနိုင်ပါတယ်။

 

ဒါပေမယ့် နေ့ရက်နဲ့ နေရာကို ရွေးပြီးရင်တော့ ကျန်တာတွေက အစီအစဉ်တကျ ဖြစ်သွားပါလိမ့်မယ်။

 

ဓါတ်ပုံ၊ အ၀တ်အစား၊ အစားအသောက်၊ တေးဂီတ၊ ပန်းအလှဆင်ခြင်း စတာတွေထဲက အရေးကြီးဆုံးသုံးခုလောက်ကို စဉ်းစားထားပါ။ အဲဒါတွေကို စာရင်းမှတ်ပြီး ဖြည်းဖြည်းလုပ်သွားပါ။

 

အရေးကြီးဆုံးကတော့ ဒီလိုအရာတွေက မင်္ဂလာနေ့ရောက်လာတဲ့အခါ မျက်တောင်တခတ်အတွင်း ပျောက်သွားမှာပါ။

 

တစ်နှစ်လုံးလုံး မင်္ဂလာရက်အတွက် ပြင်ဆင်ခဲ့ရတာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုက်ထုတ်ထားခဲ့ရတဲ့ ငွေ နဲ့ အချိန်တွေဟာ မင်္ဂလာနေ့နဲ့အတူ ဖြတ်ခနဲ ကုန်သွားမှာဖြစ်လို့ အစီအစဉ်တစ်လျှောက်လုံးမှာ ပျော်ပျော်နေဖို့ကြိုးစားပါ။

 

အချိန်အများကြီးစိတ်ဖိစီးမှုတွေ ခံစားနေနိုင်ပေမယ့် မင်္ဂလာပွဲလုပ်တဲ့ အချိန်နဲ့ အစီအစဉ်တစ်ခုလုံးမှာ ပျော်ပျော်နေလိုက်ပါ။ ဘာကြောင့်လဲဆိုရင် ပွဲပြီးသွားတဲ့အခါ ဒီလိုပွဲမျိုးကို သင်လွမ်းဆွတ် သတိရနေမှာဖြစ်ပြီး ပြန်လိုချင်နေမှာ ဖြစ်လို့ပါပဲ။

 

တစ်ဦးနဲ့ တစ်ဦးအချိန်ပေးပါ

 

မင်္ဂလာအစီအစဉ် လုပ်ဆောင်ရာမှာ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်ပဲလုပ်စရာရှိတာတွေကို တစိုက်မတ်မတ် လုပ်နေတတ်ကြပါတယ်။

 

မင်္ဂလာာပွဲအတွက် ကျွန်မတို့အစီအစဉ်ဆွဲနေတဲ့ တစ်နှစ်လုံးမှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောာက် တွေ့တဲ့အခါတိုင်း မင်္ဂလာဆောင်အတွက် အစီအစဉ်ချစရာတွေ၊ သွားစရာချိန်းထားတာတွေ ရှိနေသလို ခံစားခဲ့ရတယ်။ နောက်ဆုံးမှာ မင်္ဂလာရက်ဆိုတာ ဘဝတစ်သက်တာအချိန်ရဲ့ နေ့တစ်နေ့မျှသာပါပဲ။ ဒီလိုနေ့ကို ကောင်းမွန်တဲ့ အခြေခံကျတဲ့ ဆက်ဆံရေးနဲ့ လုပ်သွားဖို့အရေးကြီးပါတယ်။

 

နောက်ဆုံးအနေနဲ့ မင်္ဂလာရက်တစ်ခုလုံးရဲ့ ခံစားချက်တွေ၊ မြင်ကွင်းတွေ၊ အနှံ့အသက်တွေ၊ အသံတွေကိုအာရုံပြုနိုင်ဖို့ ခေတ္တခဏ အနားယူပါ။ သင်မသိလိုက်၊ မသိဘာသာရှိနေတုန်းမှာပဲ မင်္ဂလာနေ့နဲ့ အစီအစဉ်အားလုံးဟာလျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားပါလိ့မ်မယ်။

 

သင့်အမျိုးသားကိုတတ်နိုင်သမျှ များများအကြင်နာပေးပါ

 

ဒီနေ့မတိုင်ခင် ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လိုက်ပါ။ စိတ်ဖိစီးမှုက သင့်ရဲ့ အရေးကြီးတဲ့နေ့ကို စိတ်ပျက်စရများဖြစ်စေမှာ ဖြစ်လို့ ဖြစ်သမျှအတိုင်း လက်ခံပါ။

 

ထိန်းချုပ်ထားတာတွေကို ဖြေချလိုက်ပြီး အလိုက်သင့်သာနေလိုက်ပါ။ အချိန်တွေ အကုန်မြန်လွန်းတာကြောင့် အချိန်တိုင်းမှာ ပျော်ပျာ်နေပါ။ အဲဒီနေ့မှာသင့်ရဲ့ လင်ယောက်ျားကိုတတ်နိုင်သမျှ များများအကြင်နာပေးပါ။

 

ဒါကသင်တို့နှစ်ဦးအတွက်သာ ဖြစ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။

Read times Last modified on Wednesday, 19 September 2018 15:12
Rate this item
(0 votes)