တကယ်ချစ်ရင် အချိန်စောင့်ပေးပါ

တကယ်ချစ်ရင် အချိန်စောင့်ပေးပါ

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ။

 

ဒီနေ့အတွက် ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်။

 

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်သည်းခံခြင်းကို လေ့လာသင်ယူပါ။

 

ဒီနေ့အတွက် ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်။

 

ကိုယ့်တကယ် အလိုရှိတဲ့သူကို မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာအကောင်းဆုံးပါပဲ။

 

သို့ပေမယ့် လက်လျှော့လိုက်ရတဲ့ဘဝမှာ တစ်သက်တာ နောင်တတွေပါသွားခဲ့ရင်တော့ ပိုပြီးတော့ အရမ်းနာကျင်စရာကောင်း ပါလိမ့်မယ်။

Read times
Rate this item
(3 votes)
Tagged under