မင်္ဂလာမောင်နှံတွေအတွက် Wedding Planner ဘာကြောင့်လိုအပ်တာလဲ?

မင်္ဂလာမောင်နှံတွေအတွက် Wedding Planner ဘာကြောင့်လိုအပ်တာလဲ? Google

Wedding Guide ရဲ့ ပရိသတ်ကြီးတို့ရေ မင်္ဂလာမောင်နှံတွေအတွက် Wedding Planner တွေဟာ ဘယ်လိုအထောက်အကူပေးနိုင်လဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

 

မင်္ဂလာပွဲတစ်ခု အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ပြီးမြောက်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်မှုတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ရွေးချယ်ဆုံးဖြတ်မှုတွေ၊ အများကြီးနဲ့ တကယ့်ကိုစိတ်ဖိစီးစရာပါ။ ဒါကြောင့် အလုပ်များပြီး အချိန်သိပ်မပေးနိုင်တဲ့ စုံတွဲတွေအတွက် မင်္ဂလာပွဲစီစဉ်ဖို့ အတွေ့အကြုံရှိတဲ့ Wedding Planner တွေဟာ လိုအပ်ချက်တစ်ခုဖြစ်လို့လာပါတယ်။

 

Wedding Planner တွေဟာ မင်္ဂလာပွဲနဲ့ ပတ်သတ်သမျှ ကိစ္စအဝဝကို နားလည်ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသူတွေဖြစ်တာကြောင့် မင်္ဂလာမောင်နှံတွေကို အကောင်းဆုံးရွေးချယ်မှုတွေပြုလုပ်နိုင်အောင် အကြံဉာဏ်ကောင်းတွေပေးနိုင်ပါတယ်။

 

Wedding Planner ရှိရင် ဟိုတယ်၊ မိတ်ကပ်၊ ပန်းအလှပြင်၊ အဝတ်အစား၊ ဖိတ်စာ၊ ဓါတ်ပုံ စတာတွေ အတွက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် စုံစမ်းဆွေးနွေးနေဖို့မလိုတော့ပါဘူး။ မင်္ဂလာမောင်နှံတို့ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း Wedding Plannerက ဆွေးနွေးညှိနှိုင်းပေးမှာဖြစ်တဲ့အတွက် အချိန်ကုန်၊ ခေါင်းရှုပ်သက်သာစေပါတယ်။

 

တစ်ခါတစ်လေ Wedding Planner ငှားခြင်းဟာ အပိုကုန်ကျစေတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ Wedding Planner တွေဟာ အတွေ့အကြုံရှိတဲ့အတွက် ဈေးကွက်က ဝန်ဆောင်မှုနဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို ပိုသိတာကြောင့် ပစ္စည်းဝယ်တာမျိုးတွေမှာ မတန်တဆပေးပြီး ဝယ်ရတာမျိုးကြောင့် အပိုကုန်ရတာမျိုးတွေ မရှိတော့ပါဘူး။ ဒါ့အပြင် Wedding Plannerနဲ့ ချိတ်ဆက်ထားတဲ့ဆိုင်တွေကတဆင့် Discount တွေလဲရနိုင်ပါသေးတယ်။

 

Wedding Planner က ကိစ္စအဝဝ စီစဉ်ပေးနေချိန်မှာ မင်္ဂလာမောင်နှံလေးတွေအနေနဲ့ ဖိတ်စာလိုက်ဝေဖို့၊ ခန်းဝင်ပစ္စည်းဝယ်ဖို့နဲ့ မိသားစုအတွက်လိုအပ်တာတွေ ပြင်ဆင်ပေးဖို့တွေအတွက် အချိန်ပိုပေးနိုင်တာကြောင့် လစ်ဟင်းမှုတွေမရှိသလောက်နည်းသွားမှာပါ။

 

မင်္ဂလာပွဲနေ့ အစအဆုံးမှာလဲ လိုအပ်တာတွေကို စီစဉ်ကြီးကြပ်ပေးနိုင်တာကြောင့် အပူအပင်ကင်းကင်းနဲ့ အလှဆုံးပြုံးနိုင်မှာ အသေအချာပဲပေါ့။


ကဲ... ဒီလောက်ဆို မင်္ဂလာမောင်နှံတို့အနေနဲ့လည်း wedding planner လိုအပ်သလားဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်လို့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under