မင်္ဂလာပွဲနေ့မတိုင်မီ စိတ်ဖိစီးမှုကင်းဝေးအောင်ဘယ်လိုနေကြမလဲ

မင်္ဂလာပွဲနေ့မတိုင်မီ စိတ်ဖိစီးမှုကင်းဝေးအောင်ဘယ်လိုနေကြမလဲ google.com

မင်္ဂလာပွဲနီးလေ စိတ်ဖိစီးမှုများလေပါပဲ၊ ဝတ်စုံကရောအဆင်ပြေလား၊ ခန်းမကရော၊ အကျွေးအမွေးကရော အစရှိသလိုစိတ်ပူစရာတွေလည်းများလာမှာသေချာပါတယ်။

ဒီတော့မင်္ဂလာပွဲနီးလေပိုစိတ်ညစ်ရလေပါပဲ။ ဒါပေမယ့်လည်း စိတ်ညစ်နေလို့ ဘာမှထူးပြီးကောင်းလာတာမျိုး မရှိတာမို့ စိတ်မညစ်အောင်ပဲ ဂရုစိုက်ရမှာပါ။ ဘယ်လိုနည်းနဲ့ ဂရုစိုက်ရမလဲဆိုတာပြောပြပေးပါ့မယ်။

 

အချိန်စီမံခန့်ခွဲမှုမှန်ပါစေ

မင်္ဂလာဆောင်နားနီးလေလုပ်စရာတွေပေါများလေ ဆိုပေမယ့်အချိန်ကိုသေချာလေးစီမံခန့်ခွဲမယ်ဆိုရင်တော့စိတ်ညစ်ရမှာမဟုတ်ပါဘူး။ အားလုံးက သူ့အချိန်ကျရင်အဆင်ပြေပြေပြီးသွားမှာပါ။ ဒီတော့ပွဲနားနီးမှ ပျာယာမခတ်ရလေအောင် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာတိတိကျကျ ရှိပါစေ။

 

ရန်မဖြစ်ပါနဲ့

မင်္ဂလာပွဲနီးတဲ့အခါမှာ အလုပ်တွေရှုပ်တာကြောင့်စိတ်ရှုပ်တာတွေဖြစ်မှာပါပဲ။ မင်္ဂလာပွဲနီးရင်စိတ်ရှုပ်တာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်သည်းမခံတာတွေ၊ ရန်ဖြစ်တာတွေ၊ အဆင်မပြေတာတွေဖြစ်တတ်ပါတယ်။ ဒါက အလုပ်ရှုပ်တာထက် ပိုပြီးစိတ်ညစ်စရာကောင်းစေမယ့်အချက်ပါ။ ဒါကြောင့် ဘယ်ကိစ္စမဆိုအတွဲညီညီလေးဆောင်ရွက်ပါနော်။

 

အကောင်းမြင်စိတ်ရှိပါ

မင်္ဂလာပွဲတစ်ခု စီစဉ်ရတာမလွယ်ပါဘူး။ အဆင်ပြေတာတွေရော၊ မပြေတာတွေရောရှိတတ်ပါတယ်။ စိတ်မညစ်ဖို့ဆိုရင်တော့ အကောင်းမြင်စိတ်ရှိဖို့လိုပါတယ်။ စိတ်ရှုပ်နေတဲ့အချိန်မှာ အကောင်းမြင်စိတ်တွေပျောက်တတ်ပေမယ့် အတတ်နိုင်ဆုံးတော့ အကောင်းမြင်စိတ်တွေထားရမှာပါနော်။ အဲ့ဒါမှအဆင်မပြေတာတွေရှိပေမယ့် စိတ်ညစ်စရာတွေကင်းမှာပါ။

 

မျှော်လင့်ချက်တွေအများကြီးမထားပါနဲ့

မင်္ဂလာပွဲကို အကောင်းဆုံးဖြစ်စေချင်ကြတာထုံးစံပါ။ ဘယ်အရာမဆို အကောင်းအဆိုးတွေဒွန်တွဲနေတာမို့အများကြီးမမျှော်လင့်ထားပါနဲ့နော်။ မျှော်လင့်ထားပြီးမှ ဖြစ်မလာရင်စိတ်ညစ်ရမှာပါ။ မင်္ဂလာပွဲအတွက်အားလုံးက အရေးကြီးပေမယ့် လွဲချော်တာလေးတွေရှိတတ်ပါတယ်။ ပွဲမှာသဇင်ပန်းတွေပန်မယ်လို့ စိတ်ကူးထားပေမယ့် သဇင်ပန်းဝယ်မရတာမျိုးဆိုရင်လည်း တခြားပန်းတွေဝေဆာနေအောင်ပန်လိုက်တာမျိုးလုပ်လို့ရပါတယ်။ မရတာအတွက် စိတ်ညစ်မနေဘဲ အကောင်းဆုံးဖြစ်အောင်သာတွေးထားပါနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 01 March 2019 11:27
Rate this item
(0 votes)