ဓာတ်ပုံကောင်းကောင်းရဖို့အတွက် မင်္ဂလာမောင်နှံ သိကောင်းစရာများ

ဓာတ်ပုံကောင်းကောင်းရဖို့အတွက် မင်္ဂလာမောင်နှံ သိကောင်းစရာများ

မင်္ဂလာမောင်နှံ Pre-wedding ရိုက်ဖို့ စဉ်းစားမယ်ဆိုရင် အရင်ဆုံး ဘယ်ဓာတ်ပုံဆရာ

သို့မဟုတ် ဘယ် Photo Studio နဲ့ ရိုက်မလဲဆိုတာကို အရင်ဆုံးစဉ်းစားစေချင်ပါတယ်။

ရှေးက ရိုက်ဖူးတဲ့ သူငယ်ချင်းမိတ်ဆွေများရဲ့ အတွေ့အကြုံကို မေးမြန်းထားသင့်ပါတယ်။ ပြီးလျှင်တော့ ကိုယ့်ရဲ့ပိုက်ဆံအပေါ် မူတည်ပြီး စဉ်းစားစေချင်ပါတယ်။

ရွေးချယ်ထားတဲ့ ဓာတ်ပုံဆရာကို သိချင်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းမေးမြန်းထားစေချင်ပါတယ်။

ဓာတ်ပုံဆရာရွေးပြီးရင် ကိုယ်ရိုက်ချင်တဲ့နေရာများ၊ Indoor သို့မဟုတ် Outdoor တွင် ကိုယ်ရိုက်ချင်တဲ့ ပုံစံလေးတွေကို ဓာတ်ပုံဆရာကို ပြောပြထားပါ။

ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဓာတ်ပုံဆရာနဲ့ ရင်းရင်းနှီးနှီးစကားစမြည်ပြောကြရင်း နှစ်ဦးနှစ်ဖက်ရင်းနှီးလေ ပို့စ်တွေလုပ်ရတာ ရှက်ခြင်း၊ ကြောက်ခြင်းမရှိဘဲ ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

အဓိကကတော့ ဘယ်မှပဲ ဓာတ်ပုံရိုက်ရိုက် ဓာတ်ပုံဆရာကောင်းရင် ပုံထွက်လှမှာမလွဲဧကန်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:45
Rate this item
(1 Vote)