စရိတ်စကသက်သက်သာသာနဲ့ Pre wedding ရိုက်ကြမယ်။

စရိတ်စကသက်သက်သာသာနဲ့ Pre wedding ရိုက်ကြမယ်။ google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ pre wedding ကို ခရီးထွက်ပြီးလည်းရိုက်ချင်တယ်။ငွေကလည်းအများကြီးမတတ်နိုင်ဘူးဆိုတဲ့သတို့သမီးလေးတွေအတွက် ဘယ်လိုစီစဉ်သင့်လဲဆိုတာကို Myanmar Wedding Guide ကအကြံပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံး pre wedding ကို တခြားမြို့တွေမှာရိုက်မယ်ဆိုရင်ဘာတွေလိုအပ်မလဲ။ဘယ်လိုအခက်အခဲတွေတွေ့ရမလဲဆိုတာလေးကိုအရင်ဆုံးစဉ်းစားပါ။

ခရီးထွက်ပြီးရိုက်ဖို့ဆိုရင် ဘယ်နှစ်ရက်ကြာမှာလဲဆိုတာနဲ့လူဘယ်နှစ်ယောက်စာ နေစားရိတ်၊စားစရိတ် စီစဉ်ပေးရမလဲ စဉ်းစားရမယ်။

ရိုက်ကူးရေးတင်မကတည်းစရာနေရာတဖွဲ့လုံးစားဖို့ကအစ စီစဉ်ပေးဖို့ကိုပါစဉ်းစားရမှာပါ။

ကိုယ်ခေါ်သွားမယ့် photographerနဲ့ MUAအတွက် စားစရိတ်နဲ့ တည်းခိုစရိတ် လမ်းစရိတ်ကိုပဲ အရင်ထည့်တွက်ဖို့လိုပါတယ်နော်။

ပြီးရင်သူတို့ကိုပေးရမယ့် ဝန်ဆောင်ခကိုထည့်တွက်ရပါမယ်။ မင်္ဂလာဝတ်စုံတွေသယ်ဆောင်သွားဖို့နဲ့ shootingမှာကူညီဖို့အကူတစ်ယောက်ကလည်းကျိန်းသေလိုအပ်မှာပါ။

အထူးသဖြင့်ဘတ်ဂျက်ခြုံ့ချင်သူတွေအတွက်အကြံပေးချင်တာကတော့ Travel agency တွေက စီစဉ်ပေးတဲ့ pre wedding package တွေကိုလေ့လာကြည့်ပြီးစီစဉ်သင့်ပါတယ်နော်။

 

Zawgyi ဖြင့်ဖတ်ရန်....








 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 17 February 2020 15:45
Rate this item
(0 votes)
Tagged under