မင်္ဂလာဆောင်နေရာရွေးချယ်ပြီး အခြားသိထားသင့်သည့် အချက်များ

မင်္ဂလာဆောင်နေရာရွေးချယ်ပြီး အခြားသိထားသင့်သည့် အချက်များ google

မင်္ဂလာဆောင်နေရာရွေးချယ်ပြီး နောက် အခြားသိသင့် တယ့် အချက်လေးတွေကို တော်တော်များများ မေ့ လေ့ ရှိပါတယ်။

အဓိကလိုအပ်နေတဲ့  အချက်လေးတွေကို မမေ့ မလျော့ ပဲ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဘယ်အရာလေးတွေက သိထားသင့်လဲ ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

 

 

အရင်ဦးဆုံး မင်္ဂလာပွဲ ကျင်းပမည့် နေရာမှာ လူဘယ်နှစ်ယောက်စာဧည့်ခံနိုင်မလဲပေါ့၊ ပြီးတော့ ခန်းမဌားရမ်းခဘယ်လောက်ကျလဲ ဘယ်အရာတွေက ဒီဌားရမ်းခထဲမှာ အကျုံးဝင်သလဲ၊ ရက်သတ္တတစ်ပတ်လုံးမှာ လျှောံဈေး နဲ့ ဌားရမ်းနိုင်တဲ့ ဆိုင်ရှိပြီးလားဆိုတာအရင်သိသင့် ပါတယ်။ ခန်းမစရံငွေကြေး ဘယ်လောက် ပမာဏအရင်ပေးရမလဲ၊ ဘယ်အချိန်တွေမှာပေးရမလဲ ပြီးတော့ အဆင်မပြေတာတွေရှိရင် ငွေပြန်းအမ်းပေးပါသလား၊ ကျသင့် ငွေ အားလုံးကို ဘယ်လို အစီအစဉ် နဲ့ ပေးလို့ ရသလဲပေါ့။ ခန်းမကို ကိုယ်လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပစ္စည်းရွှေ့  ပြောင်းတာ၊ အလှဆင်တာတွေ လုပ်လို့ရမလား၊ မင်္ဂလာပွဲနေ့မှာ အခမ်းအနားပြင်ဆင်မှုကို ဘယ်ချိန်မှာ စပြီးလုပ်ဆောင်လို့ ရမလဲ။ တစ်ဦးချင်းစီရဲ့  အစားအသောက်အတွက် ကုန်ကျစရိတ် ဘယ်လိုရှိလဲ၊ ကားပါကင်အတွက် နေရာရှိသလား မရှိရင် ဧည့်သည်တွေရဲ့ ကားတွေ ဘယ်မှာရပ်နိုင်မလဲကအစ သိထားသင့် ပါတယ်။  ဧည့်သည်တွေ မင်္ဂလာပွဲ ကျင်းပတဲ့ နေရာကိုသိဖို့ လမ်းညွှန်ချက်တွေ ဒါမှမဟုတ် အကူအညီတွေ ကိုယ့်မှာရှိသလား စဉ်းစားပါ။  ဒုတိယတစ်ချက်က မင်္ဂလာဝတ်စုံနဲ့  ပတ်သပ်ပြီးသိထားသင့်ပါတယ်။ ကိုယ်ဝတ်မယ့် ဝတ်စုံက အချိန်ဘယ်လောက်နဲ့ ဌားရမ်းလို့ရလဲ၊ အချိန်ပိုကြေးရော ပေးရမှာလား ဒါမှမဟုတ် ဌားရမ်းချိန်ကို အချိန်ကန့်သတ်ချက်နဲ့  ဘယ်လို မျိုးရှိလဲဆိုတာကို သိထားသင့် ပါတယ်။

 

 

Author : NLP

 

Myanmar Wedding Guide

 

Read times Last modified on Saturday, 01 June 2019 17:01
Rate this item
(0 votes)
Tagged under