ရေထဲ လွှင့်ပစ်တဲ့ လက်ထပ်စိန်လက်စွပ်ကို တွေ့အောင် ရှာနိုင်ခဲ့သူ

ရေထဲ လွှင့်ပစ်တဲ့ လက်ထပ်စိန်လက်စွပ်ကို တွေ့အောင် ရှာနိုင်ခဲ့သူ google

ဆိုရှယ်မီဒီယာတွေကြောင့် လူချင်းဝေးနေပေမယ့် သတင်းတွေကတော့ နီးနေစေတာ အမှန်ပါပဲ။

 

ဗီဒီယို အတိုတွေ တင်ဖို့အတွက်ဖြစ်တဲ့ ဆိုရှယ်မီဒီယာ TikTok ကို သုံးစွဲသူ အကောင့် ပိုင်ရှင်အမျိုးသမီး @tinktink79 ဟာ

 

သူ့လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့ စေ့စပ်လက်စွပ်နဲ့လက်ထပ်လက်စွပ်ဖြစ်တဲ့ စိန်လက်စွပ်တွေကို မြစ်တစ်ခုထဲ

 

လွှင့်ပစ်လိုက်ပြီဖြစ်တဲ့အကြောင်း TikTok မှာ တင်ပြခဲ့တယ်။ သူ့ခင်ပွန်းက ဖောက်ပြန်တာမို့ အခုလို လုပ်လိုက်တာလို့လည်း ရှင်းပြထားတယ်။


အဲဒီလို လွှင့်ပစ်လိုက်တဲ့ စိန်လက်စွပ်ကို ရေငုပ်သမားတစ်ဦးက ရေငုပ်ရှာဖွေပြီး တွေ့အောင် ရှာနိုင်ခဲ့ပါတယ်။


tinktink79 က လက်ထပ် စိန်လက်စွပ် မြစ်ရေထဲ လွှင့်ပစ်တဲ ဗီဒီယို တင်ပြီးချိန်မှာ ဗီဒီယိုကို ကြည့်ရှုကြသူတွေထဲမှ

 

ာ စိန်လက်စွပ်ကို ရေငုပ်ပြီး ပြန်ယူမယ်လို့ အပြောင်အပြက်ရေးသားတုံ့ပြန်ခဲ့ကြတယ်။

 

မြစ်ထဲ ပစ်လိုက်တဲ့ စိန်လက်စွပ်ကို ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲကျတဲ့ အပ်ကို ရှာရတာထက် ပိုခက်ခဲပါတယ်။

 

အဲဒီလို ခက်ခဲတာကို ရေငုပ်သမားတစ်ဦးက လုပ်နိုင်ခဲ့ပါတယ်။


စကူဘာရေငုပ်သမား Jake Koehler ဟာ သူနေထိုင်ရာ အိမ်မှ စိန်လက်စွပ် လွှင့်ပစ်တဲ့ဆီကို ကားဖြင့် နာရီ ၁၀ မောင်းပြီး သွားခဲ့တယ်။

 

ဖြစ်နိုင်ခြေ ရှိတဲ့နေရာမှာ ရေထဲငုပ်ပြီး မြစ်ကြမ်းပြင်မှာ လိုက်လံရှာဖွေခဲ့တယ်။

 

Koehler ဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်သူ ဖြစ်ပြီး သူ့ရဲ့ YouTube အကောင့်မှာ subscriber ၁၀ သန်းကျော် ရှိတဲ့

 

နာမည်ကြီး စကူဘာရေငုပ်သမားတစ်ဦး ဖြစ်ပါတယ်။

 

သူရေငုပ်ရှာဖွေတာကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားပြီး သူ့ရဲ့ YouTube အကောင့်မှာ တင်ပြခဲ့ပါတယ်။

 

အခုဆိုရင် ကြည့်ရှုကြိမ်ရေ ငါးသိန်းခွဲ ရှိနေပြီ ဖြစ်ပါတယ်။ 

 

Koehler အဲဒီအမျိုးသမီးရဲ့ TikTok ဗီဒီယိုကို ကြည့်ရှုခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ရှာဖွေမှုကို စတင်ခဲ့တယ်လို့ ပြောပြပါတယ်။

 

အဲဒီအမျိုးသမီး ဘယ်မှာနေသလဲဆိုတာ သူမသိဘူး။

 

ဗီဒီယိုမှာ ပါတဲ့ ရေပြင်နဲ့ ကမ်း အနေအထားတို့အရ Google Maps ကို အသုံးပြုပြီး တည်နေရာကို ခန့်မှန်းခဲ့တယ်။

 

လူသိများတဲ့ Virginia Beach နဲ့ အလှမ်းမကမ်းမှာ ဖြစ်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။

 

သူနေတဲ့ နေရာကနေ အနည်းဆုံး ၁၀ နာရီ ကားမောင်းပြီး သွားရမယ့် နေရာ ဖြစ်နေတယ်။

 

သူ့အနေဖြင့် စိန်လက်စွပ်တွေကို ရှာလို့ တွေ့မယ်ဆိုတာ မသေချာပါဘူး။

 

အမျိုးသမီး စိန်လက်စွပ်တွေ ချွတ်ပြီး လွှင့်ပစ်တဲ့ မြစ်ကမ်းဖူးနေရာကို သိဖို့အတွက် သူ့မှာ အားကိုးစရာ အထောက်အထားဆိုလို့ အဲဒီ TikTok ဗီဒီယိုပဲ ရှိတယ်။


Koehler က မြစ်ကြမ်းပြင်ကို သတ္တုထောက်လှမ်းကိရိယာ metal detector တစ်ခုဖြင့် ပိုက်စိပ်တိုက် ရှာဖွေခဲ့ပါတယ်။

 

ငွေအကြွေစေ့တွေ သူတွေ့တယ်။ ခရင်းတစ်ချောင်းတွေ့တယ်။ အိုင်ဖုန်းတစ်လုံးလည်း တွေ့တယ်။

 

နောက်ဆုံးမှာတော့ လက်ထပ်စိန်လက်စွပ်ကို သူတွေ့သွားခဲ့ပါတယ်။


သူတွေ့တာ စေ့စပ်လက်စွပ် ဖြစ်ပြီး လက်ထပ်လက်စွပ်ကိုတော့ ရှာလို့ မတွေ့ခဲ့ဘူး။

 

သူရထားတဲ့ လက်စွပ်ကို ဘာလုပ်သင့်သလဲဆိုတာ သူ့ရဲ့ပရိသတ်ကို မေးမြန်းထားပါတယ်။

 

 <<<Zawgyi>>>

ဆိုရွယ္မီဒီယာေတြေၾကာင့္ လူခ်င္းေဝးေနေပမယ့္ သတင္းေတြကေတာ့ နီးေနေစတာ အမွန္ပါပဲ။

ဗီဒီယို အတိုေတြ တင္ဖို႔အတြက္ျဖစ္တဲ့ ဆိုရွယ္မီဒီယာ TikTok ကို သုံးစြဲသူ အေကာင့္ ပိုင္ရွင္အမ်ိဳးသမီး @tinktink79 ဟာ

သူ႔လက္သူႂကြယ္မွာ ဝတ္ဆင္ထားတဲ့ ေစ့စပ္လက္စြပ္နဲ႔လက္ထပ္လက္စြပ္ျဖစ္တဲ့ စိန္လက္စြပ္ေတြကို ျမစ္တစ္ခုထဲ

လႊင့္ပစ္လိုက္ၿပီျဖစ္တဲ့အေၾကာင္း TikTok မွာ တင္ျပခဲ့တယ္။ သူ႔ခင္ပြန္းက ေဖာက္ျပန္တာမို႔ အခုလို လုပ္လိုက္တာလို႔လည္း ရွင္းျပထားတယ္။


အဲဒီလို လႊင့္ပစ္လိုက္တဲ့ စိန္လက္စြပ္ကို ေရငုပ္သမားတစ္ဦးက ေရငုပ္ရွာေဖြၿပီး ေတြ႕ေအာင္ ရွာႏိုင္ခဲ့ပါတယ္။


tinktink79 က လက္ထပ္ စိန္လက္စြပ္ ျမစ္ေရထဲ လႊင့္ပစ္တဲ ဗီဒီယို တင္ၿပီးခ်ိန္မွာ ဗီဒီယိုကို ၾကည့္ရႈၾကသူေတြထဲမွ

ာ စိန္လက္စြပ္ကို ေရငုပ္ၿပီး ျပန္ယူမယ္လို႔ အေျပာင္အျပက္ေရးသားတုံ႔ျပန္ခဲ့ၾကတယ္။

ျမစ္ထဲ ပစ္လိုက္တဲ့ စိန္လက္စြပ္ကို ရွာဖို႔ဆိုတာ ေကာက္႐ိုးပုံထဲက်တဲ့ အပ္ကို ရွာရတာထက္ ပိုခက္ခဲပါတယ္။

အဲဒီလို ခက္ခဲတာကို ေရငုပ္သမားတစ္ဦးက လုပ္ႏိုင္ခဲ့ပါတယ္။


စကူဘာေရငုပ္သမား Jake Koehler ဟာ သူေနထိုင္ရာ အိမ္မွ စိန္လက္စြပ္ လႊင့္ပစ္တဲ့ဆီကို ကားျဖင့္ နာရီ ၁၀ ေမာင္းၿပီး သြားခဲ့တယ္။

ျဖစ္ႏိုင္ေျခ ရွိတဲ့ေနရာမွာ ေရထဲငုပ္ၿပီး ျမစ္ၾကမ္းျပင္မွာ လိုက္လံရွာေဖြခဲ့တယ္။

Koehler ဟာ အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ေနထိုင္သူ ျဖစ္ၿပီး သူ႔ရဲ႕ YouTube အေကာင့္မွာ subscriber ၁၀ သန္းေက်ာ္ ရွိတဲ့

နာမည္ႀကီး စကူဘာေရငုပ္သမားတစ္ဦး ျဖစ္ပါတယ္။

သူေရငုပ္ရွာေဖြတာကို မွတ္တမ္းတင္ ဗီဒီယို ႐ိုက္ကူးထားၿပီး သူ႔ရဲ႕ YouTube အေကာင့္မွာ တင္ျပခဲ့ပါတယ္။

အခုဆိုရင္ ၾကည့္ရႈႀကိမ္ေရ ငါးသိန္းခြဲ ရွိေနၿပီ ျဖစ္ပါတယ္။

Koehler အဲဒီအမ်ိဳးသမီးရဲ႕ TikTok ဗီဒီယိုကို ၾကည့္ရႈခဲ့ၿပီး သီတင္းပတ္ အနည္းငယ္အၾကာမွာ ရွာေဖြမႈကို စတင္ခဲ့တယ္လို႔ ေျပာျပပါတယ္။

အဲဒီအမ်ိဳးသမီး ဘယ္မွာေနသလဲဆိုတာ သူမသိဘူး။

ဗီဒီယိုမွာ ပါတဲ့ ေရျပင္နဲ႔ ကမ္း အေနအထားတို႔အရ Google Maps ကို အသုံးျပဳၿပီး တည္ေနရာကို ခန႔္မွန္းခဲ့တယ္။

လူသိမ်ားတဲ့ Virginia Beach နဲ႔ အလွမ္းမကမ္းမွာ ျဖစ္မယ္လို႔ သူဆုံးျဖတ္ခဲ့တယ္။

သူေနတဲ့ ေနရာကေန အနည္းဆုံး ၁၀ နာရီ ကားေမာင္းၿပီး သြားရမယ့္ ေနရာ ျဖစ္ေနတယ္။

သူ႔အေနျဖင့္ စိန္လက္စြပ္ေတြကို ရွာလို႔ ေတြ႕မယ္ဆိုတာ မေသခ်ာပါဘူး။

အမ်ိဳးသမီး စိန္လက္စြပ္ေတြ ခြၽတ္ၿပီး လႊင့္ပစ္တဲ့ ျမစ္ကမ္းဖူးေနရာကို သိဖို႔အတြက္ သူ႔မွာ အားကိုးစရာ အေထာက္အထားဆိုလို႔ အဲဒီ TikTok ဗီဒီယိုပဲ ရွိတယ္။


Koehler က ျမစ္ၾကမ္းျပင္ကို သတၱဳေထာက္လွမ္းကိရိယာ metal detector တစ္ခုျဖင့္ ပိုက္စိပ္တိုက္ ရွာေဖြခဲ့ပါတယ္။

ေငြအေႂကြေစ့ေတြ သူေတြ႕တယ္။ ခရင္းတစ္ေခ်ာင္းေတြ႕တယ္။ အိုင္ဖုန္းတစ္လုံးလည္း ေတြ႕တယ္။

ေနာက္ဆုံးမွာေတာ့ လက္ထပ္စိန္လက္စြပ္ကို သူေတြ႕သြားခဲ့ပါတယ္။


သူေတြ႕တာ ေစ့စပ္လက္စြပ္ ျဖစ္ၿပီး လက္ထပ္လက္စြပ္ကိုေတာ့ ရွာလို႔ မေတြ႕ခဲ့ဘူး။

သူရထားတဲ့ လက္စြပ္ကို ဘာလုပ္သင့္သလဲဆိုတာ သူ႔ရဲ႕ပရိသတ္ကို ေမးျမန္းထားပါတယ္။

 

Myanmar Wedding Guide

 

3

Read times
Rate this item
(0 votes)
Tagged under