မင်္ဂလာပွဲမတိုင်ခင်ကြုံတွေ့တက်တဲ့ မျက်ကွင်းညိုခြင်း ပြသာနာ

မင်္ဂလာပွဲမတိုင်ခင်ကြုံတွေ့တက်တဲ့ မျက်ကွင်းညိုခြင်း ပြသာနာ google

သတို့သမီးလေးတွေ မင်္ဂလာပွဲမတိုင်ခင် မျက်ကွင်းညို ခြင်းပြသာနာကို ဖြေရှင်းနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ ညဥ့်နက်ချိန်ထိ အလုပ်လုပ်ရတာတွေနဲ့

အိပ်ချိန် နည်းပါးခြင်းတွေက မျက်ဝန်းလေးတွေကို နွမ်းနယ်နေဟန် ပေါ်လွင်စေပြီး မျက်ကွင်းတွေကိုလည်း ညိုစေတာကြောင့် သတို့သမီးလေးတွေအနေနဲ့လည်း မင်္ဂလာပွဲနီးလာလေလေ မျက်ကွင်းညိုတဲ့ ပြဿနာကို ကြုံတွေ့လာနိုင်ပါတယ်။ မျက်ကွင်းညိုတွေကို ကွန်ဆီလာ သုံးပြီး ဖုံးကွယ်လို့ ရတယ်ဆိုပေမယ့် မျက်လုံးလေးတွေ တောက်တောက်ပပ လန်းလန်းဆန်းဆန်း ဖြစ်နေအောင်တော့ စိတ်ဖိစီးမှုတွေ၊ အလုပ်ဖိစီးမှုတွေနဲ့ အိပ်ရေးပျက်ခြင်းတွေကို လျှော့ချဖို့ လိုပါတယ်။ ဒါကြောင့် အိပ်ရေး၀၀အိပ်ပါ။ မျက်ဝန်းတစ်ဝိုက် အရေပြားကို အစိုဓာတ် ဖြည့်တင်းပေးနိုင်ဖို့ Eye cream တွေ Under eyegel တွေကို ညအိပ်ရာမဝင်ခင် ပုံမှန်လိမ်းပေးဖို့လိုပါတယ်။ သွေးအားကောင်းစေတဲ့ အစားအသောက်တွေကို စားပေးဖို့ လိုအပ်သလို တစ်နေ့ကို အိပ်ချိန် အနည်းဆုံး (၈)နာရီရအောင် အိပ်စက်ဖို့လည်း လိုပါတယ်နော်။ မျက်ကွင်း ညို ခြင်းသက်သာအောင် ရေခဲသေတ္တာထဲတွင် အအေးခံထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင်တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။  တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ 

Author ;  NLP

Myanmar Wedding Guide

Read times Last modified on Friday, 14 June 2019 14:51
Rate this item
(1 Vote)
Tagged under