မင်္ဂလာပွဲပြီးစီးချိန်လုပ်ဆောင်စရာအချက်များ

မင်္ဂလာပွဲပြီးစီးချိန်လုပ်ဆောင်စရာအချက်များ

မင်္ဂလာပွဲပြီးစီးသည့်နောက်တွင် လုပ်ဆောင်စရာအများအပြား ပြီးသွားသည့်နောက် အပြီးသတ်စရာများနဲ့

နောက်ထပ်လုပ်ဆောင်စရာများ တန်းစီပြီးလာပါလိမ့်ဦးပါမယ်။

ငွေစာရင်းရှင်းတမ်းများ၊ ကျေးဇူးတင်လွှာများ၊ ဓာတ်ပုံနှင့် ဗီဒီယိုအခွေရွေးရန်၊ အိမ်နေရာအသစ်အတွက် ပြင်ဆင်ခြင်း အစရှိသဖြင့် လုပ်ဆောင်စရာများ အများကြီး တန်းစီနေမှာဖြစ်ပါတယ်။

သို့ပေမယ့် မင်္ဂလာပွဲအပြီး ခဏလေးတော့ အနားယူပြီးမှ လုပ်ဆောင်သင့်ပါတယ်။

ပျားရည်ဆမ်းခရီးစဉ်ကိုလည်း အနီးအနားသွားမှာလား၊ မွေးရပ်မြေပြန်မှာလား၊ နိုင်ငံခြားခရီးစဉ်တွေသွားသွားမှာလား၊ ပင်လယ်ကမ်းခြေ၊ ရှုမျှော်ခင်းတွေလား ကြိုတင် စီစဉ်ထားသင့်ပါတယ်။

မင်္ဂလာဦးညနေရာ၊ ကားကြိုပို့အစီအစဉ်၊ ထွက်ခွာမည့်လေယာဉ်၊ ထွက်ခွာချိန်၊ နေရာနှင့် ရောက်ရှိမည့်အချိန်နေရာတို့ကို စီစဉ်ထားသင့်ပါတယ်။

ပျားရည်ဆမ်းခရီးစဉ်မှ ပြန်လာမည့်လေယာဉ် အချိန်နေရာ၊ ရောက်ရှိမည့်အချိန်နေရာနှင့် လေဆိပ်ကြိုပို့အတွက်လည်း စီစဉ်ထားသင့်ပါတယ်။

မင်္ဂလာမောင်နှံတို့ ပျားရည်ဆမ်းထွက်မည့် အချိန်၊ ဟိုတယ်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကိုလည်း မိသားစုများကို ပြောကြားခဲ့ဖို့ မမေ့ပါနှင့်။

Read times Last modified on Wednesday, 19 September 2018 17:54
Rate this item
(1 Vote)