သတို့သမီးလေးတို့ Pre Wedding ရိုက်တော့မယ်ဆိုရင်

သတို့သမီးလေးတို့ Pre Wedding ရိုက်တော့မယ်ဆိုရင် google.com

သတို့သမီးလေးတို့ Pre wedding ရိုက်တော့မယ်ဆိုရင်ပြင်ဆင်ထားရမယ့်အချက်တွေ အရမ်းကိုများလွန်းပါတယ်နော်။

ကြိုတင်ပြင်ဆင်ထားမှလည်း ကိုယ့်ရဲ့ တစ်သက်တာ အမှတ်တရ ဖြစ်နေမယ့် ပုံတွေက လှနေမှာလေ။ ပြင်ရမယ့်အချက်တွေထဲကမှ Pre wedding ရဲ့ မိတ်ကပ်နဲ့ ဆံပင်အကြောင်းလေး ပြောပြပေးမယ်နော်။ တချို့ဆိုရင် ဆံပင် မသေသပ်လို့၊ မိတ်ကပ်ထူထူကြီး ဖြစ်နေလို့ အစရှိသလိုတွေ လွဲချော်ကြတယ်လေ။ အဲဒီလို မဖြစ်ရအောင် ဖတ်ကြည့်ပေးနော်။

 

မိတ်ကပ်

သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်များများလေး ပြင်မှ ဓါတ်ပုံထဲမှာ ပေါ်မှာ ဆိုပေမယ့် ထူထူကြီး ဖြစ်နေတာကိုတော့ ဘယ်သူမှ မကြိုက်လောက်ပါဘူးနော်။ ပြီးတော့ ဓါတ်ပုံထဲကျရင်လည်း မလှဘူးလေ။ ဒီတော့ မိတ်ကပ်ပြင်ဆင်ဖို့ ရွေးချယ်တဲ့အခါ သူများလိမ်းထားတာလေးတွေ အရင်ကြည့်ပါ။ နောင်နှစ်တွေမှာ ပြန်ကြည့်ရင်လည်း မျက်ခုံး၊ မျက်လုံး ပြင်ဆင်မှုတွေကအစလှနေမှ အဆင်ပြေမှာပါ။ ကိုယ်က ဘောင်တွေခတ်ပြီးအကြီးကြီးချဲ့ထားမှာလေ။ ဒီတော့ မိတ်ကပ်ပြင်တဲ့အခါ တစ်ခုချင်းဆီလည်း လှအောင်ပြင်ပေးနိုင်တဲ့သူနဲ့ ပါးပါးကြည်ကြည်လေး ပြင်ပေးမယ့်သူကို ရွေးချယ်ပါ။ ကိုယ်တိုင်ကလည်း လိုချင်တဲ့ပုံစံကို သေချာပြောပြပေးပါ။ လှသလိုလေး ပြင်ဆိုတာထက် လိုချင်တာလေးကို နမူနာပုံပြတာမျိုးလုပ်ပါ။ အားမနာပါနဲ့နော်။

 

ဆံပင်

ဆံပင်ကလည်း သတို့သမီးလောင်းလေးတို့ ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ မိတ်ကပ်ဘယ်လောက် လှလှ ဆံထုံးက မသေသပ်ဘူးဆိုရင် မလှပြန်ပါဘူး။ ဆံထုံးကိုလည်း ရင့်မသွားစေဖို့၊ လိုက်ဖက်စေဖို့ ပြင်ရမှာပါ။ အတုတပ်တဲ့အခါမှာလည်း လိုက်ဖက်တဲ့ ဆံပင်တု ဖြစ်ပါစေနော်။ တချို့သတို့သမီးလောင်းလေးတွေဆိုရင် ဆံထုံး၊ ဆံပင်ပြင်လိုက်ကာမှ ထင်သလောက် မလှတာမျိုး လွဲချော်တတ်ပါတယ်။ ဒါကြောင့် သတို့သမီးလေးတို့က ထုံးချင်တဲ့ဆံထုံးပုံစံကို အစမ်းတပ်ကြည့်တာမျိုးလုပ်ပါ။

 

ဆံပင်အတုရောင်းတဲ့ဆိုင်တွေမှာ ဆံထုံးအတုတွေလည်း ရှိပါတယ်။ ခဏဖြစ်ဖြစ် သွားတတ်ကြည့်ရင် ဘယ်လိုပုံနဲ့ ပိုလိုက်လဲ ခန့်မှန်းနိုင်ပါတယ်နော်။ နောက်ထပ် သတိထားရမယ့် အချက်ကတော့ Outdoor အတွက် ဆံပင်ပြင်ဆင်မှုပါ။ Outdoor ထွက်မယ်ဆိုရင်တော့ ဆံထုံးမှာ ဆံမြိတ်ချတာက အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ outdoor မှာက လှုပ်ရှားတာတွေ ပိုဖြစ်ပြီး ဆံမြိတ်ချထားတာ မလှတော့တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် outdoor ရိုက်တဲ့အခါမှာ ဆံထုံးကို အပြောင်သိမ်းတာလေးဆိုရင် ပိုပြီးအဆင်ပြေပါတယ်။

 

မိတ်ကပ် Change ပေးလား

တချို့တွေဆိုရင် Pre wedding ဝတ်စုံသာ ပြောင်းသွားတယ်၊ မိတ်ကပ်နဲ့ ဆံထုံးပြင်ဆင်မှုကတော့ ဒီတစ်မျိုးပဲ ဖြစ်နေတတ်ပါတယ်။ တကယ်ဆိုရင် ဝတ်စုံအရောင်ကိုလိုက်ပြီး မိတ်ကပ်ပုံစံလည်း ပြောင်းလဲရမှာပါ။ အဲဒီလိုလုပ်ပေးတဲ့ ဝန်ဆောင်မှုတွေ ရှိလားကြည့်ပါ။ မိတ်ကပ်ပုံစံပြောင်းပေးတာမျိုးရှိရင် ဝတ်စုံနဲ့ဆံပင် မိတ်ကပ် ပြင်ဆင်မှု လိုက်ဖက်မှာမို့ မလွဲနိုင်တော့ပါဘူးနော်။ ဝတ်စုံကို ဒီဇိုင်း အရောင် မတူတာ ရွေးထားတယ်ဆိုရင် ဆံပင်ကိုလည်း ပေါ့ပေါ့ပါးပါး ဖန်စီ ဆံထုံးလေး၊ အကောက်ပုံစံ ဆံပင်ချထားတာလေး အစရှိသလို ပြင်ဆင်ပါ။ ဒါဆို အမျိုးမျိုးလေး လှနေနိုင်မှာပါ။

 

Pre wedding ရိုက်မယ့် သတို့သမီးလောင်းလေးတို့ရေ တစ်သက်တာ ကြည့်ရမယ့် ပုံတွေထဲမှာ လွဲချော်တာတွေ မဖြစ်စေဖို့အတွက် မိတ်ကပ်နဲ့ ဆံပင် ပြင်ဆင်မှုကို သေချာရွေးပါနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Wednesday, 24 April 2019 13:16
Rate this item
(1 Vote)