မင်္ဂလာပွဲ တစ်ပတ်အလို ဆောင်ရန်၊ ရှောင်ရန်များ

မင်္ဂလာပွဲ တစ်ပတ်အလို ဆောင်ရန်၊ ရှောင်ရန်များ

၇ ရက်အလို

- စိတ်ဖိစီးမှုလျော့နည်းရန် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ တိုးမြှင့်လုပ်ကိုင်ပါ။

 

- ဆံပင်အရောင်ဆိုးခြင်းကို လေဆာရောင်ခြည်အသုံးပြုခြင်း၊ ဆေးထိုးခြင်းကို ဒီရက်အတွင်း မလုပ်သင့်ပါ။

 

၆ ရက်အလို

 

- မျက်နှာပေါင်းတင်ထားပါ။

 

- ဓာတုပစ္စည်းများသုံးခြင်း၊ လေဆာရောင်ခြည်များသုံးခြင်း၊ ဆေးထိုးခြင်းကို ဒီရက်အတွင်း မလုပ်သင့်ပါ။

 

၅ ရက်အလို

 

- မျက်နှာချေးချွတ်ခြင်း၊ မျက်နှာချောမွေ့အောင်ပြုလုပ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

 

- အငံဓာတ်ပါသော အစားအစာများနှင့် အရက်သေစာများ၊ သကြား၊ ကော်ဖီဓာတ်ပါသော အစားအစာများကို ဒီရက်အတွင်း မလုပ်သင့်ပါ။

 

၎ ရက်အလို

 

- စိတ်သောကဖိစီးမှုမဖြစ်အောင် ဂရုစိုက်ပါ။ ဗီတာမင်ဓာတ်ပါသော အစားအစာများ စားသုံးပါ။

 

- မျက်ခုံးမွှေးများ ဖယ်ရှားတဲ့ Waxing လုပ်ခြင်းကို ဒီရက်အတွင်း မလုပ်သင့်ပါ။

 

၃ ရက်အလို

 

- ကိုယ်လက်ထပ်မည့်သူနှင့် ချစ်ခင်နှစ်သက်ဖွယ်စကားများကို ပြောဆိုပြီး စိတ်အေးချမ်းသာစွာ အနားယူပါ။

 

၂ ရက်အလို

 

- လက်သည်း၊ ခြေသည်းအလှပြင်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ တစ်ကိုယ်လုံးဆီလိမ်းနှိပ်နယ်အနားယူခြင်းများ ပြုလုပ်ပါ။ စောစောအိပ်ရာဝင်ပါ။

 

၁ ရက်အလို

 

- အင်အားဖြစ်စေတဲ့ အစားအစာများ စားသုံးပါ။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာများနဲ့ သစ်သီးများစားသုံးပါ။ စိတ်ဖိစီးမှုနှင့် စိတ်သောက လုံးဝမဖြစ်ပေါ်စေပါနဲ့။

 

- စိတ်ကြည်လင်စေရန် မိမိနှစ်သက်သည့် ရေမွှေးကို သုံးပါ။

Read times Last modified on Wednesday, 19 September 2018 15:16
Rate this item
(1 Vote)