အိန္ဒိယနိုင်ငံ ကတ်ရှမီးယားဒေသတစ်ခွင်ကလည်ပတ်စရာနေရာများ…

အိန္ဒိယနိုင်ငံ ကတ်ရှမီးယားဒေသတစ်ခွင်ကလည်ပတ်စရာနေရာများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို အိန္ဒိယနိုင်ငံ ကတ်ရှမီးယားဒေသတစ်ခွင်ကလည်ပတ်စရာနေရာလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဟန်းနီးမွန်းပဲသွားသွား၊Prewedding အတွက်ပဲ ရွေးချယ်ရွေးချယ် အဆင်ပြေတဲ့နေရာလေးတွေဖြစ်တာကြောင့် အားလုံးပဲ သဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်။

အရင်ဦးဆုံး စစ်သည်ပေါင်း 90000 ကျော်ကို ဂုဏ်ပြုသည့် အနေဖြင့် ထည်ဝါစွာတည်ဆောက်ထားသော INDIA GATE၊ ဗိသုကာလက်ရာဖြင့် ပန်းပွင့်ပုံသဏ္ဌာန်ဖန်းတီးတည်ဆောက်ထားပြီး

ဗိသုကာဆုကို အကြိမ်ကြိမ်ဆွတ်ခူးခဲ့သည့် ဒေလီမြို့မှ အထင်ကရလည်ပတ် ရန်နေရာဖြစ်သည့် LOTUSTEMPLE၊

နယူးဒေလီမြို့၏ ဗုဒ္ဓဘုရားကျောင်းတစ်ခုဖြစ်သော SATIPATHAN TEMPLE စတဲ့နေရာကိုသွားရောက်လည်ပတ်ရင်းအမှတ်တရဓာတ်ပုံတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ2700 ကျော်တွင် တည်ရှိသောကက်ရှမီးယားဒေသ၏ အလှဆုံးValley များထဲမှ တစ်ခုဖြစ်သောBaisaran ValleyရှိရာPahalgam နှင်းတောင်၊

ဘောလိဝုဒ်ဇာတ်ကားများတွင် ပါဝင်လေ့ရှိပြီး နှင်းဖုံးတောင်တန်းများဖြင့် ရှုမငြီးသည့် အလှအပများရှိသည့် ကက်ရှမီးယားကျေးလက်ဒေသ၊

ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၀ မီတာအမြင့်ရှိပြီးကမ္ဘာ့အလှဆုံး နှင့် အကောင်းဆုံး နှင်းလျှောစီးရာနေရာဖြစ်သော Gulmargနှင်းတောင်တန်း၊

Gulmarg နှင်းတောင် base camp ွတင် ကက်ရှမီးယားဒေသအစားအစာကိုမြည်းစမ်းကြည့်ပါနော်။ Ice Skating ပြုလုပ်လိုသူများအနေနှင့်လည်းနှင်းလျှောစီးကိရိယာများငှားရမ်းကာ နှင်းလျှောစီးနိုင်ပါတယ်။

ဒါ့အပြင် ဆရီနာဂါမြို့၏ အကြီးဆုံးနှင့် အလှဆုံးဖြစ်သော Dal Lakeသို့ သွားရောက်ကာ Shikara Ride စီးနင်းရင်းရေကန်ဝန်းကျင်အလှအပများကိုခံစားကြည့်ရှုနိုင်မှာဖြစ်သလို

ပန်းပေါင်းစုံများနှင့်လှပနေတဲ့ Mughal Emperor တို့ အပန်းဖြေရာပန်းဥယျာဉ်များဖြစ်သည့် Nishat& ShalimarGarden နှင့်Tulip Garden ကိုသွားရောက်လည်ပတ်ကြည့်ပါ။

ရှေးဟောင်းနန်းတော်တစ်ခုဖြစ်ခဲ့သည့်နတ်သမီးနန်းတော် ဟုတင်စားရသည့် PariMahal Garden၏အလှအပတွေကို သွားရောက်မှတ်တမ်းတင်နိုင်မှာဖြစ်သလို

အာဂရာမြို့သို့ ရောက်ရှိသောအခါ ကမ္ဘာ့အံဖွယ်စာရင်းဝင် 7 Wonder of the Worldတွင်တစ်ခုအပါအဝင်ဖြစ်ပြီး

Marble ကျောက်တုံးများဖြင့် လှပသေသပ်ပြီး (၁၇) နှစ်တိုင် အောင်တည်ဆောက်ခဲ့သော အိန္ဒိယနိုင်ငံ၏ Landmark ဖြစ်သည့် တာ့ဂျ်မဟာနဲ့

အန္ဒိယ၏ နာမည် ကျော် ခံတပ်ကြီးတစ်ခုဖြစ်သော UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့် Agra Fort ကိုပါသွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

Car,Truck Rental (669) ခုကို သိရှိလိုပါက နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...














Marble ကျောက်တုံးများဖြင့် လှပသေသပ်ပြီး (၁၇) နှစ်တိုင် အောင်တည်ဆောက်ခဲ့သော အိန္ဒိယနိုင်ငံ၏ Landmark ဖြစ်သည့် တာ့ဂ်ျမဟာနဲ့



 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under