အသက်ငယ်ငယ်ရွယ်ရွယ် အောင်မြင်နေတဲ့ idol တစ်ဦးအဖြစ် ရပ်တည်နေတုန်း အိမ်ထောင်ပြုခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။

အခုချိန်မှာတော့ ချစ်စရာသားတစ်ယောက် သမီးအမြွာလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ Yulhee နဲ့ Minhwan တို့ ဇနီးမောင်နှံကိုတော့ ပရိတ်သတ်တွေချစ်ခင်ကြမှာပါ။

Yulhee ပါဝင်ခဲ့တဲ့ Happy Together အစီအစဉ်မှာတော့ ခင်ပွန်းဖြစ်သူ Minhwan နဲ့ စတင်တွေ့ဆုံခဲ့ပုံလေးကို ဝေမျှခဲ့ပါတယ်။ Idol တွေအများစုအတွက် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံမိတ်ဖွဲ့ရာနေရာဖြစ်တဲ့ Music Show တွေရဲ့ နားနေခန်းဟာ သူတို့နှစ်ဦးအတွက်လဲ ဖူးစာဆုံရာ နယ်မြေဖြစ်ခဲ့ပါတယ်တဲ့။
Yulhee ပါဝင်တဲ့ Laboum အဖွဲ့ဟာ စီနီယာတွေကို လိုက်လံနှုတ်ဆက်ရာမှာ FT Island ကိုလဲနှုတ်ဆက်ခဲ့ရာကနေ ဇာတ်လမ်းစခဲ့တာပါ။ “နားနေခန်းမှာ သူ့ကိုပထမဆုံးစတွေ့ကတည်းက သူ့ရဲ့စိတ်မဝင်စားသလိုပုံစံကို ကြွေသွားတာပါ။ အဲ့ဒီနောက် နှစ်နှစ်ကြာအပြီးမှာတော့ ကျွန်မအသိမိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေတုန်း အစ်ကို Choi Minhwan ကပေါ်လာတာနဲ့ ကျွန်မကပဲ မိတ်ဆက်ပေးဖို့ စပြီးတောင်းဆိုခဲ့တာပါ” လို့ ခင်ပွန်းဖြစ်သူကို သူကစပြီးသဘောကျကာ ချည်းကပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
မိတ်ဆက်တာကတော့ Yulhee ဘက်ကစပြီး လှုပ်ရှားခဲ့ပေမယ့် တကယ်တမ်းစတင် ချစ်ရေးဆိုတာက Minhwan ပါတဲ့။ Minhwan ကပဲ ပထမဆုံး date လုပ်ဖို့စတင်ကမ်းလှမ်းခဲ့ပြီး သူတို့ရဲ့ပထမဆုံးချိန်းတွေ့မှုကတော့ idol စုံတွဲတွေအများစုလိုပဲ ဟန်မြစ်ဘေးမှာ ကားရပ်ပြီး စကားပြောကြတာပါလို့ ဆိုပါတယ်။
Minhwan နဲ့ Yulhee ဟာ ချစ်သူရည်းစားတွေ ဖြစ်နေကြောင်း သတင်းထွက်ပြီး မကြာခင်မှာပဲ လက်ထပ်ခဲ့ကြပြီး သားအကြီးဆုံးဖြစ်တဲ့ Jjang လေးကို မွေးဖွားခဲ့ပါတယ်။ အခုတော့နောက်ထပ်သမီးအမြွာလေးနှစ်ယောက်ဖြစ်တဲ့ Ah Yoon နဲ့ Ah Rin ကို မွေးဖွားပြီး ပျော်ရွှင်တဲ့အိမ်ထောင်ကို ထူထောင်နိုင်ခဲ့ပါပြီ။
Source : Koreaboo






