မင်္ဂလာပွဲကို Planner နဲ့စီစဉ်တဲ့အခါ

မင်္ဂလာပွဲကို Planner နဲ့စီစဉ်တဲ့အခါ google.com

ခုနောက်ပိုင်းမှာ မင်္ဂလာပွဲကို သတို့သား၊ သတို့သမီးလေးတို့ ကိုယ်တိုင်စီစဉ်စရာမလိုဘဲ

ကိုယ်စားအစအဆုံးတာဝန်ယူစီစဉ်ပေးတဲ့သူတွေရှိလာပါပြီ။ Wedding Planner အပ်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရမလဲ၊ ဘာတွေကို ရှောင်ပြီးလုပ်ဆောင်ရမလဲဆိုတာ သိထားသင့်ပါတယ်နော်။

 

ကိုယ်တိုင်စီစဉ်စရာမလိုဘူး

စုံတွဲလေးတို့ Planner အပ်မယ်ဆိုရင် ကိုယ်တိုင်စီစဉ်စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ တစ်ခုချင်းစီ ကိုယ်တိုင်ကိုယ်ကျ စုံစမ်းနေစရာ မလိုတော့ပါဘူး။ ဒီအချက်ကြောင့်ပဲ စုံတွဲလေးတို့ planner အပ်တာလေနော်။ ဒီတော့ စုံတွဲလေးတို့ အလုပ်အပျက်ခံ ဆောင်ရွက်စရာ မလိုတော့ဘဲ ခမ်းနားတဲ့ မင်္ဂလာပွဲလေးကျင်းပလို့ ရနိုင်မှာပါ။

 

Budget ညှိလို့ ရမယ်

စုံတွဲလေးတို့ Planner အပ်မယ်ဆိုရင်တော့ ကုန်ကျခံနိုင်မယ့် ကုန်ကျစရိတ်ကို ညှိလို့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Planner တွေက ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ အကျွမ်းတဝင် ရှိပြီးသားမို့ ဘယ်ဝန်ဆောင်မှုတွေက ပိုကောင်းပြီး ဈေးနှုန်းသင့်တင်တယ်ဆို သိပြီးသားပါ။ ဒါကြောင့်ကုန်ကျစရိတ်လည်း မကုန်သင့်တာတွေ မကုန်တာမျိုး ဖြစ်မှာပါ။

 

ဝန်ဆောင်မှုကြောင့် စိတ်ညစ်ရတဲ့ ပြဿနာတွေ

စုံတွဲလေးတို့ မင်္ဂလာဆောင်ကိစ္စတွေ စီစဉ်တဲ့အခါမှာ စိတ်အညစ်ရဆုံးကတော့ ဝန်ဆောင်မှု တစ်ခုချင်းဆီ အကုန်လုံး အဆင်ပြေအောင်ကြိုးစားရတာပါပဲနော်။ တစ်ခါတလေမှာ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ကိုယ်က Planner အပ်မယ်ဆိုရင်တော့ ဒီလိုစိတ်ညစ်ရတဲ့ကိစ္စတွေ အကုန်လုံးကို Planner က ဖြေရှင်းပေးမှာမို့ စိတ်အေးလက်အေးနေလို့ရပါတယ်။

 

ကိုယ့်စိတ်တိုင်းကျ ဖြစ်မယ်

စုံတွဲလေးတို့လေးတို့ရေ ကိုယ့်စိတ်ကူးထဲက မင်္ဂလာပွဲလေး ဖြစ်ဖို့ ကိုယ်နဲ့ အတူတူ စိတ်ရော ကိုယ်ပါ အပင်ပန်းခံပြီး ဆောင်ရွက်ပေးမယ့်သူရှိတယ်ဆိုတော့ မင်္ဂလာပွဲအတွက်အားကိုးစရာတစ်ခုပဲလေနော်။ ကိုယ့်ရဲ့မင်္ဂလာပွဲလေး စိတ်တိုင်းကျ ဖြစ်စေဖို့ ဦးဆောင်ပေးမယ့်သူအဖြစ် ရှိနေမှာပါ။

 

Planner တွေရဲ့ဝန်ဆောင်မှု

စုံတွဲလေးတို့ရေ Planner နဲ့ မင်္ဂလာပွဲလေးကျင်းပဖို့ စီစဉ်မယ်ဆိုရင် ရနိုင်တဲ့ကောင်းကျိုးတွေကို သိပြီးပြီဆိုတော့ Planner တွေရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ရွေးချယ်ရမယ့်အချက်တွေလည်း သိဖို့လိုပါတယ်။ ကိုယ့်ပွဲကို စီစဉ်ပေးမယ့် Planner က ဘယ်အပိုင်းမှာပိုပြီးတော့အားသာချက်ရှိလဲ သူ့ဆီမှာ အဆင်သင့်ဘာတွေရှိမလဲ သူများဆီကချိတ်ပြီးစီစဉ်ပေးရမှာလား အစရှိသလိုတွေတော့ စုံစမ်းရပါမယ်။ အချိန်အတိအကျဆောင်ရွက်ပေးတတ်တဲ့သူ၊ အတွေ့အကြုံကောင်းရှိပြီး ကုန်ကျစရိတ်တွေသေချာ ညှိနှိုင်းပေးတဲ့အပြင် စေတနာပါပါ အလုပ်ကို လုပ်ဆောင်ပေးတတ်တဲ့ Planner ဖြစ်ဖို့တော့ စုံစမ်းရွေးချယ်ရပါမယ်နော်။

 

ကြုံတွေ့နိုင်မယ့်အချက်တွေ

စုံတွဲလေးတို့အနေနဲ့ Planner အပ်တယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျစီစဉ်တာထက်တော့ ကုန်ကျစရိတ် နည်းနည်းပိုလာနိုင်ပါတယ်။ ဝန်ဆောင်ခစရိတ်ပိုလာနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်အပ်မယ့် planner မှာ လူခွဲရှိလားဆိုတာပါ။ တချို့ဆိုရင် ပွဲရက်ရောက်မှ Planner က ပွဲကူးရတာတွေ ဖြစ်ပြီး အချိန်ပြည့်မနေနိုင်တာမျိုး၊ နေမကောင်းလို့ပဲ ဖြစ်ဖြစ် မလာနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲကို Planner နဲ့ အပ်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ပြောပြထားတဲ့ ကောင်းကျိုးတွေနဲ့ အခြေအနေတွေကို သိထားသင့်ပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 26 March 2019 18:20
Rate this item
(1 Vote)
Tagged under