အာရှ ရွှေအရွေ့များ

အာရှ ရွှေအရွေ့များ google

စင်ကာပူမှာ ရွှေဈေးကျတာကြောင့် ကျဈေးဖြင့် ဝယ်ယူလိုသူများက ရွှေကို ဝယ်ယူကြတာမို့ ဝယ်လိုအား များသွားပြီး ဈေးပြန်တက်တယ်။

 

ရွှေဈေးကျခဲ့တုန်းကတော့ ရွှေကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သိမ်းထားကြသူတွေ ငွေ ပြန်ဖော်ချင်လို့ ရောင်းချကြတာကြောင့် ဈေးကျသွားခဲ့ရတာ ဖြစ်ပါတယ်။

 

premiums ရွှေ တစ်အောင်စကို ဒေါ်လာ ဝ.၇၀ မှ ဝ.၈၀ အထိ ဈေးပြန်တက်တယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဒေါ်လာ ဝ.၅၀ မှ ဝ.၆၀ အထိသာ ရှိခဲ့တယ်။ 

 

ရွှေတုံးရောင်းအား ထိုးတက်တယ်။

 

အိန္ဒိယမှာ တရားဝင်ရွှေဈေးမှာ သွင်းကုန်ခွန် ၁၂% နဲ့ အရောင်းခွန် ၃% ပါဝင်တယ်။

 

လဆန်းပိုင်းက ၁၀ ဂရမ်ကို ရူပီ ၄၄ ၉၆၁ ရှိခဲ့ပြီး ပြီးခဲ့တဲ့ သောကြာ ဈေးပိတ်ချိန်မှာ ၄၀ ၇၀၀ အထိ ကျသွားတယ်။

 

ဝယ်ချင်သူတွေအတွက်တော့ ကျဈေးဖြင့် ဝယ်ဖို့ အခွင့်ကောင်း ဖြစ်ပေမဲ့ လက်လီအရောင်းတွေ ငြိမ်နေတယ်။

 

လက်ဝတ်ရတနာ လုပ်သူတွေ လက်ကားဝယ်ယူမှုသာ မြင့်တက်ခဲ့တယ်။ လော့ဒေါင်း စီမံချက်ကြောင့် လက်ဝတ်ရတနာဆိုင်တွေ ပိတ်ထားကြတယ်။


ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂလားဒေ့ရှ် လက်ဝတ်ရတနာအသင်းက ရွှေအမျိုးမျိုးတို့ရဲ့ ဈေးနှုန်းတွေကို လျှော့ချသတ်မှတ် လိုက်တယ်။

 

ဈေးနှုန်းအသစ်မှာ အရည်အသွေး အမြင့်မားဆုံး ရွှေဆိုရင် တစ်ဘိုရီ (၁၁.၆၆၄ ဂရမ်)ကို ၆၀ ၃၆၂ တာကာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က စတင်သက်ရောက်ပါတယ်။

 

ဂျပန်မှာ ပရီမီယံ ရွှေ တစ်အောင်စကို ဝ.၅၀ မှ ၁ ဒေါ်လာအထိ ဈေးပေါက်ပါတယ်။

 

<<<Zawgyi>>>

 














Read times
Rate this item
(0 votes)
Tagged under