စင်းလုံးချော ၁၀၂ ကာရက် စိန်ဖြူ ဒေါ်လာ ၁၆ သန်းဖြင့် လေလံဆွဲ

စင်းလုံးချော ၁၀၂ ကာရက် စိန်ဖြူ ဒေါ်လာ ၁၆ သန်းဖြင့် လေလံဆွဲ BBC

ရှားပါးပြီး ၁၀၂ ကာရက်ရှိစိန်ဖြူကို ဒေါ်လာ ၁၅.၇ သန်း (ပေါင် ၁၂.၁ သန်း) ဖြင့်ရောင်းချခဲ့သည်ဟု ကျွမ်းကျင်သူများကပြောကြားခဲ့သည်။

 

ကျောက်မျက်ရတနာသည် အမည်မဖော်ပြလိုသောသူက ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ဖုန်းဖြင့် လေလံဆွဲသူဖြစ်သည်။ လေလံတင်မှုကို Sotheby's မှ ဟောင်ကောင်တွင် အွန်လိုင်းမှ လေလံတင်ရောင်းချခြင်း ဖြစ်သည်။

 

၂၀၁၈ ခုနှစ်တွင် ကနေဒါနိုင်ငံရှိ သတ္တုတွင်းတွင် ရှာဖွေတွေ့ရှိခဲ့သော ၂၇၁ ကာရက်ရှိကျောက်တုံးမှ ၎င်းစိန်ကို ရရှိခဲ့သည်။ အရည်အသွေး အတူတူ ဖြစ်ပြီ ၁၀၀ ကာရက်ကျော်သော စိန်ပွင့် နောက်ထပ် ၇ ခုကိုလည်း တူးဖော်ရရှိခဲ့ပြီး စိန်သွေးသည့် အဆင့်သို့ မရောက်ရှိသေးချေ။

 

လေလံတင်ရာ၌ ထူးခြားချက်မှာ ရောင်းချသူက ကြမ်းခင်းဈေး မည်ရွေ့မည်မျှဟု သတ်မှတ်ခြင်း မပြုဘဲ လေလံတင်ခိုင်းခြင်း ဖြစ်သည်။ ထိုသို့ စိန်ကို ကြမ်းခင်းဈေး မသတ်မှတ်ဘဲ လေလံတင်ခိုင်းသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ရှေးယခင်က မရှိခဲ့ဘူးပေ။

 

ကနေဒါသည် အရည်အသွေးမြင့် စိန်တုံးများ ထွက်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ အရည်အသွေးကောင်းကောင်း အရွယ်အစားကြီးကြီး စိန်များ ထွက်သည်။ လွန်ခဲ့သည့်နှစ်နှစ်က ကနေဒါနိုင်ငံမှ Dominion Diamond Mines ကုမ္ပဏီ

သည် စိန်ဝါ ၅၅၂ ကာရက် ကို ရရှိခဲ့ဖူးသည်။ အဆိုပါ စိန်တွင်းသည် အာတိတ်စက်ဝန်း တောင်ဘက် ၁၃၅ မိုင် အကွာတွင် တည်ရှိသည်။

 

 

 

By Sandi ( Gold & Jewellery Buying Guide )

Ref: BBC

Read times Last modified on Thursday, 08 October 2020 10:34
Rate this item
(0 votes)
Tagged under