2020 ခုနှစ်မှာ လူကြိုက်များခေတ်စားလျက်ရှိတဲ့ မင်္ဂလာပွဲအပြင်အဆင်များ….

2020 ခုနှစ်မှာ လူကြိုက်များခေတ်စားလျက်ရှိတဲ့ မင်္ဂလာပွဲအပြင်အဆင်များ…. google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို 2020 ခုနှစ်မှာ လူကြိုက်များခေတ်စားလျက်ရှိတဲ့ မင်္ဂလာပွဲအပြင်အဆင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ပွဲအတွက် Decoration ပြင်ဆင်တဲ့အခါ အခုနောက်ပိုင်း ရိုးရှင်းပြီး အရောင်၂မျိုး(သို့)အလွန်ဆုံး၃မျိုးကိုသာ အသုံးပြုတာက ပွဲကို အဆင့်အတန်းမြင့်တဲ့ပုံစံ ဖြစ်စေပါတယ်။

စားပွဲခင်း၊ ခုံတွေကို အဖြူရောင်ပဲသုံးပြီး ပန်း၊ လက်သုတ်ပဝါ စတာတွေကို အရောင်တစ်မျိုးတည်းသုံးခြင်းက သန့်ရှင်းသပ်ရပ်ပုံပေါက်စေပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ recycle ပြန်သုံးလို့ရတာတွေကို လှပအောင်ဖန်တီးပြီး

အလှဆင်ပစ္စည်းအနေနဲ့ ပြန်သုံးကြတာ ခေတ်စားနေပြီးပွဲကို စိတ်ဝင်စားစရာကောင်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။

အစိမ်းရောင်အပင်တွေဟာ သဘာဝနဲ့ နီးစပ်တဲ့ခံစားမှုရစေဖို့ အလွယ်ဆုံးကြားခံပစ္စည်း ဖြစ်တဲ့အတွက် Natureဘက်ရောက်တဲ့ conceptမျိုးလိုချင်ရင် အသုံးပြုနိုင်ပါတယ်။

Decoration လုပ်ရာမှာ သုံးတဲ့ပန်းတွေကတော့ ပန်းအတုတွေပဲ ခေတ်စားနေမှာပါ။

ပန်းအစစ်တွေ သုံးမယ်ဆိုရင် ကုန်ကျစရိတ်များပြီး ပွဲပြီးတဲ့အထိ မညှိုးဘဲ လှနေဖို့ခက်တဲ့အတွက် ပန်းအတုတွေသာ ဆက်အသုံးပြုနေကြဆဲ ဖြစ်ပါတယ်

Reference:wedding story

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...










 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under